အင်္ဂလန်အသင်း ယူရိုချန်ပီယံရှစ် ပြိုင်ပွဲဝင်ခွင့် မရပေမယ့် သူ့ရဲ့ လက်ရွေးစင်ကစားသမား ဘ၀က ပြီးဆုံးမသွားသေးကြောင်း ဘက်ဟမ်းက ထပ်လောင်း ပြောဆိုပါတယ်။
အယ်လ်အေဂလက်စီ ကွင်းလယ်လူ ခရိုအေးရှားကို (၃ - ၂)နဲ့ ရှုံးတဲ့ပွဲမှာ (၉၉)ပွဲမြောက် လက်ရွေးစင်ပွဲကို ကစားပေး ခဲ့ပါတယ်။
ရလဒ်ကတော့ အင်္ဂလန်ရဲ့ ယူရိုပြိုင်ပွဲ မျှော်လင့်ချက်တွေကို အဆုံးသတ်ခဲ့သလို နည်းပြ မက္ကလာရင်လည်း အထုတ်ခံ ရပါတယ်။
အသက် (၃၂)နှစ်သား ဘက်ဟမ်းက “ကျနော့်အတွက် မဆုံးသေးပါဘူး။ ကျနော့် ရည်မှန်း ချက်တစ်ခုဖြစ်တဲ့ ပွဲ (၁၀၀)ပြည့်ရေးကို ဖြည့်ဆည်းနိုင်ဖို့အတွက် အခွင့်အရေး ရလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်” လို့ ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲမအောင်တာဟာ ပရီးမီးယားရှစ်မှာ နိုင်ငံခြားသား ကစားသ မားတွေ များပြာနေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ပြောဆိုဝေဖန် နေမှုတွေကို ဘက်ဟမ်းက လက်မခံပါဘူး။
“ခင်များတို့ နောက်ကြောင်းပြန်ကြည့်ရင် ၁၉၇၄နဲ့ ၁၉၇၈ တုန်းက အင်္ဂလန်အသင်း ကမ္ဘာ့ဖ လား ခြေစစ်ပွဲ မအောင်ခဲ့ပါဘူး။ အဲဒီအချိန်တုန်းက ကျနော်တို့လိဂ်မှာ အင်္ဂလိပ်ကစားသမား တွေက (၉၀)ရာခိုင်နှုန်းလောက် ရှိပါတယ်”
သူဟာ ၂၀၀၆ ကမ္ဘာ့ဖလားအပြီး နည်းပြသစ် မက္ကလာရင် လက်ထက်မှာ လပေါင်းများစွာ လက် ရွေးစင်အသင်းမှာ ရွေးချယ်ခံရခြင်း မရှိဘဲ နေခဲ့ရပါတယ်။
မက္ကလာရင်က မေလတုန်းက ဘရာဇီးနဲ့ ခြေစစ်းပွဲမှာ ဘက်ဟမ်းကို ပြန်လည် ရွေးချယ် ခေါ်ယူ ခဲ့ ပါတယ်။
ဘက်ဟမ်းဟာ လာမယ့် ၂၀၁၀ ကမ္ဘာ့ဖလားပွဲမှာ အသက် (၃၅)နှစ် အရွယ်ရောက်တဲ့တိုင် အောင် ကစားချင်သေးကြောင်း မကြခဏ ထုတ်ဖော် ပြောဆိုပါတယ်။
အင်္ဂလန်အသင်းဟာ အဓိကပြိုင်ပွဲကြီးတစ်ပွဲဖြစ်တဲ့ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိပါဘူး။ |

အရှုံးအတွက် စိတ်ပျက်နေတဲ့ ဘက်ဟမ်း
|