DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
မော်ရင်ဟိုက အင်္ဂလန်နည်းပြရာထူးကို စိတ်မ၀င်စားဘူးလို့ ဘီဘီစီ ခန့်မှန်း
ဘီဘီစီ - နိုဝင်ဘာ ၂၃၊ ၂၀၀၇

ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုအနေနဲ့ မက္ကလာရင်ရဲ့ အင်္ဂလန်နည်းပြနေရာကို သိမ်းပိုက်ဖို့ စိတ်မ၀င်စားကြောင်း ဘီဘီစီအားကစား အစီအစဉ်က ခန့်မှန်းပါတယ်။

အသက် (၄၄)နှစ်သား မော်ရင်ဟိုဟာ စက်တင်ဘာမှာ စတန်းဖို့ဘရစ်ခ်ျကနေ ထွက်ပြီး က တည်းက အသင်းလက်မဲ့ ဖြစ်နေပြီး လက်ရွေးစင်အသင်းထက်စာရင် ကလပ်တစ်ခုခုမှာ လုပ်ဖို့ စောင့်နေတယ်လို့ ယုံကြည်ရပါတယ်။

နယူးကာဆယ်နည်းပြ ဆမ်အလာဒိုက်စ်ကလည်း အင်္ဂလန်နည်းပြအလုပ်ကို မလုပ်ချင် ကြောင်း ပြောထားပါတယ်။

ရီရဲလ်နည်းပြဟောင်း ကာပယ်လိုကတော့ စိတ်ဝင်စားကြောင်း ထုတ်ဖော် ထားပါတယ်။

Radio 5 Live’s ဘောလုံးသတင်းထောက် ဂျိုနသန် လီဂတ်က “ဘောလုံးလောကကို မော်ရင် ဟို ပြန်လာဖို့ စောင့်နေတာကတော့ သိသာပါတယ်။ ဒါပေမယ့် အင်္ဂလန် လက်ရွေးစင်အသင်း မှာတော့ သူလုပ်ချင်ပုံ မရပါဘူး” လို့ ပြောပါတယ်။

“လုပ်ခြင်းလုပ်ရင် ပေါ်တူဂီလက်ရွေးစင်အသင်းမှာပဲ လုပ်ပါလိမ့်မယ်။ သူ့ပုံကို ကြည့်ရတာ လှောင်အိမ်ထဲက ခြင်္သေ့ကြီးလိုပါပဲ။ ဥရောပထိပ်သီး အသင်းတစ်သင်းမှာ လုပ်ဖို့ စောင့်နေတဲ့ ပုံပါပဲ”

အသက် (၆၁)နှစ်သား ရီရဲလ်နည်းပြဟောင်း ကာပယ်လိုက “ဒီအလုပ်က တကယ့်ကို လှပတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ။ ကျနော့်အသက်အရွယ်နဲ့ ကွက်တိပါပဲ” လို့ ထုတ်ဖော် ထားပါတယ်။

ဆမ်အလာဒိုက်စ်ကလည်း မကြာသေးခင်ကမှ နယူးကာဆယ်နဲ့ စာချုပ်သက်တမ်း တိုးထား ပါတယ်။

ပို့စ်မောက်နည်းပြ ရက်နက်ပ်ကတော့ ဘယ်သူမဆို သူတို့ချစ်တဲ့ တိုင်းပြည်အတွက် အလုပ် လုပ်ပေးချင်မှာပါ။ ဒါပေမယ့် ကျနော့်အတွက်တော့ ဒီအလုပ်ကို လက်ခံနိုင်ဖို့ မဖြစ်သေးပါဘူး လို့ ပြောပါတယ်။


မော်ရင်ဟို