DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
ရှုံးနိမ့်မှု နောက်ဝယ်
ကိုစိုးမိုး (IBC) - နိုဝင်ဘာ ၂၃၊ ၂၀၀၇

ကမ္ဘာတစ်ခြမ်းမက ပျက်သွားခဲ့တယ်။ ကြေကွဲဝမ်းနည်းတဲ့သူတွေလည်း မရေမတွက်နိုင် အောင်ရှိနေမှာ သေချာတယ်။ ဘယ်လိုမှ မဖြစ်နိုင်လောက်တော့ဘူးလို့ ယူဆခဲ့တဲ့၊ မဖြစ်သင့် တဲ့ အခြေအနေတစ်ခု တကယ်ဖြစ်လာတဲ့နောက်မှာ မမျှော်မှန်းနိုင်တဲ့ ခန့်မှန်းလို့မရတဲ့ ဆုံးရှုံး နစ်နာမှုတွေလည်း ဒုနဲ့ဒေးပဲ။ ခံပြင်းမှုတွေ၊ ဒေါသထွက်မှုတွေ၊ ပေါက်ကွဲမှုတွေ၊ ဂယက်ထမှု တွေလည်း နေရာစုံမှာ ရှိနေလိမ့်မယ်၊ အထူးသဖြင့် ဘောလုံးနဲ့ဆက်နွယ်ပတ်သက်တဲ့ လူအ များစုအတွက် ဒီဖြစ်ရပ်ဆိုးဟာ မလိုချင်ဆုံး၊ မဖြစ်ချင်ဆုံး၊ ဖြစ်စဉ်တစ်ခုလည်းဖြစ်နေတော့ တော်တော်နဲ့ ဖြေဖျောက်လို့ရနိုင်တော့မှာ မဟုတ်ပါဘူး။

ကာယကံရှင်တွေတော့ ဘယ်လောက် ၀မ်းနည်းပက်လက်ဖြစ်နေမလဲ မပြောတတ်၊ သူတို့နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ သူတို့ကို စောင့်ကြည့်အားပေးနေတဲ့၊ သူတို့ကို မျှော်လင့်ချက် အများကြီးထားခဲ့မိတဲ့၊ သူတို့နဲ့ပတ်သက်ပြီး လုပ်စရာတွေ အများကြီးရှိနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေတစစီ ကျိုးပျက်သွားတာကတော့ မငြင်းနိုင်လောက်အောက် သေချာသွား ခဲ့တယ်။

အင်္ဂလန်ဟာ ကမ္ဘာမှာ ပရိသတ်စိတ်ဝင်စားမှုအရှိဆုံးနဲ့ စောင့်အကြည့်ခံရဆုံးအသင်း၊ ကမ္ဘာမှာ ၀င်ငွေ အများဆုံးရနေတဲ့အသင်း၊ ကမ္ဘာမှာ ဘောလုံးအားကစားစတင် သန္ဓေတည် ဖြစ်ထွန်း ခဲ့တယ်ဆိုတဲ့ အသင်း ယူရိုခြေစစ်ပွဲ မအောင်တော့ဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က မျှော်လင့်ချက်မရှိသလောက် ဖြစ်နေရာက ခရိုအေးရှားနဲပွဲ မကစားခင်၊ ကစားနေစဉ်အထိ ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်များစွာ ပြန်ရှိနေတဲ့ အင်္ဂလန်အသင်းဟာ အခုတော့ အထွေထွေအားနည်းချက်တွေကြောင့် ရှားရှးပါးပါး ပြန်ရခဲ့တဲ့ အခွင့်အရေးကောင်း တစ်ခုကို မိမိ ရရမဆုပ်ကိုင်နိုင်လို့ တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရပါပြီ။

အင်္ဂလန်အသင်း အခုလို ခြေစစ်ပွဲမအောင်ခဲ့တာ ဘယ်သူတွေမှာ တာဝန်အရှိဆုံးလဲ၊ ဘယ် သူတွေ ဆုံးရှုံးနစ်နာမှုအများဆုံး ရှိလာနိုင်မလဲဆိုတာကို သုံးသပ်ကြည့်ရင်.....


အင်္ဂလန်ဘောလုံးအသင်းအမှတ်တံဆိပ်

ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ

သိပ်စဉ်းစားစရာမလိုပါဘူး၊ ပရိုဘောလုံးအမြင်နဲ့ကြည့်ရင် မန်နေဂျာဖြစ်တဲ့ မက္ကလာရင် တာဝန်အရှိဆုံးပဲဆိုတာ သိသာပါတတ်၊ အရင်ကတည်းက အင်္ဂလန်ဆိုတဲ့ အသင်းကြီးရဲ့မန် နေဂျာတစ်ယောက် ဖြစ်မလာသင့်သလို တကယ်လို့ အင်္ဂလန်ခြေစစ်ပွဲအောင်ခဲ့ရင်တောင် ဒီရာ ထူးမှာ ဆက်မရှိသင့်တော့တဲ့ လူဆိုတာ ဘောလုံးအမြင်နဲ့ကြည့်တတ်ရင် သိပါလိမ့်မယ်၊ သူ့ရဲ့ အရည်အသွေးမမြင့်မားမှုနဲ့ အထွေထွေအားနည်းချက်ကြောင့် အုပ်စု E လိုကမ္ဘာကျော်အသင်း ကြီးတွေမပါတဲ့ အုပ်စုမျိုးမှာ အင်္ဂလန်ကို ခြေစစ်ပွဲ မအောင်စေခဲ့တာပေါ့။ သူဘယ်လောက် ညံ့ သလဲဆိုတာ ဗုဒ္ဓဟူးနေ့ည တစ်ပွဲတည်းကြည့်ရုံနဲ့ မရပါဘူး။ အင်္ဂလန်အသင်း နည်းပြအဆက် ဆက်မှာ စွမ်းဆောင်ရည်အညံ့ဆုံးနဲ့ ရလဒ်မကောင်းဆုံးသူအဖြစ်လည်း မက္ကလာရင်တစ် ယောက် မှတ်တမ်းဆိုးတစ်ခု ရသွားခဲ့တယ်။ ဒီတော့ သွားပေါ့။ သူပြုတ်သွားတာကိုလည်း လွမ်း နေစရာမှ မရှိတာ။

ပထမတရားခံ

မက္ကလာရင်လို ထိပ်တန်းနည်းပြ အရည်အသွေးမရှိတဲ့ လူမျိုးကို အင်္ဂလန်အသင်းကို ကိုင်ခိုင်း ခဲ့တဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)မှာရော တာဝန်မရှိဘူးလား။ မက္ကလာရင်ဟာ အင်္ဂလန်နည်းပြရာထူးနဲ့ မထိုက်တန်ဘူးဆိုရင် သူ့ကိုခန့်ခဲ့တဲ့ အက်ဖ်အေ အကြီးအကဲတွေက လည်း ကိုယ့်တာဝန်ကိုယ်ယူပြီး နုတ်ထွက်သွားသင့်တာပေါ့။

ကိုယ့်ကိုယ်ကို ပြန်မြင်သင့်တဲ့ ကာဆင်

ဂိုးသမားကောင်းမရှိတဲ့ အင်္ဂလန်မှာ ဗီလာဂိုးသမား ကာဆင်ဟာ အသက်အရွယ်၊ အတွေ့ အကြုံအရရော လက်စွမ်းနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတောင် အင်္ဂလန်လက်ရွေးစင် အသင်း ကြီးရဲ့ နံပါတ် (၁) ဖြစ်မလာသင့်သေးဘူးဆိုတာ ခရိုအေးရှားနဲ့ပွဲမှာ အထင်းသား ပေါ်လွင်ခဲ့ တယ်။ လက်ပျက်နေပြီး ပထမအကျော့ ခရိုအေးရှားမြေမှာတုန်းက အမှားတွေ အများကြီး လုပ်ခဲ့တဲ့ ရော်ဘင်ဆင်ကို မသုံးရဲ၊ အတွေ့အကြုံရှိပေမယ့် လက်မမှန်တဲ့ ဒေးဗစ်ဂျိမ်းတို့အစား အတွေ့အကြုံ သိပ်နုသေးပါတယ်ဆိုတဲ့ ကာဆင်ကို ဒီလိုသိပ်အရေးကြီးတဲ့ ပွဲမျိုးမှာ ယုံကြည်စွာ ရွေးချယ်ခဲ့တဲ့ မက္ကလာရင်လည်း တာဝန်ရှိတယ်ဆိုပေမယ့် ခရိုအေးရှား သွင်းသွား တဲ့ ၃ ဂိုးမှာ အနည်းဆုံး ၂ ဂိုးလောက်က ကာဆင်ရဲ့ ထိပ်တန်းလက်စွမ်းမျိုးမရှိမှုက ပိုစကား ပြောခဲ့တယ်လို့ ပြောရင် ပြောတဲ့လူ အလွန်မဟုတ်နိုင်ပါ။

အသင်းသားအားလုံး

ပွဲစဉ်တစ်ခု ရလဒ်မကောင်းတိုင်း၊ အသင်းတစ်သင်းအောင်မြင်မှုမရတိုင်း မန်နေဂျာ/ နည်းပြ ကိုချည်း လက်ညိုးထိုးနေလို့တော့ သိပ်မတရားနိုင်ပါဘူး၊ ဒီပွဲမှာ ခရိုအေးရှားကို နိုင်သင့် နိုင်ထိုက်တဲ့ခြေစွမ်းနဲ့ စိတ်ဓာတ်မျိုး၊ စွမ်းဆောင်ရည်မျိုးမရှိခဲ့တဲ့ အင်္ဂလန်အသင်းသား အားလုံး မှာလည်း အနည်းနဲ့အများတော့ တာဝန်ရှိပါတယ်၊ သူတို့သာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ရင် ခြေစစ်ပွဲအောင်ပြီးသား ခရိုအေးရှားလိုအသင်းကို ၀င်ဘလေကွင်းမျာ အနိမ့်ဆုံး သရေတော့ ကျသင့်တယ် မဟုတ်လား။

ဘယ်သူတွေ ဘယ်လောက်တောင် နစ်နာဆုံးရှုံးသွားခဲ့သလဲ

တစ်ကမ္ဘာလုံးက စောင့်ကြည့်မယ့် ယူရိုလို ပြိုင်ပွဲကြီးမျိုးမှာ ခြေစစ်ပွဲမအောင်ခဲ့တာဟာ အင်္ဂလန်လိုအသင်းမျိုးအတွက် သိက္ခာအများကြီး ကျဆင်းစေခဲ့သလို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာအပါအ၀င် အတိုင်းအဆမရှိတဲ့ ဆုံးရှုံးနစ်နာမှုတွေအများကြီး ရှိလာမှာပါ၊ ဒီအတွက် ကြေကွဲခံစားရဆုံးသူတွေဟာ အင်္ဂလန်နည်းပြ မက္ကလာရင်၊ အင်္ဂလန်အသင်းသားတွေပဲဆိုတာ ဘောလုံးအလုပ်လုပ်နေတဲ့လူတိုင်း ခံစားနားလည်ကြမှာပါ။

ဂုဏ်သိက္ခာနဲ့ ၀င်ငွေအများကြီးဆုံးရှုံးသွား

အင်္ဂလန်အသင်း ခြေစစ်ပွဲမအောင်တဲ့အတွက် အထိအနာဆုံးကတော့ အက်ဖ်အေလို့ ဆိုရမယ်။ သူတို့ခန့်ထားတဲ့နည်းပြ မက္ကလာရင်က မစွံ၊ သူတို့အစွမ်းကုန် ပံ့ပိုးမျှော်လင့်ထား ခဲ့တဲ့ အင်္ဂလန်အသင်းသားတွေက ခြေစွမ်းမပြနိုင်တော့ သူတို့ မျှော်လင့်ချက်တွေ တစစီ ပျက်သုန်းသွားပြီး မက္ကလာရင်လိုလူမျိုးကို အင်္ဂလန်နည်းပြခန့်ခဲ့မိတဲ့ လုပ်ရပ်အတွက် အင်္ဂလိပ် မီဒီယာတွေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုဖိအားပေါင်းစုံ ခံစားရတော့မှာ ဖြစ်သလို ယူရိုခြေ စစ်ပွဲအောင်ရင် ရရှိမယ့် ဂုဏ်သိက္ခာနဲ့ ပျော်ရွင်မှုတွေအပါအ၀င် ဆုကြေး၊ စပွန်ဆာကြေးနဲ့ အခြားသော ၀င်ငွေ ပေါင်သန်းချီပြီး ဆုံးရှုံးရတော့မယ်။ တိတိကျကျပြောရရင် ဒီအတွက် အက်ဖ်အေနဲ့ အင်္ဂလန်နိုင်ငံဟာ ၀င်ငွေအရပ်ရပ်စုစုပေါင်း ၁ ဘီလီလျံလောက် ဆုံးရှုံးလိမ့် မယ်လို့ လန်ဒန်အခြေစိုက် စီးပွားရေးနဲ့ လုပ်ငန်းဆိုင်ရာ သုတေသနဗဟိုဌာနက လေ့လာ သုံးသပ် ဖော်ပြထားတယ်။ ဒါ့အပြင် 2014 ကမ္ဘာ့ဖလားအိမ်ရှင်နဲ့ ၂၀၁၆ ယူရိုအိမ်ရှင်လုပ်ဖို့ လျှောက်ထားမယ့် အင်အားတွေပါ တစိတ်တစ်ပိုင်း ဆုံးရှုံးသွားနိုင်တယ်။

စိတ်ပျက်သွားနိုင်တဲ့ ယူအီးအက်ဖ်အေနဲ့ ပူးတွဲအိမ်ရှင်များ

အင်္ဂလန်လို ကမ္ဘာ့ပရိသတ်စောင့်အကြည့်ခံရဆုံး နာမည်ကြီးအသင်း ယူရိုခြေစစ်ပွဲမှာ မပါ တော့တာဟာ ယူအီးအက်ဖ်အေတွက်လည်း ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်သလို ပြိုင်ပွဲအရှိန်အ၀ါနဲ့ လှုပ်ခတ်မှုပါ အနည်းနဲ့အများ ကျဆင်းသွားနိုင်လို့ ပူးတွဲအိမ်ရှင် ဆွဇ်ဇာလန်နဲ့ သြစတြီးယားတို့ အတွက်လည်း အတိုင်းအတာတစ်ခုမက ဆုံးရှုံးနစ်နာမှုတွေ ရှိလာနိုင်မှာပါ။ အင်္ဂလန်မပါတော့ ရင် သူတို့နဲ့ ဆက်နွယ်ပတ်သက်တဲ့ စပွန်ဆာတွေ၊ ရုပ်သံဝင်ငွေတွေ၊ ပရိသတ်စိတ်ဝင်စားမှုနဲ့ ပရိသတ်ဝင်နှုန်းပါ အတိုင်းအတာတစ်ခုထိ ကျဆင်းသွားနိုင်လို့ ယူအီးအက်ဖ်အေနဲ့ ပူးတွဲ အိမ်ရှင်တွေကတော့ ခရိုအေးရှားကို စိတ်ထဲမှာကျိတ်ပြီး ပေါက်ကွဲနေကြမှာ သေချာတယ်။

အကျိုးအမြတ် အတော်နည်းသွားနိုင်တဲ့ မီဒီယာနဲ့ စပွန်ဆာကြီးတွေ

ယူအီးအက်ဖ်အေနဲ့ ပူးတွဲအိမ်ရှင်တွေလိုပဲ နစ်နာဆုံးရှုံးမှုတွေ အများကြီးရှိလာနိုင်တဲ့ သူတွေ ကတော့ ယူရိုပြိုင်ပွဲအတွက် ငွေကုန်ကြေးကျများစွာ ရင်းနှီးမြှုပ်နှံပြီး ရုပ်သံထုတ်လွှင့်ခွင့် ရ ထားတဲ့ မီဒီယာကုမ္ပဏီကြီးတွေ၊ ဒီပြိုင်ပွဲကိုအမှီပြုပြီး သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေက ကမ္ဘာ ကသိအောင် ပရိုမိုးရှင်းလုပ်မယ့် စပွန်ဆာကုမ္ပဏီကြီးတွေအတွက်လည်း အင်္ဂလန်လိုအသင်း မျိုးမပါတော့တာဟာ သိပ်ကိုနစ်နာသွားတဲ့ ဖြစ်ရပ်ပါ။ ပုံစံအမျိုးမျိုးနဲ့ ပွဲဆူစေတတ်တဲ့ ပရိသတ်ကို ဖမ်းစားတတ်တဲ့ အင်္ဂလန်အသင်းမပါတော့လို့ ယူရိုပြိုင်ပွဲဟာ ဆားမပါတဲ့၊ ဒါမှမဟုတ် ဆားသိပ်နည်းတဲ့ ဟင်းတစ်ခွက်လိုဖြစ်သွားနိုင်ပြီး ပရိသတ် စိတ်ဝင်စားမှု ရာခိုင် နှုန်း လည်း အနည်းနဲ့အများ လျော့ကျသွားနိုင်တယ် မဟုတ်ပါလား။

အကြေကွဲဆုံး ဘောလုံးသမား

အိပ်ကပ်ထဲရောက်လုနီးပါးဖြစ်နေတဲ့ ယူရိုပွဲဝင်ခွင့်လက်မှတ်ကြီး ဆုံးရှုံးသွားခဲ့တဲ့ ခရိုအေးရှား ပွဲအပြီးမှာ အင်္ဂလန်ကစားသမားအားလုံးကို စိတ်ပျက်ဝမ်းနည်းတဲ့ အမူအယာအမျိုးမျိုးနဲ့ ငေးငိုင် ကြေကွဲသွား ခဲ့ကြတယ်။ ဒီထဲမှာ မျက်ရည်တွေနဲ့ ပရိသတ်ကို ၀မ်းနည်းစွာ နှုတ်ဆက် နေတဲ့ ဘက်ခမ်းကတော့ အကြေကွဲဆုံးဖြစ်နေမှာ သေချာတယ်။ သူအင်မတန် မျှော်လင့်ထား တဲ့ အင်္ဂလန်အတွက် ပွဲ ၁၀၀ ကျော်ကစားချင်တဲ့ စိတ်ဆန္ဒဟာ အခုတော့ပြည့်ဝဖို့ သိပ်မလွယ် တော့ဘူး။ အင်္ဂလန်အသင်းအတွက် ၂၀၁၀ ကမ္ဘာ့ဖလားအထိ ကစားပေးသွားဖို့ ရည်မှန်းထား ပေမယ့် သူ့ရဲ့အသက်အရွယ် ကြံ့ခိုင်မှုအရ နောက်နည်းပြသစ်တွေဟာ သူ့ကိုထပ်ရွေးမရွေး မ သေချာတော့ဘူး မဟုတ်လား။ နိုင်ငံခြားသား နည်းပြတစ်ယောက်ဆိုရင်တော့ သူ့ကို ဆက်သုံး ကောင်းသုံးမှာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီဘက်ခေတ်မှာ အင်္ဂလန်အတွက် ပွဲအများဆုံးကစားဖူးတဲ့ ဘက်ခမ်းဟာ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အတွက် တစ်ခုခုလုပ်ပြပေးချင်တဲ့ ဆန္ဒတွေ လေထဲမှာ လွင့်ပျယ်သွားပြီးပေါ့။

ဂုဏ်သိက္ခာနဲ့ ပျော်ရွှင်မှုကလွဲရင်

အင်္ဂလန်ကို ခြေစစ်ပွဲအောင်မြင်လျက်နဲ့ ပရော်ဖက်ရှင်နယ် ပီသစွာ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တဲ့ ခရိုအေးရှားအသင်းအတွက် ခရိုအေးရှားနိုင်ငံနဲ့ ပရိသတ်တွေအတွက် ဂုဏ် သိက္ခာပိုမြင့်မားခဲ့ပြီး ပျော်ရွှင်မှုတွေကတော့ ရရှိခဲ့တာအမှန်ပါပဲ။ ဒါပေမယ့် အင်္ဂလန်အသင်း ယူရို ၂၀၀၈ ခြေစစ်ပွဲမအောင်တာ သူတို့အသင်းအတွက်သာမက သူတို့နဲ့ ပတ်သက်ဆက်နွယ် နေတဲ့ လူအားလုံးကိုပါ အကြီးအကျယ် ဆုံးရှုံးနစ်နာသွားစေသလို သူတို့ကို ခြေစစ်ပွဲ မအောင် အောင် လုပ်ခဲ့တဲ့ ခရိုအေးရှားအသင်း၊ ခရိုအေးရှားနည်းပြ ဘီလစ်နဲ့ ခရိုအေးရှားနိုင်ငံ အတွက်ပါ ဆုံးရှုံးနစ်နာမှု တချို့ရှိလာနိုင်မည်ကို အစဖော်ထုတ်တာ သိပ်တော်တဲ့ အင်္ဂ လိပ်မီဒီယာတွေက အကိုးအကား အချက်အလက်တွေများစွာနဲ့ သုံးသပ်ဖော်ပြခဲ့တဲ့ အချက်တွေထဲက အချက်တချို့ကို ကောက်နုတ်တင်ပြရရင် .....

၁။ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်လာရန် မျှော်လင့်ထားတဲ့ ခရိုအေးရှားအတွက် အီးယူမှာ သြဇာတိက္ကမရှိတဲ့ အင်္ဂလန်နိုင်ငံရဲ့ မဲပေးမှု ဆုံးရှုံးသွားနိုင်ဖွယ်ရှိ။
၂။ အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲအောင်ခဲ့တဲ့ ခရိုအေးရှားအသင်းအနေနဲ့ တကယ့်ပြိုင်ပွဲမှာ အိမ်ရှင်သြစတြီးယားနဲ့ ဆွစ်ဇာလန်တို့ တစ်သင်းသင်းနဲ့ အုပ်စုအတွင်းမှာပင် တွေ့နိုင်။
၃။ သြစတြီးယားနဲ့ ဆွစ်ဇာလန်နိုင်ငံသို့ လိုက်ပါအားပေးကြမယ့် အင်္ဂလန်ပရိသတ်အများ အပြားမှာ ခရိုအေးရှား၏ပြိုင်ဘက်အသင်းများကိုသာ တခဲနက်အားပေးလာဖွယ်ရှိ။
၎။ အင်္ဂလန်သို့လာရောက်လည်ပတ်ကြမည့် ခရိုအေးရှား ကမ္ဘာလှည့်ခရီးသည်များအ တွက် ပျူငှာမှုကင်းမဲ့တဲ့ ၀န်ဆောင်မှုတွေနဲ့ မကြာခဏ ကြုံတွေ့လာနိုင်ဖွယ်ရှိ။
၅။ ကမ္ဘာမှာ နိုင်ငံရပ်ခြားသို့ သွားရောက်လည်ပတ်လေ့ရှိတဲ့ ကမ္ဘာလှည့်ခရီးသည်အရေအ တွက် အများဆုံးဖြစ်တဲ့ အင်္ဂလန်ကမ္ဘာ့လှည့်ခရီးသည်အများစုမှာ သူတို့အသင်းကို ဖြုတ်ချခဲ့တဲ့ ခရိုအေးရှားနိုင်ငံကို သွားရောက်လည်ပတ်မှု နည်းပါးသွားနိုင်။
၆။ ဘီဘီစီမှ ထုတ်လွှင့်လျက်ရှိတဲ့ Casanova ဒရမ်မာဇာတ်လမ်းထဲမှာ မူလရိုက်ကွင်း တည်ရှိရာ ဒူဘရော့ဗ်နစ်ခ်မှ ကိုဆိုဗိုသို့ ပြောင်းလဲရိုက်ကူးသွားနိုင်ဖွယ်ရှိ။
၇။ လန်ဒန်ထိပ်သီး ဒီဇိုင်နာအများအပြားမှာ ဇာဂရက်မှာပြုလုပ်မယ့် ဖက်ရှင် ရက်သတ္တ ပတ်ကို ပါဝင်တက်ရောက်ခြင်းမရှိတော့ဘဲ သပိတ်မှောက်လာဖွယ်ရှိနေ။
၈။ ယူအီးအက်ဖ်အေဖလား ရှုံးထွက်အဆင့်မှာ ဘော်လ်တန်ဟာ ခရိုအေးရှားကလပ် ဒိုင်န မိုဇာဂရက်အသင်းကို အရင်ထက် အဆပေါင်းများစွာပိုတဲ့ အနိုင်ရချင်စိတ်အပြည့်နဲ့ ကစား တော့မှာဖြစ်။
၉။ အင်္ဂလိပ်ပရီးမီးယားလိဂ် ကလပ်တစ်ခုမှာ နည်းပြလုပ်ချင်နေတဲ့ ခရိုအေးရှားနည်းပြ ဘီ လစ်အတွက် အနာဂတ်မျှော်လင့်ချက်တွေ အဆုံးသတ်သွားနိုင်။
၁၀။ ၀င်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲများမှာ အင်္ဂလန်ပရိသတ်ရဲ့ အထူးအားပေးမှုကို ရရှိခဲ့တဲ့ ခရိုအေးရှားမှ တင်းနစ်သမား မာရီယိုအန်းဆစ်နဲ့ အိုင်ဗိုကာလိုဗစ်တို့မျာ နောက်နှစ်ပြိုင် ပွဲများမှာ အင်္ဂလန်ပရိသတ်များရဲ့ လှောင်ပြောင်မှုကို ခံရဖွယ်ရှိနေပြီး Royal Albert မှာ ကျင်းပ ရန်ရှိနေတဲ့ တင်းနစ်ပြိုင်ပွဲမှာ ခရိုအေးရှားတင်းနစ်ကစားသမား အိုင်ဗာနီဆီဗစ် ဖိတ်ကြားခံရဖွယ် မရှိတော့။
၁၁။ အင်္ဂလန်အသင်းအား အနိုင်ရအောင်ကစားခဲ့မှုကြောင့် လက်ရှိပရီးမီးယားလိဂ်မှာ ကစားနေတဲ့ အာဆင်နယ်က ဒါဆေးလ်ဗား၊ မန်စီးတီးက ကော်လူကာနဲ့ ပို့စ်မောက်က ခရမ်ကာ တို့အုပ်စုမှာ ပရီးမီးယားလိဂ်ပရိသတ်များ၏ လှောင်ပြောင်မှုကို ခံရဖွယ်ရှိနေ။

အဆိုးအကောင်း

အင်္ဂလန်အသင်း ယူရိုခြေစစ်ပွဲမအောင်တဲ့အတွက် အင်္ဂလန်လက်ရွေးစင် အများစုပါတဲ့ ချယ်လ်ဆီး၊ မန်ယူ၊ လီဗာပူးစတဲ့ ထိပ်သီးအသင်းကြီးတွေအတွက် ကစားသမားတွေ ပွဲပန်းထိ ခိုက်ဒဏ်ရာရမှု နည်းပါးလာနိုင်ပြီး ဒီအခွင့်အရေးကို မသိစိတ်ထဲက မသိမသာမျှော်လင့်နေတဲ့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအတွက်တော့ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဘာကြောင့် လည်းဆိုတော့ သူ့အသင်းမှာ အင်္ဂလန်လက်ရွေးစင်တစ်ယောက်မှ ပါမနေလို့ပါ။

နောက်တစ်ချက်က အင်္ဂလိပ်ကလပ်အသင်းတွေက မခံချင်စိတ်တွန်းအားတွေကြောင့် ပိုအား ထည့်ကစားလာနိုင်ကြလို့ ပရီးမီးယားလိဂ်အားပြိုင်မှုဟာ ပိုမိုပြင်းထန်လာနိုင်ပြီး ချန်ပီယံလိဂ်နဲ့ ယူအီးအက်ဖ်အေဖလားပွဲတွေမှာလည်း အင်္ဂလိပ်ကလပ်အသင်းတွေ ရလဒ်ပိုကောင်းလာနိုင် ဖွယ်ရှိနေတဲ့ အကျိုးကျေးဇူးတွေလည်း ရလာနိုင်ဖွယ်ရှိပါတယ်။ ဒါတွေက အဆိုးထဲက အဆိုးနဲ့ အဆိုးထဲက အကောင်းတွေပေါ့။

ပွဲအပြီး အသံများနဲ့ နောက်ဆက်တွဲဂယက်များ

“ကျွန်တော်တို့ သူ့ကိုစိတ်အရှည်နိုင်ဆုံးနဲ့ ထောက်ခံမှုအပြည့်ပေးခဲ့ပြီးပြီ၊ ဒီအချိန်မှာတော့ သူ့ကိုထုတ်ပယ်ရုံမှတစ်ပါး ကျွန်တော်တို့အတွက် အခြားရွေးစရာလမ်းမရှိတော့ပါဘူး” - အက်ဖ်အေဥက္ကဌ ဂျော့ဖ်သွမ်မဆင

“ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့တာ ကျွန်တော်ပဲ သိတယ်၊ ဒါပေမယ့် ကျွန်တော့် အလုပ်ကို အောင်မြင်ပြီးဆုံးအောင် မလုပ်နိုင်ခဲ့ဘူး၊ ဒီတော့ ကြုံလာမယ့်ဖိအားတွေ ရင်ဆိုင်ရုံပဲ ရှိတော့တယ်၊ အင်္ဂလန်ပရိသတ်တွေအတွက်လည်း ကျွန်တော်အများကြီး စိတ်မကောင်းဖြစ် နေပြီး သူတို့နဲ့ ထပ်တူခံစားရပါတယ်” - အင်္ဂလန်နည်းပြ မက္ကလာရင်

“ကျွန်တော်တို့နိုင်ငံရဲ့ အားကစားလောကအတွက် ဒီနေ့ဟာ စိတ်ပျက်စရာအကောင်း ဆုံး နေ့ပါပဲ၊ သေချာတယ်၊ ဒီနေ့ ကျွန်တော် အိပ်လို့ရတော့မှာ မဟုတ်ဘူး” - ဗြိတိန်အားကစားဝန်ကြီး ဂယ်ရီဆတ်ကလစ်ဖ်