DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
အသင်းရဲ့ ကျရှုံးမှုကြောင့် ထုတ်ပယ်ခြင်းကို ခံရတာလို့ မက္ကလာရင် ၀န်ခံ၊ ၂၀၁၀ ကမ္ဘာ့ဖလား ဦးစားပေးအဆင့်က လျောကျ
အေဂျင်စီသတင်းများ - နိုဝင်ဘာ ၂၃၊ ၂၀၀၇

အက်ဖ်အေက သူ့ကို အင်္ဂလန်နည်းပြ ရာထူးကနေ ဖယ်ရှားတာဟာ အသင်းရဲ့ ကျရှုံးမှုကြောင့် ဖြစ်တယ်လို့ မက္ကလာရင်က ၀န်ခံပြောဆိုလိုက်ပါတယ်။

အသင်းကို ယူရိုခြေစစ်ပွဲ အောင်မြင်အောင် မလုပ်ဆောင်နိုင်တဲ့အတွက် သူ့ရဲ့ စာချုပ်သက်တမ်းလည်း ရပ်စဲ ခံရပါတယ်။

“ဒါဟာ အကြီးအကျယ် စိတ်ပျက်စရာ ဖြစ်ပါတယ်။ ကျနော့် သက်တမ်းတလျှောက်မှာ ၀မ်းအနည်းဆုံး နေ့တစ်နေ့ ဖြစ်ပါတယ်” လို့ မက္ကလာရင်က ထုတ်ဖော်ပါတယ်။

“လွန်ခဲ့တဲ့ (၁၈)လတုန်းက ဒီတာဝန်ကို စယူတုန်းက ကျနော့်အတွက် ဂုဏ်အယူဆုံး နေ့တစ် နေ့ ဖြစ်ခဲ့ပါတယ်။ အခုတော့ ၀မ်းအနည်းရဆုံး နေ့တစ်တစ်နေ့ပါပဲ”

မက္ကလာရင်ရဲ့ အင်္ဂလန်အသင်းဟာ ၀င်ဘလေကွင်းမှာ နောက်ဆုံးကစားတဲ့ ခြေစစ်ပွဲမှာ ခရိုအေးရှားကို (၃ - ၂)နဲ့ ရှုံးသွားပြီးနောက် အက်ဖ်အေက အရေးပေါ် ဘုတ်အဖွဲ့ အစည်း အဝေးထိုင်ပြီး ထုတ်ပယ်ခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းအရှုံးအတွက် မက္ကလာရင်က သူ့ကစားသမားတွေ အပေါ်မှာ ကျနေရောက်နေတဲ့ ဝေဖန် နေမှုတွေကို ကာကွယ် ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်ဟာ အဓိကကျတဲ့ ပြိုင်ပွဲကြီးတွေအဖြစ် ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ခြေစစ်ပွဲ မအောင်မြင်တဲ့ နောက်ပိုင်းမှာ အခုတစ်ကြိမ်ဟာ ပထမဆုံး ဖြစ်ပါတယ်။

မက္ကလာရင်ဟာ နည်းပြရာထူးစာချုပ်သက်တမ်းက (၄)နှစ်ဖြစ်တဲ့အတွက် ကျန်ရှိနေသေးတဲ့ နှစ်တွေအတွက် အက်ဖ်အေက လျော်ကြေးအဖြစ် ပေါင် (၂)သန်း ပေးသွားမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာ အက်ဖ်အေက နောက်နှစ် မတ်လမှာ ပြင်သစ်အသင်းနဲ့ ခြေစမ်းပွဲ ကစား မယ့် ပွဲမတိုင်မီအထိ လက်ထောက်နည်းပြ တယ်ရီ ဘီနာဘယ်စ်ကို နည်းပြရာထူးအတွက် တာဝန်ပေးထားမှာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ နည်းပြအသစ် ရှာဖွေဖို့အတွက် အချိန်တွေ အများကြီး ရရှိမှာလည်း ဖြစ်ပါတယ်။

နောက်ဆုံးဝင်ရောက်လာတဲ့ သတင်းတွေအရ အင်္ဂလန်ဟာ လာမယ့် ၂၀၁၀ ကမ္ဘာ့ဖလားပွဲမှာ ဦးစားပေးအသင်းအဖြစ် သတ်မှတ်ခံရမှုကနေ ဆုံးရှုံးခဲ့ပြီး အုပ်စုတွင်းမှာ ပြင်သစ်၊ ဂျာမဏီနဲ့ အီတလီတို့လို အသင်းမျိုးတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဖီဖာက ထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အင်္ဂလန်ဟာ နဂိုအဆင့် (၁၁)ကနေ အ ဆင့် (၁၂)ကို ပြုတ်ကျခဲ့ပါတယ်။


ရာထူးကနေ ထုတ်ပယ်ခံရတဲ့ မက္ကလာရင်