ရီရဲလ်မက်ဒရစ်နည်းပြဟောင်း ဖာဘီယို ကာပယ်လိုက အင်္ဂလန်နည်းပြရာထူးကို စိတ်ဝင်စားကြောင်း ပြောဆို လိုက်ပါတယ်။
အင်္ဂလန်ဟာ ယူရို ၂၀၀၈ နောက်ဆုံး ခြေစစ်ပွဲမှာ ခရိုအေးရှားကို ရှုံးပြီး ထွက်ခဲ့ရလို့ နည်းပြ မက္ကလာရင်လည်း အထုတ်ခံရဖို့ လိုက်ရပြီ ဖြစ်ပါတယ်။
အသက် (၆၁)နှစ်သား ကာပယ်လိုဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အေစီမီလန်မှာ အောင်မြင်တဲ့ နည်းပြအဖြစ် ရပ်တည်နိုင်ခဲ့သလို ဂျုဗင်တပ်၊ ရိုးမားတို့နဲ့အတူ စီးရီးအေ အမှတ်ပေးဖလားတို့ကို ရရှိခဲ့ဖူးပါတယ်။
“အင်္ဂလန်နည်းပြ ရာထူးဟာ တကယ့်ကို လှပတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။ ကျနော့် အသက်အရွယ်နဲ့ ကွတ်တိပါပဲ။ ဒါဟာ တိုက်ပွဲတစ်ခုပါပဲ” လို့ ကာပယ်လိုက ဂေဇက်တာ စာစောင်ကို ပြောပါတယ်။
အီတလီသား ကာပယ်လိုဟာ ပြီးခဲ့တဲ့ရာသီမှာ ရီရဲလ်ကို လာလီဂါ အမှတ်ပေးဖလား ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အထုတ်ခံခဲ့ ရပါတယ်။
လောလောဆယ်မှာ သူဟာ အီတလီ ရုပ်သံတစ်ခုဖြစ်တဲ့ Rai TV မှာ ဘောလုံးကျွမ်း ကျင်သူ အဖြစ် လုပ်ကိုင်နေပါတယ်။
နည်းပြဟောင်း ကာပယ်လိုဟာ အင်္ဂလန်ရဲ့ ပြဿနာတွေအတွက် တကယ့်ကို ဖြေရှင်းပေး ချင်တဲ့ စိတ်တွေ တက်ကြွနေပါတယ်။
အီတလီက ဖာရိုကျွန်းစုကို (၃ - ၁)နဲ့ အနိုင်ရတဲ့ပွဲမှာ အစီအစဉ်တင်ဆက်သူ လုပ်ခဲ့တဲ့ ရီရဲလ်နည်းပြဟောင်းက “အဲဒီမှာ နိုင်ငံခြားသား ကစားသမားတွေ အများကြီး ရှိပါတယ်။ က စားသမားတွေက တခြားပုံစံတမျိုးနဲ့ ကစားတာကို အသားကျ နေပါတယ်” လို့ ပြောပါ တယ်။
ချဲလ်ဆီးနည်းပြဟောင်း ဂျိုဆေ မော်ရင်ဟိုလည်း အင်္ဂလန်နည်းပြရာထူးအတွက် ရေပန်းစားတဲ့ စာရင်းထဲမှာ ထိပ်ဆုံးကနေ ရှိနေပါတယ်။ |

ရီရဲလ်နည်းပြဟောင်း ကာပယ်လို
|