မနေ့ညက ကစားသွားတဲ့ နောက်ဆုံးခြေစစ်ပွဲတွေမှာ အင်္ဂလန်က ခရိုအေးရှားကို ရှုံးသွားလို့ ရုရှားဟာ ဆွီဒင်၊ တူရကီ၊ ပေါ်တူဂီတို့နဲ့အတူ နောက်နှစ် ယူရို ၂၀၀၈ ပြိုင်ပွဲကြီးအတွက် ၀င်ခွင့် ရသွားပြီ ဖြစ်ပါတယ်။
ရုရှားအသင်းဟာ အုပ်စု (အီး)ကနေ ဆွစ်ဇာလန်နဲ့ သြစတြီးယားမှာ ကျင်းပမယ့် ယူရိုပြိုင် ပွဲကြီးကို ၀င်ရောက်ခွင့် ရသွားတဲ့ (၁၆)သင်းထဲက နောက်ဆုံးအသင်း ဖြစ်ပါတယ်။ ခရိုအေး ရှားကတော့ ဒီအပတ် အစောပိုင်းကတည်းက ခြေစစ်ပွဲအောင်ပြီးသွားပြီ ဖြစ်ပါတယ်။
ဆွီဒင်က စတော့ဟုမ်းမှာ လတ်ဗီးယားကို (၂ - ၁)၊ တူရကီက ဘော့စနီးယားကို (၁ - ၀)နဲ့ အသီးသီးနိုင်ပြီး ခြေစစ်ပွဲအောင်ခဲ့ခြင်း ဖြစ်ပြီး ပေါ်တူဂီက အိမ်ကွင်းမှာ ဖင်လန်နဲ့ ဂိုးမရှိသရေနဲ့ ခြေစစ်ပွဲအောင်ခဲ့ခြင်း ဖြစ်ပါတယ်။
အင်္ဂလန်အတွက်ကတော့ ၀င်ဘလေကွင်းမှာ အိမ်မက်ဆိုးနဲ့ ကြုံခဲ့ရပြီး နည်းပြ မက္ကာ လာရင်လည်း အထုတ်ခံရမယ့်ကိန်း ဆိုက်နေပါတယ်။
ကာယကံရှင်ဖြစ်တဲ့ မက္ကလာရင်ကတော့ နူတ်ထွက်မှာ မဟုတ်ကြောင်း ပြောထားပါတယ်။
သူဟာ ၂၀၀၆ ကမ္ဘာ့ဖလားအပြီးမှာ အဲရစ်ဆင်ရဲ့ ရာထူးနေရာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရလဒ်တွေ တချိန်လုံးကောင်းအောင်တော့ မစွမ်းဆောင် နိုင်ခဲ့ပါဘူး။
ဂျာမဏီအသင်းဟာ အောက်တိုဘာလ အလယ်ကတည်းက လွတ်လွတ်ကျွတ်ကျွတ်နဲ့ ပထမ ဆုံး ခြေစစ်ပွဲအောင်တဲ့ အသင်းဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ အီတလီနဲ့ ဒုတိယဖြစ်တဲ့ ပြင်သစ် တို့ကတော့ ပြိုင်ဖက်အသင်းတွေကို နောက်ဆုံးအချိန်အထိ အနိုင်ရအောင် ကစားပြီးမှာ တက် ရောက်လာခြင်း ဖြစ်ပါတယ်။
ယူရို ၂၀၀၄ ချန်ပီယံ ဂရိ၊ ပိုလန်၊ ချက်၊ ရိုးမေးနီးယားနဲ့ ခရိုအေးရှားတို့လည်း နောက်ဆုံး (၁၆) သင်း စာရင်းကို ၀င်ရောက်နိုင်ခဲ့ပါတယ်။ ပူးတွဲ အိမ်ရှင်နှစ်သင်းဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ သြစ တြီးယားတို့က အလိုအလျောက် ခြေစစ်ပွဲအောင်ပြီးသား ဖြစ်ပါတယ်။
နောက်နှစ်မှာ ဇွန် (၇)ရက်နေ့ကနေ (၂၉)ရက်နေ့အထိ ကျင်းပသွားမယ့် ယူရိုပြိုင်ပွဲ အုပ်စု ပွဲ စဉ်များရဲ့ ပွဲစဉ်ဇယားကို ဒီဇင်ဘာ (၂)ရက်နေ့မှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
ယူရို ၂၀၀၈ ခြေစစ်ပွဲ အောင်မြင်သွားတဲ့ အသင်းများ -
အုပ်စု (အေ) - ပိုလန်(ပ)၊ ပေါ်တူဂီ (ဒု)
အုပ်စု (ဘီ) - အီတလီ (ပ)၊ ပြင်သစ် (ဒု)
အုပ်စု (စီ) - ဂရိ (ပ)၊ တူရကီ (ဒု)
အုပ်စု (ဒီ) - ချက် (ပ)၊ ဂျာမဏီ (ဒု)
အုပ်စု (အီး) - ခရိုအေးရှား (ပ)၊ ရုရှား (ဒု)
အုပ်စု (အက်ဖ်) - စပိန် (ပ)၊ ဆွီဒင် (ဒု)
အုပ်စု (ဂျီ) - ရိုမေးနီးယား (ပ)၊ ဟော်လန် (ဒု)
ပူးတွဲအိမ်ရှင်နှစ်သင်း - သြစတြီးယားနဲ့ ဆွစ်ဇာလန် |

စပိန်ကစားသမား ဆီနာ (ယာ) ဆွဲလာတာကို မြောက်အိုင်ယာလန်က ဖီနေက ဖြတ်လုဖို့ ကြိုး စားစဉ်
|