စတီဗင် ဂျရတ်က အင်္ဂလန်အနေနဲ့ ခရိုအေးရှားကို ဒီညပွဲမှာ အမြှင့်ဘောတွေနဲ့ တိုက်စစ်ဆင် ချေမှုန်းရင် အနိုင်ရလိမ့်မယ်လို့ ယုံကြည် နေပါတယ်။
အင်္ဂလန်နည်းပြ မက္ကလာရင်ဟာ ခြေစစ်ပွဲအောင်ဖို့အတွက် ပီတာခရောက်ချပ်ကို ရှေ့တန်းမှာ တစ်ယောက်တည်း အထောင်ထားပြီး သုံးဖို့ အလားအလာ များနေပါတယ်။
ဂျရတ်က အသင်းဖော် ခရောက်ခ်ျရဲ့ အရပ်အမောင်းနဲ့ အမြင့်ဘောတွေနဲ့ ခရိုအေးရှား ပင် နယ်တီ ဧရိယာထဲကို အမြောက်အများ ပစ်ထည့်ပြီး လှုပ်ကစားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
“ပွဲစကတည်းက ဖြတ်တင်ဘောတွေကို သူတို့ရဲ့ ပင်နယ်တီဧရိယာထဲကို ပစ်ထည့်နိုင်ဖို့ အရေး ကြီးပါတယ်။ အကြောင်းကတော့ ပီတာက အဲဒီဘောတွေကို အကောင်းဆုံး ဖြန့်ဝေနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်” လို့ အင်္ဂလန်အသင်းခေါင်းဆောင်က ပြောပါ တယ်။
“သူတို့ရဲ့ ပင်နယ်တီစည်းထဲမှာ အမြင့်ဘောတွေ ကန်ထည့်ပြီး သူတို့ကို ဒုက္ခရောက်အောင် လုပ်လို့ ရပါတယ်။ ကျနော်တို့ နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ပွဲစကတည်းက ကစား ရှိန်မြင့်ပြီး ခပ်မြန်မြန်နဲ့ ကစားနိုင်ဖို့ လိုပါတယ်”
ဂျရတ်က ပြီးခဲ့တဲ့လတုန်းက ရုရှားကို ရှုံးတဲ့ပွဲမှာ လုပ်မိတဲ့ အမှားမျိုးတွေ ရှောင်ကျဉ်နိုင်ဖို့ လိုအပ်ကြောင်း ၀န်ခံထားပါတယ်။
“ရုရှားနဲ့ပွဲ ရလဒ်က ကျနော်တို့ စိတ်ဓါတ်ကို တော်တော် နာကျင်စေပါတယ်။ ဒီလို အတွေ့ အကြုံမျိုး ထပ်ပြီး မလိုချင်ပါဘူး”
အစ္စရေးက အိမ်ကွင်းမှာ ရုရှားကို မထင်မှတ်ဘဲ (၂ - ၁)နဲ့ အနိုင်ယူလိုက်တဲ့ နောက်ပိုင်း အင်္ဂလန်ရဲ့ ယူရို ၂၀၀၈ ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာခြင်း ဖြစ်ပါတယ်။
အင်္ဂလန်ဟာ ၀င်ဘလေကွင်းရဲ့ ဒီညပွဲမှာ ခရိုအေးရှားနဲ့ သရေကစားနိုင်ရင်တောင် နောက်နှစ် ယူရို ၂၀၀၈ ပြိုင်ပွဲကြီးကို နွဲနိုင်မှာ ဖြစ်ပါတယ်။ |

ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေ အမေးကို ဂျရတ် ဖြေကြားနေစဉ်
|