DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
အင်္ဂလန်ကို နောက်ဆုံးစောင့်ကြည့်ရမယ့် ယူရိုခြေစစ်ပွဲ ခန့်မှန်းချက်
ဒီဗွီဘီ - နိုဝင်ဘာ ၂၁၊ ၂၀၀၇

ပြီးခဲ့တဲ့ စနေနေ့က ကစားသွားတဲ့ ယူရိုခြေစစ်ပွဲတွေအပြီးမှာ ခြေစစ်ပွဲအောင်တဲ့ စာရင်းပေါက်ခဲ့တာ ၁၀ သင်းရှိလာခဲ့ပါပြီ။ စောစောပိုင်းက ခြေစစ်ပွဲအောင်ခဲ့တဲ့ ဂရိ၊ ဂျာမနီ၊ ချက်၊ ရိုမေးနီးယားတို့နဲ့အတူ ပိုလန်၊ အီတလီ၊ ပြင်သစ်၊ စပိန်၊ ခရိုအေးရှား၊ ဟော်လန်တို့ပါ။ ဒါကြောင့် ကျန်တဲ့ ၄ နေရာအတွက် အခု ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ခြေစစ်ပွဲက နောက်ဆုံးအဖြေထုတ်ပေးလိမ့်မယ်။ ပြီးခဲ့တဲ့ စနေနေ့က ခြေစစ်ပွဲတွေမှာ အီတလီကို အိမ်ကွင်းမှာရှုံး ပြီး မျှော်လင့်ချက်မက်ခဲ့ရတဲ့ စကော့တလန်နဲ့ အစ္စရေးကို အဝေးကွင်းမှာ သရေတောင်မကစားနိုင်ခဲ့လို့ မျှော်လင့်ချက်ပြန်နည်းသွားခဲ့တဲ့ ရုရှားတို့ရဲ့ ပွဲစဉ်ကတော့ သင်ခန်းစာယူစရာတွေအများကြီး ပေးသွားခဲ့တယ်။ ရုရှားရဲ့ ခြေချော်မှုကြောင့် အင်္ဂလန်အသင်းလည်း ကျောက်ခဲရေပြန်ပေါ်သလို ဖြစ်စေခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခြေစစ်ပွဲအောင်ခွင့်ရှိတဲ့ လက်ကျန် ၄ နေရာအတွက် နောက်ဆုံးပွဲစဉ်အထိ အားပြိုင်ရဦး မယ့် အသင်းတွေရှိနေသေးလို့ အခု ဗုဒ္ဓဟူးနေ့ ခြေစစ်ပွဲ ပွဲစဉ်တွေကလည်း အသက်ဝင်နေသည်။ ဒါကြောင့် ပွဲပေါင်းများများထဲက အရေးမပါတဲ့ ပွဲတွေကို ဖယ်ထားပြီး ခြေစစ်ပွဲအော်ဖို့ မျှော်လင့်ချက်လေးတွေရှိနေသေးတဲ့ အသင်းတွေရဲ့ ပွဲစဉ်အချို့ကို့ပဲ ရွေးထုတ်ပြီး ကြိုတင်ခံစားကြည့်လိုက်ရအောင်။ အဲဒီပွဲတွေထဲမှာလည်း ပြီးခဲ့တဲ့ ပွဲတွေ ကလည်း မထင်မှတ်တဲ့ပွဲရယ် Upset တွေရှိလာနိုင်သေးတာကိုတော့ ကြိုတွေးထားရပါမယ်။

အင်္ဂလန် - ခရိုအေးရှား

ပထမအကျော့ ခရိုအေးရှား 2 – 0 အင်္ဂလန်

အုပ်စု (A) ခြေစစ်ပွဲအောင်သွားပြီဖြစ်တဲ့ ခရိုအေးရှားဟာ အမှတ်မလိုောတ့ပေမယ့် သူတို့ဂုဏ်သိက္ခာ အတွက် အင်္ဂလန်ကိုခံကစားမယ့်အပြင် အင်္ဂလန်မှာလည်း အားထားရတဲ့အိုဝင်၊ ရူနီ၊ ဖာဒီနန်တို့မပါနိုင်ပဲ၊ တယ်ရီ ကလည်း ပါမပါ မသေချာသေးလို့ ဒီပွဲဟာ အင်္ဂလန်အတွက် ပွဲကျပ်နိုင်တယ်။ သရေကျရင်တောင် အင်္ဂလန် ခြေစစ ပွဲအောင်မြင်မှာဖြစ်ပေမယ့်။ ပေါ့လိုတော့မရဘူး။ ဟာဂရိဗ် ပြန်ပါလာနိုင်ပြီး ဘက်ခမ်းကို ကွင်းလယ်အား ကောင်းနေတာကတော့ မက္ကလာရင်အတွက် အားရှိစရာပါပဲ။ မက်ဆီဒိုးနီးယားကို မထင်မှတ်ပဲရှုံးခဲ့လို့ ခရိုအေးရှား နည်းပြ ဘီလစ်ကလည်း ဒီပွဲကို သေချာနိုင်အောင် ကစားပြမယ်ဆိုလို့ဆိုထားတော့ အင်္ဂလန်အနေနဲ့ အမှားခံလို့ မရဘူး။ မက္ကလာရင်အနေနဲ့ ဒီပွဲမှာ ၄-၅-၁ ပုံစံနဲ့တည်ပြီး ပိုင်မှထိုးဖောက်ကစားသင့်တယ်။ ပွဲကတော့ နှစ်သင်းစလုံးအတွက် ခက်ခဲမှာ သေချာပါတယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - ၁ ဂိုးနဲ့နိုင်ရင်တောင် အင်္ဂလန် ၄၁% ကြေးရမယ်။
ဝီလျံဟေးလ် - အင်္ဂလန်ကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1 - 0 သို့မဟုတ် 1 - 1
ရန်ကုန်ဂျာနယ်များ - အင်္ဂလန်ကိုပဲ အောင်ထစ်သရေမှန်းထား
စာရေးသူအမြင် - ခရိုအေးရှားကို ကြိုက်ပေမယ့် အခြေအနေအရ အင်္ဂလန်ကိုပဲ အရဲစွန့်အား ပေးချင် ပါတယ်


ယူရို ၂၀၀၈ အမှတ်တံဆိပ်

ပေါ်တူဂီ- ဖင်လန်

ပထမအကျော့ ဖင်လန် 1 – 1 ပေါ်တူဂီ

ကစားသမားအင်အား အလွန်တောင့်တင်းတဲ့ ပေါ်တူ၈ီအသင်းရဲ့ အဓိကအားနည်းချက်က အဆုံးသတ် ဂိုးသွင်းညံ့ဖျင်းတာပဲ။ ပြီးခဲ့တဲ့ စနေနေ့က အာမေးနီးယားလိုအသင်းလေးကို အိမ်ကွင်းမှာ ၁ ဂိုးနဲ့ပဲ ကပ်နိုင်ခဲ့လို့ ဝေဖန်ခံခဲ့ရသေးတော့ ပေါ်တူဂီတင်ကစားမှာဖြစ်ပေမယ့် သရေကျရင်တောင် ခြေစစ်ပွဲအောင်ခွင့်ရှိ နေတာနဲ့ မျှော်လင့်ချက်ခပ်ပါးပါးလေးရှိနေတဲ့ ဖင်လန်ရဲ့ ခံကန်အားကြောင့် ပေါ်တူဂီပေါ့ဆလို့မရဘူး။ ပရီးမီးယား လိဂ်နဲ့ ဥရောပအတွေ့အကြုံရှိတဲ့ ကစားသမားတွေပါတဲ့ ဖင်လန်အသင်းဟာ အဝေးကွင်းမှာ ဆို ခံစစ်အထိုင်ချပြီး ကောင်းတာနဲ့ ဖောက်ကစားတတ်လို့ ကာဗယ်ဟိုမပါနိုင်သေးတဲ့ ပေါ်တူဂီခံစစ် သတိထားနိုင်မှ အခြေ အနေကောင်း နိုင်မယ်။ ဒါပေမယ့် ပေါ်တူဂီနည်းပြ စကိုလာရီ ပွဲပယ်ပြစ်ဒဏ်စေ့သွားလို့ ဒီပွဲမှာ ပြန်ပြီး ကြီးကြပ် တော့မှာဆိုတော့ ဖင်လန်အတွက်လည်း သိပ်မချောင်ပါဘူး။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - ၂ ဂိုးနဲ့နိုင်မှသာ ပေါ်တူဂီကြေး အပြည့်ရနိုင်မယ်။
ဝီလျံဟေးလ် - ပေါ်တူဂီကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - ၁-၀ သို့မဟုတ် ၂-၁
ရန်ကုန်ဂျာနယ်များ - ပေါ်တူဂီကိုပဲ အနိုင်ပေးထား
စာရေးသူအမြင် - ပေါ်တူဂီကိုပဲ အရဲစွန့်အားပေးချင်ပါတယ်။

အင်ဒိုရာ - ရုရှား

ပထမအကျော့ ရုရှား 4 – 0 အင်ဒိုရာ

အစ္စရေးကိုရှုံးပြီး သိက္ခာလည်းကျခဲ့ရ၊ မျှော်လင့်ချက်လည်း နည်းခဲ့ရတဲ့ ရုရှား ဒီပွဲကို ပေါက်ကွဲပြလာလိမ့်မယ်။ ရုရှားအဝေးကွင်းရလဒ် မကောင်းတတ်တာကိုတော့ သတိပြုရပါမယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - ၁ ဂိုးနဲ့နိုင်ရင်အောင် ရုရှားကြေး ရှုံးလိမ့်မယ်။
ဝီလျံဟေးလ် - ရုရှားကိုပဲ အပေါ်ကြေးသတ်မှတ်ထား
အင်တာနက်ခန့်မှန်း - ၁ - ၂ သို့ ၀ - ၂
ရန်ကုန်ဂျာနယ်များ - ရှရှား သေချာပေါက်နိုင်လိမ့်မယ်လို့ မှန်း
စာရေးသူအမြင် - ရှရှား ဂိုးပြတ်နိုင်သွားမယ်ထင်တယ်။

ဆွီဒင် - လတ်ဗီးယား

ပထမအကျော့ လတ်ဗီးယား 0 – 1 ဆွီဒင်

ဆွီဒင်ပေါ့လို့ မရပေမယ့် ပြီးခဲ့တဲ့ စပိန်နဲ့ပွဲမှာ ဂိုးပြတ်နဲ့ ရှုံးခဲ့တာရယ်၊ ခြေစစ်ပွဲအောင်ဖို့ ၁ မှတ်လောက် လိုနေ တာကြောင့် တင်ကစားမှာသေချာလို့ လတ်ဗီးယားအတွက် ပွဲကျပ်ပါပဲ။ ဒါပေမယ့် ဖိအားတွေမရှိပဲ ခြေစွမ်း လည်း တတ်ကလာတဲ့ လတ်ဗီးယားကို ဆွီဒင်အနေနဲ့ ပေါ့ဆလို့တော့ မရပါဘူး။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - ၁ ဂိုးနဲ့နိုင်ရင်တောင် ဆွီဒင်ကြေး ရှုံးနိုင်သေးတယ်။
ဝီလျံဟေးလ် - ဆွီဒင်ကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 2 -0
ရန်ကုန်ဂျာနယ်များ - ဆွီဒင်ကို ပိုကြိုက်ကြ
စာရေးသူအမြင် - အီဘရာဟီမိုဗစ်၊ ယွန်းဘတ်တို့အုပ်စု ခြေမှန်ရင် ဆွီဒင်ဂိုးပြတ်နိုင်သွား ပါလိမ့်မယ်။

မော်လ်တာ - နော်ဝေ

ဇယားအောက်ဆုံးက မော်လ်တာနဲ့တွေ့တာ နော်ဝေ ကံကောင်းပေမယ့် တစ်ဖက်က တူရကီ-ဘော့စနီးယား ပွဲရလဒ်ကို ကြည့်ရပါဦးမယ်။ ခြေအရကြည့်ရင်တော့ နော်ဝေက အများကြီးသာပါတယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - နော်ဝေ ၁ ဂိုးနဲ့နိုင်ရင် 20 % ပဲ ကြေးရမယ်။
ဝီလျံဟေးလ် - နော်ဝေကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 0-2
ရန်ကုန်ဂျာနယ်များ - နော်ဝေကိုပဲ တစ်ပေးထား
စာရေးသူအမြင် - နော်ဝေကိုပဲ အားပေးရမယ်။

တူရကီ - ဘော့စနီးယား

ပထမအကျော့ ဘော့စနီးယား 3 – 2 တူရကီ

တူရကီ ပေါ့ဆလို့မရတဲ့ပွဲပါ၊ ဒါပေမယ့် ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်ရှိသေးတော့ ဒီပွဲကို တူရကီတင် ကစားမှာ သေချာတယ်။ အိမ်ကွင်းမှာလည်း ဂရိကိုပဲ ဆက်ရှုံးခဲ့ဖူးသေးတော့ တကယ်ကစားရင် ဘော့စနီးယား မချောင် လောက်ဘူး။

ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - တူရကီ ၁ ဂိုးသွင်းရင်တောင် ကြေးမရနိုင်သေး။
ဝီလျံဟေးလ် - တူရကီကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 2 - 1
ရန်ကုန်ဂျာနယ်များ - တူရကီကိုပဲ အကြိုက်များ
စာရေးသူအမြင် - တူရကီ ကပ်နိုင်သွားမယ်ထင်။

စပိန် - မြောက်အိုင်ယာလန်

ပထမအကျော့ မြောက်အိုင်ယာလန် 3 – 2 စပိန်

စပိန်က ခြေစစ်ပွဲအောင်သွားပြီဖြစ်လို့ ဒီပွဲအရေးမပါတော့ပေမယ့် မြောက်အိုင်ယာလန်ကတော့ ဒီပွဲနိုင်ရင် မျှော် လင့်ချက်ရှိနေသေးလို့ သေချာပြင်ဆင်ပြီး ကစားလိမ့်မယ်။ လက်ရှိခြေစွမ်းနဲ့ အိမ်ရှင်အခွင့်အရေးခြေအရ စပိန်က သာပေမယ့် အမြင့်ဘောတွေကစားတာကောင်းတဲ့ မြောက်အိုင်ယာလန်ကို လျော့တွက်လို့ မရပါဘူး။ တစ် ဖက်ပွဲစဉ်မှာသာ ဆွီဒင်ရှုံးနေရင် မြောက်အိုင်ယာလန် ပိုပြီး တင်ကစားလိမ့်မယ်။ မြောက်အိုင်ယာလန် တိုက်စစ်မှူး ဟာလေဟာ အခုခြေစစ်ပွဲမှာ 13 ဂိုးသွင်းထားပြီး အရင်က ဂိုးအများဆုံးသွင်းခဲ့ဖူးတဲ့ ခရိုအေးရှားတိုက် စစ်မှူး ဆူကာရဲ့စံချိန်ကိုကျော်သွားလို့ စိတ်ဓာတ်တက်ကြွနေပြီး ဒီပွဲမှာလည်း ဂိုးထပ်သွင်းနိုင်အောင် ကြိုးစားသွားမှာပဲ စပိန်ကလည်း လူစုံထည့်ကစားဖို့ သိပ်မသေချာတော့ ဒီပွဲက ကြည့်ကောင်းနိုင်တယ်။

ပွဲရလဒ် ခန့်မှန်းချက်

Asian Bookie - သရေကျရင် စပိန်ကြေးရှုံးမယ်
ဝီလျံဟေးလ် - စပိန်ကိုပဲ အပေါ်ကြေးပါးပါးလေးပေးထား
အင်တာနက်ခန့်မှန်း - 1-1
ရန်ကုန်ဂျာနယ်များ - စပိန်ကိုပဲ နည်းနည်းပိုကြိုက်ကြ
စာရေးသူအမြင် - မထင်မှတ်ဘဲ သရေကျသွားနိုင်လို့ မြောက်အိုင်ယာလန်ကိုပဲ အားပေးချင်တယ်။