DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
စာနာမှု ကင်းမဲ့စွာနဲ့ မက္ကလာရင်က ဘက်ဟမ်းနဲ့ ရော်ဘင်ဆင်ကို လက်ရွေးစင်စာရင်းက ချန်ခဲ့
အေဂျင်စီသတင်းများ - နိုဝင်ဘာ ၂၁၊ ၂၀၀၇

မက္ကလာရင်က ဒီည ခရိုအေးရှားနဲ့ ကစားမယ့် အင်္ဂလန်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ပွဲမှာ အရဲစွန့်ပြီး လောင်ကြေးထပ်တဲ့အနေနဲ့ ဂိုးသမား ကာဆင်ကို ခေါ်ယူပြီး ဘက်ဟမ်း ကို ချန်လှပ်ထားဖို့ များနေပါတယ်။

အင်္ဂလန်နည်းပြက ယင်းပွဲအတွက် အတွေ့အကြုံ မရှိသေးတဲ့ ဂိုးသမား ကာဆင်ကို အခွင့် အရေး ပေးသင့်တယ်လို့ ယုံကြည်နေပြီး ရော်ဘင်ဆင်ကိုတော့ အရန်ထိုင်ခုံမှာ ထိုင်ခိုင်းထား မှာ ဖြစ်ပါတယ်။

ချဲလ်ဆီးတောင်ပံလူ ရှောင်ဝိုက်ဖိလစ်စ်ကတော့ ၀င်ဘလေပွဲမှာ ဘက်ဟမ်းရဲ့ နေရာကို ၀င် ရောက် ကစားဖို့ ရှိပါတယ်။

ဗီလာ ကွင်းလယ်လူ ဘာရီကတော့ စတီဗင် ဂျရတ်၊ ဖရန့်လမ်းပတ်၊ ဂျိုးကိုးလ်တို့နဲ့ တွဲဖက်ပြီး ကွင်းလယ် (၅)ယောက်ထဲမှာ ပါဝင်ဖို့ မျှော်လင့် နေပါတယ်။ ပီတာခရောက်ခ်ျကတော့ ရှေ့ တန်းမှာ တစ်ယောက်တည်းနဲ့ အထောင်တိုက်စစ် ကစားရဖို့ များပါတယ်။

နောက်ခံလူ (၄)ယောက်စာရင်းအတွက် ရစ်ချပ်စ်၊ ဆိုးကင်းဘဲလ်၊ လက်စ်စကော့နဲ့ ၀ိန်းဘ ရစ်ခ်ျတို့ ရေပန်းစား နေပါတယ်။

အင်္ဂလန်ဟာ လာမယ့်နှစ်နွေရာသီ ယူရို ၂၀၀၈ ပြိုင်ပွဲကြီးကို ၀င်နိုင်ဖို့အတွက် ဒီညပွဲမှာ သရေ တစ်မှတ် ရဖို့ လိုပါတယ်။

“ကျနော့်အသင်း အကြောင်းကိုသိလို့ ဒီအပတ်အကုန်ကတည်းက ကျနော် ပြင်ဆင် ပြီးသွား ပါပြီ။ ဒါပေမယ့် ဘယ်သူတွေကို ရွေးထားသလဲ ဆိုတာကို ထုတ်ဖော်မှာ မဟုတ်သလို သဲလွန် စတောင် ပြောမှာ မဟုတ်ပါဘူး” လို့ မက္ကလာရင်က ပြောပါတယ်။

မက္ကလာရင်က အတွေ့အကြုံကို တန်ဖိုးထားပေမယ့် ပွဲအစ လူစာရင်းမှာတော့ ထည့်သွင်းဖို့ မလိုကြောင်း ပြောပါတယ်။

“ပွဲကြီးတွေမှာ အတွေ့အကြုံက အဓိက ကျပါတယ်။ ကစားဖို့အတွက် မဟုတ်ပါဘူး။ အသင်း ရဲ့ဘေး အရန်ထိုင်ခုံမှာ ထိုင်နေဖို့ အတွက်ပဲ ဖြစ်ပါတယ်”

ဘီဘီစီရဲ့ Radio 5 Live ဘောလုံးသတင်းထောက် မိုက် အင်ဂန်ကတော့ မက္ကလာရင်က ဘက်ဟမ်းနဲ့ ရော်ဘင်ဆင်ကို အရန်ထိုင်ခိုင်မှာ ထိုင်းခိုင်ထားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန်လူစာရင်းကို ပွဲမစမှီ (၁)နာရီအလိုမှာ ထုတ်ပြန်မှာ ဖြစ်ပေမယ့် လေ့ကျင့်ရေးကွင်းမှာ မက္ကလာရင် ပြောတဲ့စကားတွေအရ ဘက်ဟမ်းရဲ့ နေရာမှာ ၀ိုက်ဖိလစ်စ် ရော်ဘင်ဆင်ရဲ့ နေရမှာ ကာဆင်ကို သုံးဖို့ ဖြစ်နိုင်ချေ များနေပါတယ်။

ဘက်ဟမ်းဟာ ဒီညပွဲမှာ ကစားဖြစ်ပါက လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၁၀၀)ပြည့်မှာ ဖြစ်ပါတယ်။


လေ့ကျင့်ရေးကွင်းမှာ ရော်ဘင်ဆင် (၀ဲ)နဲ့ ဘက်ဟမ်း (ယာ)တို့ လေ့ကျင့်နေစဉ်