DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
ခရိုအေးရှားနဲ့ပွဲမှာ ဘက်ဟမ်းကို ရွေးမရွေးဆိုတာကို မက္ကလာရင် ခက်ခက်ခဲခဲ ဆုံးဖြတ်ရဖို့ရှိ
အေဂျင်စီသတင်းများ - နိုဝင်ဘာ ၂၀၊ ၂၀၀၇

အင်္ဂလန်နည်းပြ မက္ကလာရင်အနေနဲ့ မနက်ဖြန် ခရိုအေးရှားနဲ့ နောက်ဆုံး ခြေစစ်ပွဲမှာ ကွင်းလယ်အတွက် ဘက်ဟမ်းကို ရွေးမလား မရွေးဘူးလားဆိုတာကို ဆုံးဖြတ်ရတော့မှာ ဖြစ်ပါ တယ်။

မနက်ဖြန်ပွဲမှာ အင်္ဂလန်ဟာ အနည်းဆုံး သရေတစ်မှတ်ရဖို့လို နေပေမယ့် အယ်လ်အေ ဂလက်စီစတားရဲ့ ကြံ့ခိုင်မှုနဲ့ ပက်သက်လို့ မေးခွန်းအထုတ် ခံနေရပါတယ်။

အာစင်နယ်နည်း ၀င်းဂါးကတော့ ဘက်ဟမ်းဟာ အင်္ဂလန်ရဲ့ တိုက်စစ်မှူးတစ်ယောက်နဲ့ ကွင်း လယ်မှာ (၅)ယောက်ထားမယ့် အထဲမှာ တစ်ယောက်အဖြစ် ပါဝင်လိမ့်မယ်လို့် ယုံကြည်နေပါ တယ်။

ဝင်းဂါးက “သူဟာ အတွေ့အကြုံများတဲ့ ကစားသမားတစ်ယောက်အဖြစ်နဲ့ အရွေးခံ ရပါလိမ့် မယ်။ ဒီလို ရွေးတာကို ဘယ်သူမှ မှားယွင်းတယ်လို့ ပြောမှာ မဟုတ်ပါဘူး” လို့ ပြောပါ တယ်။

အာစင်နယ်နည်းပြက ၀င်ဘလေကွင်းရဲ့ ဂိုးပေါက်ကို ကာဆင်အစား ရော်ဘင်ဆင်ကိုပဲ ဆက် လက် စောင့်ရှောက်ဖို့ ထောက်ခံထားပါတယ်။

“အင်္ဂလန်ဂိုးပေါက်ကို သူ ဆက်ပြီး စောင့်ရှောက်နိုင်သေးတယ်လို့ ကျနော် ထင်ပါတယ်။ တတိုင်းပြည်လုံးက သူ့နောက်မှာ ရပ်တည်ပေးရပါမယ်။ သူဟာ လက်ရွေးစင်အသင်းအတွက် ပွဲကောင်းတွေ အများကြီး ကစားပေး ထားပါတယ်”

တိုက်စစ်မှူးနှစ်ယောက်ဖြစ်တဲ့ ရွန်နီနဲ့ မိုက်ကယ်အိုဝင်တို့ ဒဏ်ရာ အသီးသီးရနေသလို အသင်းခေါင်းဆောင် တယ်ရီလည်း ကြံ့ခိုင်မှု မပြည့်သေးလို့ ပါဝင်နိုင်မှာ မဟုတ်သေးပါဘူး။

မန်ယူကွင်းလယ်လူ အိုဝင်ဟာ့ဂဗေး ဒဏ်ရာကနေ သက်သာလာပေမယ့် နောက်ခံလူ ဖာဒီ နန်ကတော့ ပွဲပယ်ခံထား ရပါတယ်။

အင်္ဂလန်ဟာ ကွင်းလယ်မှာ (၅)ယောက်ထားပြီး တိုက်စစ်မှာ ပီတာခရောက်ခ်ျ တစ်ယောက် ထဲကို အထောင်ထားပြီး ကစားနိုင်ဖွယ် ရှိပါတယ်။

ပီတာခရောက်ခ်ျက အင်္ဂလန်က ဘက်ဟမ်းကို ခရိုအေးရှားနဲ့ပွဲအတွက် ရွေးချယ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“သူဟာ အခုအချိန်အထိ ဘောလုံးဖြန့်ကျက်တဲ့ နေရာမှာ အကောင်းဆုံး ဖြစ်နေဆဲပါ။ သူ့ ကြောင့် သြစတြီးယားနဲ့ ပွဲတုန်းက ကျနော် ဂိုးသွင်း နိုင်တာပါ။ နောက်ပြီး အဓိက ဂိုးတော် တော်များများက သူ့ရဲ့ ဖြတ်တင်ဘောတွေကနေရတာပါ” လို့ ခရောက်ခ်ျက ပြောပါတယ်။


သြစတြီးယားနဲ့ ပွဲတုန်းက ကန့်လန့်ဖြတ်တင်ဘော ဘက်ဟမ်း ကန်တင်နေစဉ်