ကမ္ဘာ့ဘောလုံးလောကမှာ အမြဲတမ်းအနိုင်ရ အောင်ပွဲခံနေနိုင်တဲ့အသင်းဆိုတာမရှိသလို အမြဲတမ်း ကျဆုံးနေတတ်တဲ့အသင်းမျိုးလည်း မရှိပါဘူး။ ဘယ်လောင်ကောင်းပါတယ်ဆိုတဲ့ ကမ္ဘာကျော် ထိပ်တန်းအသင်းကြီးဖြစ်ပါစေ၊ အမြဲတမ်းနိုင်မနေတတ်ပဲ၊ သရေကျတာတို့၊ ရှုံးပွဲကြုံတာတို့ တွေ့၊ တစ်ချိန်ချိန်မှာတော့ ကြုံတွေ့ရစမြဲပါ၊ ဒါဟာ မပြောင်းလဲတဲ့ ဘောလုံးသဘာဝပါပဲ။
ဘောလုံးအသင်းတစ်သင်းအနေနဲ့ ပါဝင်တဲ့ကစားသမားတွေ၊ ကိုင်တွယ်နေတဲ့ နည်းပြတွေရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ကောင်းမှု၊ အသင်းကို ပံ့ပိုးပေးတဲ့ ဘောလုံးအာဏာပိုင်အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေအပါအ၀င် အသင်းကို တခဲနက်အားပေးထောက်ခံတတ်တဲ့ ပရိသတ်အင်အားတွေ ပြည့်စုံနေရင် အနိုင်ရဖို့၊ အောင်မြင်မှုရဖို့ နီးစပ်နိုင်ပေမယ့် အသင်းရဲ့ရလဒ်အဆိုးအကောင်းကို ဖန်တီး ဖော်ဆောင်ရတာကတော့ ဘောလုံးအသင်းသားတွေပဲ။ တခြားပံ့ပိုးမှုတွေ၊ အဆောင်အယောင်တွေ ဘယ်လောက်ကောင်းကောင်း ပြိုင်ပွဲမှာလက်တွေ့ယှဉ်ပြိုင်ကစားရတဲ့ ဘောလုံးအသင်းသားတွေမှာ တစ်ခုခု အားနည်းနိုင်တဲ့ဘောလုံးမှာ အကောင်းဆုံး ပြင်ဆင်ကစားခဲ့ရင်းနဲ့တောင် မထင်မှတ်ထားတဲ့ ရလဒ်ဆိုးတွေ ထွက်တတ်သေးတယ် မဟုတ်လား။

ယူရို ၂၀၀၈ အမှတ်တံဆိပ်
ပြိုင်ပွဲတစ်ပွဲ၊ ဒါမှမဟုတ် ပွဲစဉ်တစ်ခုမှာ အသင်းကြီးနဲ့အသင်းငယ်တွေ့ရင် အသင်းကြီးကနိုင်ဖို့ သေချာတာ အားလုံးအသိပါပဲ။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်မျိုးဆိုရင် အသင်းအနေအထား နှာတစ်ဖျား လောက်သာတဲ့အသင်းက အနိုင်ရဖို့များတာလည်း ဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ဘောလုံးမှာ ကစားသမားအင်အား အရှိန်အ၀ါနဲ့ တခြားအဆောင်အယောင်တွေ သာလွန်ကောင်းမွန်နေရုံနဲ့ သေချာ ပေါက်နိုင်မယ်လို့ အာမမခံနိုင်သေးပါ။ အနိုင်ရမယ်လို့ ထင်ထားတဲ့ အနိုင်ရသင့်တဲ့ နာ မည်ကြီးအသင်းတွေဟာ သူတို့လောက် ကစားသမားအင်အား၊ အတွေ့အကြုံနဲ့ ခြေစွမ်းပိုင်း သိပ်မကောင်းတဲ့အသင်း တွေကို အနိုင်ရအောင်မကစားနိုင်တာတို့၊ မမျှော်လင့်ပဲ ရှုံးသွားတာတို့ကို ဒီနေ့ ကမ္ဘာ့ဘောလုံးလောကမှာ မကြာခဏတွေ့နေရတတ်ပါတယ်။
ဒီလိုမထင်မှတ်တဲ့ Upset ရလဒ်တွေ ထွက်နေတာဟာ ကံကြမ္မာဖေးမ အခြေအနေတစ်ချို့ ကြောင့်လည်း ပါပေမယ့် များသောအားဖြင့်တော့ ဘောလုံးအသင်းတွေရဲ့ စိတ်နဲ့သက်ဆိုင်နေတာကို လေ့လာတွေ့ရှိရပါတယ်။ အထူးသဖြင့် အသင်းကြီးတွေအများစုဟာ “အချိန်တန်ရင် ငါတို့ပဲနိုင်မှာ”ဆို တဲ့ စိတ်ဓာတ်မျိုးတွေရှိနေတတ်တဲ့ အချက်က မမျှော်လင့်တဲ့ရလဒ်ဆိုးတွေ ကြုံတွေ့နေစေတတ်ပါ တယ်၊ တချို့အသင်းတွေဆိုရင်လည်း ပွဲကျပ်တစ်ပွဲ၊ နှစ်ပွဲလောက်မှာ မမျှော်လင့်ပဲ ရလဒ်ကောင်းခဲ့ တာ ကံကောင်းပြီးအနိုင်ရခဲ့တာကို ကိုယ်ကိုယ်ကို ဟုတ်လှပြီဆိုတဲ့ အတွေးစိတ်မျိုး ၀င်လာပြီး တကယ်ခံ ကစားတတ်တဲ့ အသင်းနဲ့လည်း တွေ့ရော၊ ရလဒ်ပြန်ဆိုးပြီး အောင်မြင်မှုလမ်းကြောင်းပေါ် ကနေ ပြန်သွေဖီသွားတာမျိုးလည်း တွေ့နေရပါတယ်။
ကိုယ့်ကိုယ် အထင်ကြီးလွန်းပြီး ပြိုင်ဘက်တွေကို အထင်သေးလျော့တွက်မိတဲ့ ဆိုးကျိုးတွေ ခံစားရတဲ့အသင်းမျိုးတွေ အခုယူရို 2008 ခြေစစ်ပွဲမှာ အတော်များများတွေ့ရပါတယ်။ အဲဒီအထဲက ထင်ရှားတဲ့ အသင်းအချို့ကို ရွေးထုတ်တင်ပြပါ့မယ်။
အုပ်စု B မှာ အီတလီ၊ ပြင်သစ်၊ စကော့တလန်၊ ယူကရိန်းတို့အပါအ၀င် အသင်း 7 သင်းပါခဲ့ တယ်။ အသင်းတွေရဲ့လက်ရှိကစားသမားစုဖွဲ့မှု အနေအထား၊ အောင်မြင်မှုအစဉ်အလာ၊ လက်ရှိကမ္ဘာ့ ဘောလုံးအဆင့်သတ်မှတ်ချက်၊ ပြိုင်ပွဲအတွေ့အကြုံတွေအရ အီတလီနဲ့ ပြင်သစ်တို့ပဲ ခြေစစ်ပွဲအောင် မယ်လို့ အစကတည်းက လွယ်လွယ်မှန်းလို့ရခဲ့တယ်။ လက်ရှိ ကမ္ဘာ့ချန်ပီယံနဲ့ ဒုတိယအသင်းဆိုတော့ အသင်းအရှိန်အ၀ါကလည်း တခြားအသင်းတွေထက် အများကြီးသာနေတာကိုး။ ဒါပေမယ့် ခြေစစ်ပွဲ တကယ်ကစားတဲ့အခါမှာတော့ အီတလီရော ပြင်သစ်မှာ အလွယ်တကူ ခြေစစ်ပွဲအောင်ခဲ့တာ မဟုတ်ပဲ။ နောက်ဆုံးပွဲစဉ်တစ်ပွဲ၊ နှစ်ပွဲကျန်တဲ့အထိ ရုန်းကန်ခဲ့ရတာအားလုံးအသိပါပဲ။ ဒီလိုဖြစ်ခဲ့ရ တာ ပြိုင်ဘက်အသင်းတွေရဲ့ မထင်မှတ်တဲ့ ရုန်းကြွကြိုးစားမှုတွေကြောင့် ဖြစ်သလို အီတလီနဲ့ ပြင်သစ် တို့ရဲ့ ပြိုင်ဘက်အပေါ် အထင်သေးပြီး လျှော့တွက်ခဲ့တဲ့ စိတ်ဓာတ်တွေကြောင့်ပဲ ဖြစ်တယ်။
စကော့တလန်အသင်းကလည်း သူတို့ကိုယ်သူတို့ အသင်းကြီးစိတ်၊ တစ်နည်းပြောရရင် “ဘ၀င်မြင့်သွားမိတဲ့စိတ်”ကြောင့် နောက်ဆုံးပွဲမှာ မျက်ရည်တွေစီးကျ ကြေကွဲခဲ့ရတာပါပဲ။ စကော့မြေ မှာ အီတလီနဲ့ နောက်ဆုံးကစားရမယ့် အနေအထားမှာ သူတို့က အီတလီထက် တစ်မှတ်သာ နေတယ်။ ဒီပွဲနိုင်လိုက်ရင် သူတို့က 24+3=27 မှတ်၊ အီတလီက 23+0=23 မှတ်ဆိုတော့ အီတလီအနေနဲ့ လက်ကျန် ဖာရိုးကျွန်းစုနဲ့ပွဲမှာလည်း ဘယ်နှစ်ဂိုးနဲ့နိုင်နိုင် ဆေးမမှီတော့ပဲ စကော့တလန် ခြေစစ်ပွဲ အောင်သွားမှာလေ။
ပြင်သစ်လိုအသင်းမျိုးတောင် နှစ်ကျော့စလုံး ရလဒ်ကောင်းအောင်ကစားနိုင်ခဲ့တာ စကော့တွေ စိတ်ကြီးဝင် ဘ၀င်မြင့်သွားခဲ့ပြီး အီတလီကိုလည်း ကိုယ့်မြေကိုယ့်ကွင်းမှာ နိုင်မှာပဲလို့ တွက်ခဲ့ ကြတယ်။ ဘ၀မြင့်တဲ့စိတ်ကြောင့် အီတလီဟာ လက်ရှိကမ္ဘာ့ချန်ပီယံဆိုတာနဲ့ အီတလီ အတွက်လည်း ဒီပွဲက နိုင်ဖို့ သိပ်အရေးကြီးတယ်ဆိုတာ မေ့သွားတယ်။ ဒါကြောင့် တကယ်လည်း ကစားရော စကော့တလန်က 1-2 အီတလီဖြစ်သွားရော မဟုတ်လား။ ဒီတော့ ဘ၀မြင့်ခဲ့တဲ့ စကော့တလန်တွေ ဆွေးပေါ့။
လူတိုင်း စိတ်ဝင်စားနေတဲ့ အုပ်စု E ကလည်း ဒီလိုပါပဲ။ အခြေအနေအားလုံးအရ ဒီအုပ်စုမှာ အင်္ဂလန်က အုပ်စုဗိုလ်၊ ခရိုအေးရှားက အုပ်စုဒုတိယနဲ့ ဒီနှစ်သင်းပဲ ခြေစစ်ပွဲအောင်လာလိမ့်မယ်လို့ ကြိုတွက်ခဲ့ကြတယ်။ အနေအထားအရလည်း ဒီအတိုင်းပဲ ဖြစ်သင့်တယ်မဟုတ်လား။ တကယ်လည်း ကစားရော ခရိုအေးရှားက ထင်ထားတဲ့အတိုင်း လမ်းကြောင်းမှန်ပေါ်ရောက်နေခဲ့ပေမယ့် ဘောလုံးဘို အေကြီး အင်္ဂလန်ကတော့ မက္ကလာရင်လက်ထဲမှာ အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲ အတက်အကျတွေ ကြမ်းပြီး ခြေစစ်ပွဲအောင်ဖို့ မသေချာမှုတွေနဲ့ အတော်ရုန်းကန်ခဲ့ရတယ်။
ရုရှားမြေမှာ 2-1 နဲ့ မရှုံးခင် နောက်ဆုံးခြေစစ်ပွဲ ၅ ပွဲကို ၃ ဂိုးဖြတ်ချည်းနိုင်ခဲ့တော့ မက္ကလာရင်တို့အုပ်စု အသင်းကြီး စိတ်ပိုဝင်လာပြီး လုဇ်နီကီမြက်ခင်းတုကွင်းကြီးကို သိပ်ပြသာနာမရှိဘူးလို့ ထင်ခဲ့ ကြသေးတယ်။ တကယ်လည်း ကစားရော ရုရှားက 4 မိနစ်အတွင်းမှာ ၂ ဂိုးပြန်သွင်းတာခံလိုက်ရပြီး မက္ကလာရင်ရဲ့ အနာဂတ်ဟာ လည်း ပျောက်ဆုံးလုနီးပါးဖြစ်ခဲ့ရတယ်။ အင်္ဂလန်ထက် ပိုဆိုးတာက ရုရှားပဲ။ အထူးသဖြင့် အင်္ဂလန်ကို အထူးစီမံပြုလုပ်ထားတဲ့ လုဇ်နီကီမြက်ခင်းတုကွင်းကြီး အားကိုးနဲ့ နိုင်လိုက်တာကို (ဒါတောင် အရင်ဂိုးသွင်းတာခံရပြီး မြက်ခင်းတုကြောင့်ရော အင်္ဂလန် ကစားသမားတွေနဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းညံ့နေခဲ့တာရော၊ မက္ကလာရင်ရဲ့ နည်းဗျူဟာအမှားတွေ ကြောင့်လဲပါ)။ ဟုတ်ကြီး ထင်သွားခဲ့ တယ်။
ကမ္ဘာကျော် နည်းပြကြီး ဟစ်ဒင့်ကိုင်နေတော့ ရုရှားတွေပိုပြီး မာန်တက်ခဲ့တာပေါ့။ အင်္ဂလန် ထက် ၂ မှတ်ပဲလျောနေပေမယ့် သူတို့က ၂ ပွဲကစားဖို့ ကျန်နေသေးပြီး နှစ်ပွဲစလုံးက ခြေစစ်ပွဲအောင် ဖို့ မျှော်လင့်ချက်မရှိတော့တဲ့ အစ္စရေးနဲ့ အင်ဒိုရာတို့ဆိုတာ ဟစ်ဒင့်တို့အဖွဲ့ အပျော်လွန်နေခဲ့တယ်။ အင်္ဂလန်လို အသင်းကိုတောင် တစ်ဖက်သတ် ဖိကစားပြီးနိုင်ခဲ့သေးတာပဲဆိုတဲ့ “မာန်တက်တဲ့စိတ် ဓာတ်”တွေ ဖြည့်လျံနေခဲ့ကြတယ်။ အင်္ဂလန်ကို လုဇ်နီကီမြက်ခင်းတုကွင်း၊ အေးခဲတဲ့ အိမ်ကွင်းရာသီဥ တုမှာ နိုင်ခဲ့တာနဲ့ အစ္စရေးသာ ရှားရှားမြေတောင် သရေကစားခဲ့တဲ့အသင်းဆိုတာကို မေ့နေတယ်။
ဒီ ကြားထဲ အစ္စရေးရဲ့ Key Player ဘီနာယောင်ကလည်း မပါနိုင်တော့၊ လူငယ်ကစား သမားသစ်တွေနဲ့လည်း ကစားမှာဆိုတဲ့ သတင်းတွေကလည်းရှိတော့ ဟစ်ဒင့်တို့အသင်းဟာ အပျော်လွန်ပြီး မော်စကိုမှာ ခြေစစ်ပွဲအောင်ပြီးဆိုတဲ့ အကြို အောင်ပွဲခံဖို့ပါ ပြင်ဆင်ထား ခဲ့ကြပြီးပြီ။ ဟော့ တကယ်လည်း က စားရော အစ္စရေးက ပရိုပီသစွာနဲ့ ကစားပြီး ၂-၁ နဲ့ ရုရှားကို ကောင်းကောင်း ပညာပေးလိုက်တော့ ရုရှားတွေ ရင်ကွဲ နာကျကုန်ကြရော။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး ပွဲမပြီးခင် “တက်ထောင်ချင် တဲ့စိတ်ဓာတ်”ကြောင့် မရှုမလှခံစားလိုက်ရပါပြီ။ ဒီတော့ အင်္ဂလန်က ကျောက်ခဲဖြစ်ခါနီးက နေစရာပြန် ပေါ်လာပြီး ရုရှားတွေကတော့ သူတို့နဲ့ ထိုက်တန်တဲ့အဆင့်နဲ့ ကြေကွဲကျစ်ရစ်ရှာတော့မယ်။ ရုရှားအတွက် အသက်ငွေ့ငွေ့လေးရှိသေးပေမယ့် ခရိုအေးရှားကို ၀င်ဘလေကွင်းမှာ အင်္ဂလန်က ပေါ့ ပေါ့ဆဆ ကစားမှာမဟုတ်တော့။
ဒီဆောင်းပါးပါချိန်မှာ အုပ်စု E ရဲ့နောက်ဆုံးပွဲ အဖြေထွက်နေမှာဖြစ်ပေမယ့် ခရိုအေးရှား+ ရုရှားအဖြစ်ကနေ ခရိုအေး+ အင်္ဂလန် ပြန်ဖြစ်သွားလို့ များနေခဲ့တာဟာ တစ်လွဲစိတ်ဓာတ်တွေကြောင့် ပဲ။ အကယ်လို့ ခရိုအေးရှား+အင်္ဂလန်အနေအထားကနေ ခရိုအေးရှား + ရုရှားပြန်ဖြစ်ခဲ့ရင်လည်း (ဖြစ်တော့ မဖြစ်နိုင်တော့ပါ)၊ ပွဲမပြီး စင်တက်ထောင်မိခဲ့ခြင်းရဲ့ဆိုးကျိုးဂုဏ်ပဲဆိုတာ ကျန်တဲ့အသင်း တွေ သင်ခန်းစာယူသင့်လှပါတယ်၊ ကြည့်တတ်၊ မြင်တတ်၊ ယူတတ်ရင် သခန်းစာတွေ အများကြီးပဲ မဟုတ်ပါလား။
|