DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
အင်္ဂလန်အတွက် အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ပီတာခရောက်ခ်ျ အသင့်ဖြစ်နေ
အေဂျင်စီသတင်းများ - နိုဝင်ဘာ ၂၀၊ ၂၀၀၇

ခရိုအေးရှားနဲ့ မနက်ဖြန်ပွဲမှာ တကယ်လို့ မက္ကလာရင်က တိုက်စစ်မှာ တစ်ယောက်တည်း အထောင်ထားပြီး ကစားခိုင်းဖို့ ဆုံးဖြတ်ရင် အဲဒီအတွက် ပီတာခရောက်ခ်ျက အဆင်သင့် ဖြစ်နေပါတယ်။

အုပ်စု (အီး)မှာ ပါဝင်တဲ့ အင်္ဂလန်ဟာ ခရိုအေးရှားကို သရေကစားနိုင်ရုံနဲ့ လာမယ့်နှစ် သြစ တြီးယားနဲ့ ဆွစ်ဇာလန်တို့မှာ ကျင်းပဖို့ရှိတဲ့ ယူရို ၂၀၀၈ ပြိုင်ပွဲကြီးကို ၀င်ရောက်ခွင့်ရမှာ ဖြစ် ပါတယ်။

အဓိက တိုက်စစ်မှူး နှစ်ဦးနာနေတဲ့အတွက် မက္ကလာရင်အနေနဲ့ ကွင်းလယ်မှာ (၅)ယောက် ထားပြီး တိုက်စစ်မှာ တစ်ယောက်တည်းထားတဲ့ ကစားကွက်ကို ပုံဖော်ဖွယ် ရှိပါတယ်။

အသက် (၂၆)နှစ်သား တိုက်စစ်မှူးက “ကျနော် အင်္ဂလန်အတွက် လုံလောက်တဲ့ ပွဲတွေတော် တော်များများကို ကစားပေးပြီးပါပြီ။ အခုအချိန်မှာ ဘယ်တာဝန်မျိုးကိုမဆို ယူနိုင်ဖို့ အဆင့်ပါပဲ” လို့ ပြောပါတယ်။

“ဒီပွဲက ပွဲကြီးတစ်ပွဲပါ။ တကယ်လို့ ကျနော့်ကို ရွေးရင် တာဝန်ကျေအောင် လုပ်နိုင်ပါတယ်။ ကျနော်လုပ်နိုင်ကြောင်းကို ကျနော်ကိုယ်တိုင်လည်း သက်သေပြခဲ့ ပြီးပါပြီ”

တိုက်စစ်မှူးဟာ အဂ်လန်အတွက် (၂၃)ပွဲ ကစားပေးရာမှာ စုစုပေါင်း (၁၃)ဂိုး သွင်းပေး ထားပါတယ်။

သူဟာ သြစတြီးယားနဲ့ ကစားတဲ့ ချစ်ကြည်ရေးပွဲမှာ အင်္ဂလန်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက် သွင်းပေးထားပါတယ်။


ပီတာခရောက်ခ်ျ