အင်္ဂလန်နည်းပြ မက္ကလာရင်က သဘက်ခါ ခရိုအေးရှားနဲ့ ရင်ဆိုင်မယ့် ပွဲအတွက် တိုက် စစ်မှူး ဒါရင်ဘန့်ကို လက်ရွေးစင် လူစာရင်းအတွက် ခေါ်ယူခဲ့ပါတယ်။
သောကြာနေ့က သြစတြီးယားကို (၁ - ၀)နဲ့ အနိုင်ရတဲ့ ချစ်ကြည်ရေးပွဲမှာ မိုက်ကယ်အိုဝင် ပေါင်ခြံ ဒဏ်ရာရသွားပြီးနောက် ဘန့်ကို ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။
ကွင်းလယ်မှာ အဖျက်ကစားတဲ့ အိုဝင်ဟာ့ဂဗေး ပြန်ကစားနိုင်တော့မှာ ဖြစ်တဲ့အတွက် မက္က လာရင်အတွက်တော့ စိတ်သက်သာရာ ရခဲ့ပါတယ်။
နဂိုကတည်းက ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရွန်နီ မကစားနိုင်ဘဲ ဖြစ်နေတဲ့ အထဲမှာ မိုက်ကယ်အိုဝင်ပါ ထပ်ပြီး ဒဏ်ရာရလို့ အင်္ဂလန်ရဲ့ တိုက်စစ်အတွက် အကြီးအကျယ် ထိ ခိုက် ခဲ့ပါတယ်။
အသင်းခေါင်းဆောင် တယ်ရီရဲ့ ဒူးဒဏ်ရာက မသက်သာသေးသလို ဖာဒီနန်ကလည်း ပွဲပယ် ခံထားရပါတယ်။
အိုဝင်ဟာ့ဂဗေး ပြန်လာတဲ့အတွက် မက္ကာလာရင်အနေနဲ့ ကွင်းလယ်မှာ ဂျရတ်၊ လမ်းပတ်၊ ဘာရီတို့အနက် ဘယ်သူကို ရွေးမလဲဆိုတာ ခေါင်းခြောက်စရာ မေးခွန်းကို ဖြေရတောမှာ ဖြစ်ပါတယ်။
ဘာရီဟာ လမ်းပတ် ဒဏ်ရာရနေတဲ့ ကာလတွေဖြစ်တဲ့ အစ္စရေး၊ ရုရှားနဲ့ အက်စတိုး နီးယားတို့ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ပွဲတွေမှာ ခြေစွမ်းပြ နိုင်ခဲ့ပါတယ်။
တိုက်စစ်မှူး ဒါရင်ဘန့်ဟာ တော့တင်ဟမ်ကို ပေါင် (၁၆)သန်းနဲ့ ပြောင်းရွေ့လာပြီး ကတည်းက ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရပါတယ်။ |