ခရိုအေးရှားနည်းပြ ဆလဲဗန် ဘီလစ်က သဘက်ခါ ၀င်ဘလေကွင်းမှာ အင်္ဂလန်နဲ့ ကစားတဲ့ပွဲမှာ အနိုင်ရအောင် ကစားသွားမှာဖြစ်ပေမယ့် သရေကျရင်လည်း ကျေနပ် ပျော်ရွှင်မှာ ဖြစ်ကြောင်း ပြောပါတယ်။
စနေနေ့တုန်း ခြေစစ်ပွဲတုန်းက အစ္စရေးက ရုရှားကို (၂ - ၁)နဲ့ နိုင်ပြီး ခရိုအေးရှားက မက်ဆီဒိုးနီးယားကို (၂ - ၀)နဲ့ ရှုံးထားတဲ့အတွက် အင်္ဂလန်အနေနဲ့ သရေတစ်မှတ် ရရင် အောင် ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။
အုပ်စု (E) ရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ခရိုအေးရှားဟာ သရေကျရင်တောင် အုပ်စုဗိုလ် အဖြစ်နဲ့ ခြေစစ်ပွဲဝင်ခွင့် လက်မှတ်ရမှာ ဖြစ်ပါတယ်။
“ဘယ်သူတွေပဲ ရေပန်းစားနေနေ အင်္ဂလန်နဲ့ ကစားတဲ့အခါမှာ တစ်မှတ်ရရင်တောင် ကျ နော်တို့ ပျော်ရွှင်မှာပါ။ ၀င်ဘလေကွင်းမှာ တစ်မှတ်ရရင် ရလဒ်ကောင်း ဖြစ်ပါတယ်။ ဒါ ပေမယ့် သရေကျဖို့အတွက်တော့ မကစား နိုင်ပါဘူး” လို့ ခရိုအေးရှားနည်းပြက ပြော ပါတယ်။
“ဒီပွဲက ပွဲကြီးပွဲကောင်းတစ်ပွဲပါ။ ၀င်ဘလေကွင်းမှာ ကစားရရေးဟာ ကစားသမားတိုင်း အတွက် အိမ်မက် ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ကိုယ်စားပြုနိုင်အောင် ကြိုးစားသွားမှာပါ”
ဘီလစ်က အစ္စရေးကစားတဲ့ စနေနေ့ပွဲ မတိုင်မီက ထွက်ပေါ်လာမယ့် ရလဒ်အတွက် ရင်တ မမဖြစ်နေတဲ့ အင်္ဂလန်နည်းပြ မက္ကလာရင်ကိုလည်း လက်ရှိအလုပ်နဲ့ ထိုက်တန်ကြောင်း ထောက်ခံ ပြောဆိုပါတယ်။
၎င်းက ဆက်လက်ပြီး “သူ လိုချင်တဲ့ ရလဒ်ကို ရခဲ့ပါတယ်။ မက္ကလာရင်က သူ ကစားတဲ့ ပွဲ တိုင်းမှာ ကံမကောင်းပါဘူး။ အကြောင်းကတော့ သူ့ရဲ့ အရေးကြီးတဲ့ ကစားသမား (၃) ယောက်၊ (၄)ယောက်လောက်က အမြဲတမ်း ဒဏ်ရာနဲ့ ကြုံနေပါတယ်” လို့ ပြောပါတယ်။
အင်္ဂလန်နည်းပြ မက္ကလာရင်ကတော့ ခရိုအေးရှားကို သရေရဖို့ထက် အနိုင်ရအောင်သာ ကစားသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
“ကျနော်တို့အားလုံး လိုအပ်နေတဲ့ သရေပါ။ ဒါပေမယ့် သေချာအောင် တိုက်စစ်ကို မြင့်ပြီး ကစားသွားမှာပါ” |

ကစားသမားတွေကို လေ့ကျင့်ရေးကွင်းမှာ သရုပ်ပြနေတဲ့ ခရိုအေးရှားနည်းပြ ဘီလစ်
|