DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ရုရှားကို အနိုင်ကစားတဲ့ အစ္စရေးကို အင်္ဂလန်နည်းပြ မက္ကလာရင် ချီးကျုးဂုဏ်ပြု စကားဆို
အေဂျင်စီသတင်းများ - နိုဝင်ဘာ ၁၈၊ ၂၀၀၇

ရုရှားကို (၂ - ၁)နဲ့ အနိုင်ရအောင် ကစားသွားတဲ့ အစ္စရေးပွဲကို ဟိုတယ်တစ်ခုရဲ့ တီဗွီကနေ ကြည့်ရှု့နေတဲ့ အင်္ဂလန်နည်းပြ မက္ကလာရင်က ချီးကျုး ပြောဆိုလိုက်ပါတယ်။

ယင်းပွဲမတိုင်မီက အင်္ဂလန်ရဲ့ ယူရို ၂၀၀၈ ခြေစစ်ပွဲအောင်မြင်ရေးဟာ အစ္စရေးအသင်းရဲ့ အနိုင်အရှုံး ရလဒ်ပေါ်မှာ မူတည်နေပြီး အလားအလာလည်း နည်းနေပါတယ်။

အစ္စရေးကို အိမ်ကွင်းကို ရုရှားကို အနိုင်ယူလိုက်တဲ့အတွက် အုပ်စုထိပ်ဆုံးမှာရှိတဲ့ ခရိုအေးရှားက အင်္ဂလန်နဲ့ လက်ကျန်တစ်ပွဲ ကစားဖို့ ရှိသေးပေမယ့် အရှုံးအနိုင် အရေးမပါတော့ဘဲ အလိုအလျောက် ခြေစစ်ပွဲ အောင်ပြီးသား ဖြစ်သွားပါတယ်။

“မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ညပါပဲ။ ဒီသတင်းဟာ ကျနော်တို့ အားလုံးအတွက် တကယ့် ၀မ်းသာစရာပါပဲ” လို့ မက္ကလာရင်က ပြောပါတယ်။

“အစ္စရေးအသင်းရဲ့ သူတို့အလုပ် အပေါ်မှာထားတဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကို ကျနော် ချီး ကျုး ဂုဏ်ပြုချင် ပါတယ်။ သူတို့နိုင်ငံအပေါ်မှာထားတဲ့ ဂုဏ်ယူဖို့ကောင်းတဲ့ စိတ်ဓါတ်က ချီးကျုးဂုဏ်ပြုမှုတွေနဲ့ ထိုက်တန်ပါတယ်”

ခရိုအေးရှားအသင်းကတော့ အဝေးကွင်းမှာ အသင်းငယ် မက်ဆီဒိုးနီးယားကို (၂ - ၀)နဲ့ ရှုံးခဲ့ပါတယ်။

အထက်ပါ ရလဒ်ကြောင့် အင်္ဂလန်က နောက်ဆုံးပွဲမှာ ခရိုအေးရှားကို အနိုင်ရခဲ့ရင် အုပ်စု ဗိုလ်အဖြစ်နဲ့ ခြေစစ်ပွဲ အောင်မှာ ဖြစ်ပါတယ်။

“ဒါမျိုးတွေ ဖြစ်လာလိမ့်မယ်ဆိုတာကို ကျနော် အမြဲတမ်း ယုံကြည်ထားပါတယ်။ ကျေးဇူးတင် စွာနဲ့ပဲ ထင်တဲ့အတိုင်း ဖြစ်လာခဲ့ပါပြီ” လို့ အင်္ဂလန်နည်းပြက ပြောပါတယ်။

ခရိုအေးရှားနဲ့ ရင်ဆိုင်ရမယ့် ပွဲနဲ့ ပက်သက်လို့ မက္ကလာရင်က “ဒီပွဲဟာ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ် ပါလိမ့်မယ်။ ကျနော် လိုချင်တဲ့ ရလဒ် ရလာပြီး ခြေစစ်ပွဲအောင်လိမ့်မယ်လို့ သဘောပေါက် ထားပါတယ်” လို့ ထပ်ပြောပါတယ်။

လက်ရှိ အုပ်စု (အီး)မှာ ခရိုအေးရှား (၂၆)မှတ်နဲ့ ပထမ၊ အင်္ဂလန် (၂၃)နဲ့ ဒုတိယ၊ ရုရှားက (၂၁)မှတ်နဲ့ တတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

အဆုံးအဖြတ် နောက်ဆုံးပွဲစဉ်ကို လာမယ့် (၂၁)ရက်နေ့မှာ အင်္ဂလန်က ခရိုအေးရှားနဲ့ ကစား ရမှာဖြစ်ပြီး ရုရှားက အင်ဒိုရာနဲ့ တွေ့မှာ ဖြစ်ပါတယ်။

ရှားပွဲကို ပြုံးပြီးတီဗွီကနေ ကြည့်နေတဲ့ မက္ကလာရင်