DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
လက်ဝှေ့
မူယစ်ဆေးဝါး သုံးစွဲမှု၊ လက်ဝယ်ပိုင်ဆိုင်မှုတွေနဲ့ မိုက်တိုင်ဆန် ထောင်ဒဏ် တစ်ရက် ကျခံရ
ရိုက်တာ - နိုဝင်ဘာ ၂၀၊ ၂၀၀၇

ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုက်တိုင်ဆန်ဟာ စက်တင်ဘာလအတွင်းမှာ မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှုနဲ့ သုံးစွဲပြီး ကာမောင်းတဲ့ ပြစ်မှုတို့ကြောင့် တရားရုံးက ပြီးခဲ့တဲ့ တင်္နလာ နေ့မှာ ထောက်ဒဏ် (၁၀)ရက် ချမှတ်ခဲ့ပေမယ့် တစ်ရက်သာ ပြစ်ဒဏ် ကျခဲ့ရပါတယ်။

မူးယစ်ပြီး ကားမောင်းတဲ့ အမှုအတွက် Maricopa Country ရဲ့ တရားသူကြီးချုပ် ဟယ်လီနီ အေဘရန်စ်က တိုင်ဆန်ကို စာရိတ္တပြုပြင်ရေးကျောင်းတွေမှာ (၃)နှစ် အမှုထမ်းဖို့ အမိန့်အပြင် လူမှုရေးလုပ်ငန်းတွေမှာ နာရီပေါင်း (၃၆၀) လုပ်ကိုင်ပေးဖို့ကိုပါ တခါတည်း အမိန့်ချ ခဲ့ပါတယ်။

အသက် (၄၁)နှစ်ရှိ ဟဲဗီးဝိတ်ဖိုက်တာဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ (၂၉)ရက်နေ့မှာ သူ့ရဲ့ အနက်ရောင် ဘီအမ်ဒဗလျုကားနဲ့ ရဲကားတို့ တိုက်မိမလို ဖြစ်အပြီးမှာ အဖမ်းခံရခြင်း ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက သူ့ရဲ့ ခရီးဆောင်အိတ်ထဲမှာ ကိုကင်း (၂.၁၆) ဂရမ်ကိုပါ တပါတည်း ပူးတွဲဖမ်းမိခဲ့ခြင်း ဖြစ်ပါတယ်။

တိုင်ဆန်ဟာ ၁၉၉၂ တုန်းက အမျိုးသမီးတစ်ယောက်ကို မုဒိမ်းကျင့်တဲ့ အမှုနဲ့ ထောင်ဒဏ် (၃)နှစ် ကျခံရ ဖူးပါတယ်။

သံမဏိလူသား ၁၉၉၇မှာ ဟိုလီဖီးနဲ့ ယှဉ်ပြိုင်ထိုးသတ်တဲ့ ပွဲမှာ နားရွက်ကို ကိုက်ဖြတ်ဖို့ ကြိုးစားတဲ့အတွက် ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်က တစ်နှစ်ပယ်တဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။


အမှုရင်ဆိုင်ဖို့ တရားရုံးကို လာရောက်တဲ့ မိုက်တိုင်ဆန်