DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
အာရှအားကစား
၂၁ ရာစုအတွင်း အခမ်းအနားဆုံးနှင့် အကြီးကျယ်ဆုံး ဆီးဂိမ်းပြိုင်ပွဲကြီး (သို့)
ထိုင်းတို့ ပါဝါထုတ်ပြမည့် ၂၄ ကြိမ်မြောက် ဆီးဂိမ်း
ကိုစိုးမိုး (IBC) - နိုဝင်ဘာ ၂၉၊ ၂၀၀၇

လာမည့် ဒီဇင်ဘာ ၅ ရက်နေ့ဆိုလျှင် ၂၄ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကြီး 24th SEA Game, 2007 ကို ထိုင်းနိုင်ငံတွင် စတင်ကျင်းပတော့မည်ဖြစ်သည်။ တိတိကျကျဆိုရ လျှင် ဒီဇင်ဘာ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံလျက် ၂၁ ရာစုအ တွင်း အာဆီယံဒေသတွင်း၌ အကြီးကျယ်ဆုံးနှင့်အခမ်းနားဆုံး အားကစားပွဲတော်ကြီးဖြစ်စေရန် စနစ် ကျစီမံဆောင်ရွက်ထားသည်ကို တွေ့ရပေလိမ့်မည်။ အကြောင်းမှာ ထိုင်းလူမျိုးတိုင်း အလွန်ကြည်ညို အလေးအမြတ်ထားသော ထိုင်းဘုရင်မင်းမြတ် ဘူမိသောအနူရာဒက်ခ်ျ၏ သက်တော် ၈၀ ပြည့်မွေးနေ့ အခါသမယနှင့် တိုက်ဆိုင်နေသည့်အတွက် ထူးခြားဆန်းပြားသော စိတ်ကူးများ၊ အဆင့်မြင့်သော နည်းပညာများဖြင့် ငွေကုန်ကြေးကျများစွာ အကုန်ခံကာ Sea Games ပြိုင်ပွဲတစ်လျှောက်တွင် အခမ်း နားဆုံး၊ အကြီးကျယ်ဆုံးဖြစ်အောင် အထူးစီမံ ကျင်းပမည်ဖြစ်သည်။


ဆီးဂိမ်းသမိုင်းအကြောင်း

ဒီနှစ်ထိုင်းဆီးဂိမ်းအကြောင်းမပြောမှီ ဆီးဂိမ်းပြိုင်ပွဲဖြစ်ပေါ်လာပုံကို အကျဉ်းပြန်တင်ပြပေးချင် သည်။ သို့မှသာ ဆီးဂိမ်း၏အဓိပ္ပာယ်၊ အနှစ်သာရနှင့် ပြိုင်ပွဲအဆင့်အတန်းကို ခန့်မှန်း၍ရမည်မဟုတ်ပါ လား။

ယခင်က ဆီးဂိမ်းပြိုင်ပွဲ Sea Games ဟု အမည်မတွင်သေးပဲ အရှေ့တောင်အာရှ ကျွန်းဆွယ် ပြိုင်ပွဲ SEAP Games- Southeast Asian Peninsular Games အမည်ဖြစ်ပြီး ပထမအကြိမ် ပြိုင်ပွဲကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ၁၉၅၉ ၌ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ၁၉၆၁ ဒုတိယအကြိမ် SEAP Games ပြိုင်ပွဲကို ရန်ကုန်မြို့မှာကျင်းပခဲ့ပြီး ၁၉၆၃ တတိယအကြိမ်ပြိုင်ပွဲကို ကမ္ဘောဒီယားနိုင်ငံမှာ ကျင်းပခဲ့ရန် စီစဉ်ခဲ့သော်လည်း ပြည်တွင်းစစ်က မကျင်းပဖြစ်ပဲ ပွဲရပ်ခဲ့ရသည်။ ၁၉၅၄ ခုနှစ်မှ ၁၉၇၅ ခုနှစ် ၈ ကြိမ်မြောက်အထိ SEAP Games အမည်ဖြင့် ကျင်းပခဲ့ပြီး ၁၉၇၇ ခုနှစ်မှစကာ ယနေ့အထိ SEA Games ပြိုင်ပွဲဟု အမည်ပြောင်းကာ ကျင်းပခဲ့ခြင်းဖြစ်သည်။

နှစ်အလိုက် အိမ်ရှင်လုပ်ခဲ့သည့်နိုင်ငံများကိုကြည့်လျှင် ထိုင်းနိုင်ငံက ယခုအကြိမ်အပါအ၀င် အိမ်ရှင် ၆ ကြိမ် အများဆုံးလုပ်ခဲ့ပြီး မလေးရှားက ၅ ကြိမ်နှင့် ဒုတိယအများဆုံး အိမ်ရှင်လုပ်ခဲ့သည်ကို တွေ့ရ သည်။

SEAP / SEA GAMES အိမ်ရှင်များ

ခုနှစ် အကြိမ် အိမ်ရှင်နိုင်ငံ ကျင်းပမည့်မြို့
၁၉၅၉ ပထမအကြိမ် ထိုင်း ဘန်ကောက်
၁၉၆၁ ဒုတိယအကြိမ် မြန်မာ ရန်ကုန်
၁၉၆၅ တတိယအကြိမ် မလေးရှား ကွာလာလမ်ပူ
၁၉၆၇ စတုတ္တအကြိမ် ထိုင်း ဘန်ကောက်
၁၉၆၉ ပဉ္စမအကြိမ် မြန်မာ ရန်ကုန်
၁၉၇၁ ဆဌမအကြိမ် မလေးရှား ကွာလာလမ်ပူ
၁၉၇၃ သတ္တမအကြိမ် စင်ကာပူ စင်ကာပူ
၁၉၇၅ အဌမအကြိမ် ထိုင်း ဘန်ကောက်
၁၉၇၇ န၀မအကြိမ် မလေးရှား ကွာလာလမ်ပူ
၁၉၇၉ ဒသမအကြိမ် အင်ဒိုနီးရှား ဂျာကာတာ
၁၉၈၁ ၁၁ ကြိမ်မြောက် ဖိလစ်ပိုင် မနီလာ
၁၉၈၃ ၁၂ ကြိမ်မြောက် စင်ကာပူ စင်ကာပူ
၁၉၈၅ ၁၃ ကြိမ်မြောက် ထိုင်း ဘန်ကောက်
၁၉၈၇ ၁၄ ကြိမ်မြောက် အင်ဒိုနီးရှား ဂျာကာတာ
၁၉၈၉ ၁၅ ကြိမ်မြောက် မလေးရှား ကွာလာလမ်ပူ
၁၉၉၁ ၁၆ ကြိမ်မြောက် ဖိလစ်ပိုင် မနီလာ
၁၉၉၃ ၁၇ ကြိမ်မြောက် စင်ကာပူ စင်ကာပူ
၁၉၉၅ ၁၈ ကြိမ်မြောက် ထိုင်း ချင်းမိုင်
၁၉၉၇ ၂၀ ကြိမ်မြောက် ဘရူနိုင်း ဘန်ဒါဆာရီဆမ်ဂါဝန်
၂၀၀၁ ၂၁ ကြိမ်မြောက် မလေးရှား ကွာလာလမ်ပူ
၂၀၀၃ ၂၂ ကြိမ်မြောက် ဗီယက်နမ် ဟနွိုင်း၊ ဟိုချီမင်း
၂၀၀၅ ၂၃ ကြိမ်မြောက် ဖိလစ်ပိုင် မနီလာ၊ လာကူနာ၊ ဆီဘူး၊
ဘာကိုလော
၂၀၀၇ ၂၄ ကြိမ်မြောက် နာခွန်ရက်ချာရက်ဆီမာ -
ဘန်ကောက်၊ ပတ္တရား
၂၀၀၉ ၂၅ ကြိမ်မြောက် လာအို ဗီယန်ကျင်း
၂၀၁၁ ၂၆ ကြိမ်မြောက် အင်ဒိုနီးရှား -

 

ဒေါ်လာသန်း ၃၀၀ ကျော် အကုန်ခံထား

ဆီးဂိမ်းပြိုင်ပွဲ အိမ်ရှင်အဖြစ် မကြာခဏ လက်ခံကျင်းပလေ့ရှိခဲ့သည့် ထိုင်းနိုင်ငံသည် ယခု ၂၄ ကြိမ်မြောက်ပြိုင်ပွဲကိုတော့ ယခင်လုပ်နေကျမြို့တော် ဘန်ကောက်နဲ့ ချင်းမိုင်မြို့ကြီးတွေမှာ လက်ခံ ကျင်းပမှာမဟုတ်ဘဲ ထိုင်းနိုင်ငံမြောက်ပိုင်း မြို့ကြီးတစ်မြို့ဖြစ်သည့် နာခွန်ရက်ချာဆီမာ (Nakhon Ratchasima) မြို့မှ အဓိက လက်ခံကျင်းပသွားမည်ကို ကြည့်ပါက ထိုင်းနိုင်ငံ၏ အားကစားအခြေခံ အဆောက်အဦးပေါများမှုနှင့် အားကစားအဆင့်အတန်းကို ခန့်မှန်းနိုင်သည်။ ယခုနှစ်ဆီးဂိမ်းမှာ ထိုင်း ဘုရင်မင်းမြတ်၏ သက်တော် ၈၀ ပြည့်မွေးနေ့အခါသမယနှင့် တိုက်ဆိုင်နေတာကြောင့် ၂၁ စုအတွင်း အခမ်းအနားဆုံးနှင့် အကြီးကျယ်ဆုံးဖြစ်ရန် နိုင်ငံတကာ အားကစားပြိုင်ပွဲကြီး တစ်ခုအတွက် လိုအပ်သည့် အခြေခံအဆောက်အဦးများ၊ ကွင်းများ၊ မီဒီယာစင်တာများ၊ ကျန်းမာရေးစောက်ရှောက် မှုဌာနများ၊ ခေတ်မီ လုံခြုံရေးဆိုင်ရာလုပ်ငန်းများ အပါအ၀င် အခြားလိုအပ်သည့် ကြိုတင်ပြင် ဆင်မှုများအတွက် ဒေါ်လာသန်း ၃၀၀ ခန့် အကုန်ကျခံ ပြင်ဆင်ခဲ့သည်ဟု သိရသည်။ ယခင်ကတည်းက နိုင်ငံတကာ အဆင့်မီ အားကစားကွင်း၊ အားကစားရုံနှင့် အခြေခံ အဆောက်အဦး များမရှိသော နိုင်ငံဆိုလျှင် ယခု ပြင်ဆင်မှုမျိုးဖြစ်အောင် ဒေါ်လာသန်း ၇၀၀ လောက် အကုန်ကျခံ ပြင် ဆင်ရဖွယ်ရှိသည်။

အားကစားနည်းပေါင်း ၄၅ မျိုးနှင့် ရွှေတံဆိပ် ၄၈၅ ခု

ယခုနှစ် ထိုင်းဆီးဂိမ်းတွင် အားကစားနည်းအမျိုးပေါင်း ၄၃ မျိုနှင့် မိတ်ဆက်အားကစားနည်း ၅၀ နှင့် Kempo နှစ်မျိုး၊ စုစုပေါင်း ၄၅ မျိုးထည့်သွင်း ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် ယခုနှစ် ထိုင်း ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးမှာ အိုလံပစ်အားကစားပြိုင်ပွဲကြီးများထက်ပင် အားကစားနည်းများပိုနေ သေးသည်။ လက်ခံကျင်းပမည့် အားကစားနည်းထဲတွင် ဘောလုံး၊ အလေးမ၊ ပြေးခုန်ပစ်၊ ရေကူး၊ လက်ဝှေ့၊ ဘော်လီဘော၊ တင်းနစ်စသည့် နိုင်ငံတကာ အိုလံပစ်အားကစားနည်းများပါသကဲ့သို့ အိုလံ ပစ်အားကစားနည်း မဟုတ်သော်လည်း ကမ္ဘာကျော်အားကစားနည်းတွေ ဖြစ်နေသည့် စစ်တုရင်၊ ကရာ တေးဒို၊ ၀ူရှူး၊ ဂေါက်သီး၊ တိုးလင်းစသော အားကစားနည်းတွေလည်း ပါသေးသည်။ ထို့အပြင် ယခင် က အိုလံပစ်အားကစားနည်း ဖြစ်ခဲ့ဖူးသော ဆော့ဖ်ဘောလို အားကစားနည်းမျိုးလည်း ပါဝင် နေသကဲ့ သို့ အိုလံပစ်နှင့် ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပဖူးလေ့မရှိဘဲ အိမ်ရှင်နိုင်ငံများမှ အထူးထည့် သွင်းကျင်းပသည့် အကအားကစား Dance sport/ Netball နှင့် Lawn bowl စသည့် အားကစားနည်းမျိုးများလည်း ပါဝင်နေ၍ ဆီးဂိမ်းပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင်လည်း အားက စားနည်း အများဆုံးပြိုင်ပွဲဟု သတ်မှတ်ရမည်ဖြစ်သည်။
ဆုချီးမြှင့်မည့် ဆုတံဆိပ်အရေအတွက်မှာလည်း ရွှေတံဆိပ် ၄၈၅ ခု၊ ငွေတံဆိပ် ၄၈၅ ခုနှစ် ကြေးတံဆိပ် ၆၄၀ ရှိပြီး အားကစားနည်းများထဲတွင် ရွှေတံဆိပ်အများဆုံးချီးမြှင့်မည့် အားကစားနည်း မှာ ပြေးခုန်ပစ်ဖြစ်သည်။ ပြေးခုန်ပစ်အားကစားပြိုင်ပွဲမှ ရွှေတံဆိပ် ၄၅ ခု၊ ငွေနှင့်ကြေးတံဆိပ်အဖြစ် လည်း ၄၅ ခုစီ ချီးမြင့်မည်ဖြစ်သည်။

မြို့ကြီး ၃ မြို့တွင် လက်ခံကျင်းပမှာဖြစ်

ယခု ဆီးဂိမ်းအတွက် အားကစားနည်း အများစုကို နာခွန်ရက်ချာဆီမာမြို့တွင် ကျင်းပမည်ဖြစ် သော်လည်း မြို့တော်ဘန်ကောက်နှင့် ပတ္တရားတွင်လည်း အားကစားနည်းအချို့ ကျင်းပမည်ဖြစ် သည်။ ပြောရလျှင် အားကစားရွာသစ်ကြီးတစ်ခု တည်ဆောက်ထားသည့် နာခွန်ရက်ချာဆီမာမြို့တွင် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ကရာတေးဒို၊ ကြက်တောင်၊ ဂေါက်သီး၊ စက်ဘီး၊ ၀ူ ရှူး၊ ဘိလိယက်၊ မြားပစ်တို့ အပါအ၀င်အားကစားနည်း ၃၁ မျိုးကို လက်ခံကျင်းပမည်ဖြစ်ပြီး ဘန် ကောက်တွင် ဖူဆယ်ဘောလုံး၊ ဘေ့စ်ဘော၊ ၀ါတာပိုလို၊ သေနတ်ပစ်၊ ဘိုလင်းတို့အပါအ၀င် အား ကစားနည်း ၆ မျိုးကို ကျင်းပမည်ဖြစ်သည်။ ပတ္တယား (ချောင်ဘူရီမြို့)တွင်တော့ လှေလှော်၊ ရွက်လှေ၊ ရေကူး၊ ကနူးကယက် သုံးမျိုးစုံအားကစားနည်း ၆ မျိုးကို ကျင်းပမည်ဟု သိရသည်။

ပြိုင်ပွဲဝင်နိုင်ငံများနှင့် အားကစားအဖွဲ့ဝင် အရေအတွက်

ယခုနှစ် ဆီးဂိမ်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံအနက် တီမောမှလွဲ၍ ကျန် ၁၀ နိုင်ငံဝင် ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အားကစားသမားများနှင့် အုပ်ချုပ်စီမံ အထောက်အကူပြု အဖွဲ့ဝင်စုစုပေါင်း ၈၅၇၇ ယောက် (၆၅၄၁+၂၀၃၆) ပါဝင်မည်ဖြစ်သည်။ အားကစားသမားအရေအတွက် အများဆုံးမှာ ထုံးစံအတိုင်း အိမ်ရှင်ထိုင်းပင်ဖြစ်ပြီး ဒုတိယအများဆုံးနိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံက အားကစားသမား ၅၁၀ ဦးနှင့် စီမံအုပ်ချုပ်သူနှင့် Official ပေါင်း ၂၀၂ ဦးဖြင့် သွားရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

နိုင်ငံအလိုက် အားကစားအဖွဲ့ဝင်များစာရင်း

နိုင်ငံ ကစားသမား Official အဖွဲ့ဝင်ပေါင်း
ကျား မ ပေါင်း ကျား မ ပေါင်း
ထိုင်း 619 519 1138 344 68 265 1503
ဖိလစ်ပိုင် 522 380 902 - - - 902
မလေးရှား 492 366 858 256 25 281 1139
အင်ဒိုနီးရှား 494 357 851 248 25 273 1124
စင်ကာပူ 399 307 706 200 65 265 971
ဗီယက်နမ် 381 319 700 214 51 265 965
မြန်မာ 315 195 510 170 32 202 713
လာအို 255 208 463 115 68 183 646
ကမ္ဘောဒီးယား 191 87 278 100 - 100 378
ဘရူနိုင်း 104 31 135 55 0 55 190
ပေါင်း 3772 2769 6541 1702 334 2036 8577

ပါဝင်သည့် အားကစားသမားအရေအတွက်နှင့် အိမ်ရှင်အခွင့်အရေးအရ ထိုင်းမှာ ရွှေတံဆိပ် အများရရှိနိုင်ရန် နီးစပ်နေသော်လည်း ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ်အားကစားအဖွဲ့များ ကို လည်း လျော့တွက်၍မရပေ။

နာခွန်ရက်ချာဆီမာမြို့

ယခင်က မြို့တော်ဘန်ကောက်တွင် ဆီးဂိမ်း ၄ ကြိမ်၊ ချင်းမိုင်မြို့တွင် ၁ ကြိမ် လက်ခံကျင်းပခဲ့ သော်လည်း ယခုနှစ်ကျမှ နာခွန်ရက်ချာဆီမာမြို့တွင် အဓိကကျင်းပရခြင်းမှာ အကြောင်းရှိသည်။ ထို မြို့သည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင်ရှိပြီး ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပိုမိုထင်ရှားလာခဲ့သော စက်မှုစီးပွားရေး ထွန်းကားသည်မြို့တစ်မြို့ ဖြစ်သည်။ မြို့၏ဖွဲ့စည်းပုံလှပမှုနှင့် သဘာဝအခြေခံ၊ ယဉ် ကျေးမှုအဆောက်အဦးအချို့တည်ရှိမှုကြောင့် ကမ္ဘာလှည့်ခရီးသွားများကို ဖမ်းစားနိုင်သည့်မြို့ဖြစ်၍ ယခုပြိုင်ပွဲကို ယင်းမြို့တွင် အဓိကလက်ခံကျင်းပရခြင်းဖြစ်သည့်အပြင် ထိုင်းနိုင်ငံ၏ တိုးတက်မှုပါဝါကို လည်း ဖော်ထုတ်ပြသသည့် သဘောပင်။

လုံခြုံရေး၊ လေ့ကျင့်ရေးနှင့် မီဒီယာစင်တာများ

ဆီးဂိမ်းပြိုင်ပွဲကို မကြခဏလက်ခံကျင်းပလေ့ရှိသည့် ထိုင်းနိုင်ငံအနေဖြင့် ယခုပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုများ အခက်အခဲသိပ်မရှိနိုင်ပေ။ ယခုပြိုင်ပွဲအတွက် အားကစားနည်းအလိုက် အသင်းလိုက် နေရာချထားပေးသည့် ပင်မအားကစားကွင်းကြီးထဲမှ လေ့ကျင့်ရေးစင်တာများ၊ ကွင်းများ အလုံ အလောက်ထားရှိပြီးဖြစ်သလို အဆင့်မီမီဒီယာပေါင်း ၁၆ ခု ဖွင့်လှစ်ပေးထားသည်။

ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများအတွက်လည်း လိုလေသေးမရှိအောင် စီစဉ်ဆောင်ရွက် သည့် အပြင် အရေးကြီးဆုံးဖြစ်သည့် လုံခြုံရေးအတွက်လည်း ခေတ်မီလုံခြုံရေးအချက်ပေး ကိရိယာများကို အားကစားရုံတိုင်း၊ ကွင်းတိုင်းတွင်တပ်ဆင်ထားရှိပြီးဖြစ်သည့်အပြင် အထူးလုံခြုံရေးဝန်ထမ်း ၁၅၀၀၀ လောက်ကိုလည်း လေ့ကျင့်တာဝန်ပေးထားသည်။ အထောက်အကူပြု အခမဲ့ဝန်ထမ်း ၁၅၀၀ ကျော်၊ ဆက်သွယ်ရေးအရာရှိ (Larson Officer) ပေါင်း ၂၈၅၆ယောက် တာဝန်ပေးထားသည့်အပြင် အထူးဧည့်သည်တော် (VIP) များအတွက်လည်း သီးခြားဟိုတယ်ခန်းများ၊ အဆောင်အယောင်များ ပံ့ပိုးစီစဉ်ပေးထားမည်ဖြစ်သည်။

အစောဆုံးကျင်းပသည့် အားကစားပွဲနှင့် ရက်အကြာဆုံး အားကစားပွဲ

ယခု ဆီးဂိမ်းကို ဒီဇင်ဘာလ ၆ ရက်နေ့မှာ တရားဝင်ဖွင့်ပွဲအခမ်းအနားပြုလုပ်မည်ဖြစ်သော် လည်း သေနတ်ပစ်အားကစားပြိုင်ပွဲကို ယခုနိုဝင်ဘာလ ၂၇ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ ယခု ဆီးဂိမ်း အတွက် ပထမဆုံးအားကစားပြိုင်ပွဲမှာ ယင်းနေ့က ဘန်ကောက်တွင် ကျင်းပခဲ့သော အမျိုး သမီးတစ်ဦးချင်း ရိုင်ဖယ်သေနတ်ပစ်ပွဲဖြစ်ပြီး ထိုပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သူမှာ မြန်မာသေနတ်ပစ်မယ် သန်းသန်းစောဖြစ်သည်။ ထို့ကြောင့် သန်းသန်းစောသည် အမိနိုင်ငံအတွက် သာမက ယခုဆီး ဂိမ်းပြိုင်ပွဲတွင် ပထမဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်သော အားကစားသမား (The First Gold Motalist of 24th SEA GAMES 2007) အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

ယခုဆီးဂိမ်းပြိုင်ပွဲကာလအတွင်း ရက်အရှည်ကြာဆုံး အားကစားနည်းမှာ ဒီဇင်ဘာ ၂ ရက်မှ ၁၄ ရက်ထိကျင်းပမည့် အမျိုးသားဘောလုံးဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့်နေရက် အရေအတွက်အရ ကြည့် လျင်တော့ ဘောလုံးပွဲရက်က ၈ ရက်သာရှိပြီး ပိုက်ကျော်ခြင်းက ၁၁ ရက်ရှိသည်။

လက်မှတ်ဈေးနှုန်း

ဒီနှစ် ဆီးဂိမ်းပြိုင်ပွဲအတွက် ပွဲကြည့်ခွင့်လက်မှတ်များကို ပြည်တွင်း၌အပြင် အင်တာနက် များမှ တစ်ဆင့်လည်း ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့က စတင်ကာ ရောင်းချပေးခဲ့ပြီးဖြစ်သည်။ အဓိက အားကစားပွဲများလက်ခံကျင်းပမည့် နာခွန်ရက်ချာဆီမာ အားကစားကွင်းတွင်ရှိသော ထိုင်ခုံ အရေအတွက်ပေါင်းမှာ ၂၁၆၅၉ ခုံရှိသော်လည်း အထူးဧည့်သည်တော်များ၊ VIP များနှင့် အားကစား ကိုယ်စားလှယ်အဖွဲ့ဝင်အချို့နှင့် မီဒီယာများကို အခမဲ့ကြည့်ရှုခွင့်ပေးမည့်ထိုင်ခုံ ၆၀၀၀ မှလွဲ၍ ကျန်ခုံ များကို ရောင်းချမည်ဖြစ်သည်။ သို့သော် အားကစားနည်း ၄၃ မျိုးအနက် ဘောလုံး၊ ဖူဆယ်၊ ဘောလီ ဘော၊ ကြက်တောင်၊ လက်ဝှေ့စသည့် အားကစားနည်းများအပါအ၀င် အားကစားနည်း ၁၈ မျိုးကိုသာ လက်မှတ်ဝယ် ကြည့်ရမည်ဖြစ်သော်လည်း ကျန်အားကစားပွဲများကိုလည်း အခမဲ့ ကြည့်ရှုခွင့်ပေးမည် ဖြစ်သည်။

လက်မှတ်ဈေးနှုန်းမှာ ဘောလုံးပြိုင်ပွဲက အမြင့်ဆုံးဖြစ်ပြီး ဘတ် ၅၀ မှ ၆၀၀ အထိရှိသည်။ ဈေးအနည်း ဆုံးလက်မှတ်ခမှာ ကြက်တောင်အားကစားပွဲဖြစ်ပြီး ဘတ် ၂၀ သာကျသလို အခကြေးငွေ ပေးကြည့်ရသော ယင်းအားကစားနည်း ၁၈ မျိုးအား ပြည်တွင်းမှ ကျောင်းသားလူငယ်များနှင့် ဆရာမ များ ကြည့်ရှုမည်ဆိုပါက အထူးလျှော့ဈေးနှုန်းဖြစ်သည့် ပုံသေဘတ် ၂၀ သာကျမည်ဟုလည်း သိ ရသည်။

ပြိုင်ပွဲစပွန်ဆာများ

ယခုဆီးဂိမ်းအတွက် ထိုင်းအစိုးရက အမေရိကန်ဒေါ်လာသန်း ၂၀၀ နှင့် ဘတ်သန်း ၅၀၀၀ ကျခံခဲ့ပြီး ပြိုင်ပွဲကို အဓိကပံ့ပိုးသည့် ကုမ္ပဏီများက ကျန်ငွေများကို အချိုးကျ ကျခံခဲ့ကြသည်ဟု သိရသည်။ ယခုပြိုင်ပွဲအတွက် အဓိကစပွန်ဆာများ (Official Sponsors) အဖြစ် FBT, Canon, VOLVO, HP နှင့် CAT ကုမ္ပဏီကြီးများက တာဝန်ယူခဲ့ပြီး Co-sponsors များအဖြစ် MILO, Coca Cola, PTT, TOT နှင့် ထိုင်းသတင်းနှင့် ရုပ်သံကုမ္ပဏီကြီးတစ်ခုတို့က ပါဝင်ပံ့ပိုးပေးထားကြောင်း သိရသည်။

အလွန်ခမ်းနားကြီးကျယ်သည့် ဖွင့်ပွဲနှင့် ပိတ်ပွဲ

ယခုဆီးဂိမ်းကို ထိုင်းဘုရင်မင်းမြတ် သက်တော် ၈၀ ပြည့် မွေးနေ့အခမ်းအနားကြီးပြီးချိန် နောက် တစ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲသက်တမ်း ၄၈ နှစ် အတွင်း အစည်ကားဆုံး၊ အခမ်းအနားဆုံးနှင့် အသစ်ဆန်းဆုံးဖြစ်အောင် Con Art အနုပညာဖန်တီး ရေးကုမ္ပဏီ၏ စိတ်ကူးဒီဇိုင်းအသစ်အဆန်းများကို ပုံဖော်ပေးမည်ဖြစ်သလို ခေတ်မှီဆန်းသစ်သော အနုပညာစွမ်းရည်ကို အီလက်ထရောက်စနစ်နည်းပညာနှင့် ရောစပ်၍ ထူးခြားသောပုံစံများဖြင့် ဖျော်ဖြေရန် ကျောင်းသူ၊ ကောင်းသားလူငယ် ၁၅၀၀၀ ကျော်ကို ၃ လကျော်ကြာ သရုပ်ဖော် အကများဖြင့် စနစ်တကျလေ့ကျင့် ပေးထားသည်ဟု သိရသည်။

ဖွင့်ပွဲအခမ်းအနားသီချင်းဖြစ်သော Rhythm of the Winner ကို အာရှတိုက်တွင် အလွန် လူကြိုက် များသော နာမည်ကြီး ထိုင်းသရုပ်ဆောင် အဆိုတော် တာတာယန်း( ပြီးခဲ့သည့် အာရှဖလား ပွဲတွင် လည်း အဖွင့်သီချင်းသီဆိုခဲ့သူ) သီဆိုဖျော်ဖြေမည်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနား တစ်ခုတည်းအတွက်ပင် ဒေါ်လာ သန်း ၃ သန်းကျော် အကုန်အကျခံ ပြင်ဆင် ထားသည့်အတွက်လည်း ယခုနှစ်ဆီးဂိမ်းပြိုင်ပွဲသည် ၂၁ ရာစုအတွင်း အကြီးအကျယ်ဆုံးနှင့် အခမ်း အနားဆုံးပြိုင်ပွဲကြီးဖြစ်လာမည်ဟု ကြိုပြောထားသည့် ထိုင်းတို့၏ ကြွားလုံးများမှာ ပိုအံ့မထင်ပေ။

(ယခုဆီးဂိမ်းအတွက် ထူးခြားသည့်သတင်းများ အထူးသဖြင့် လူတိုင်းစိတ်ဝင်စားသည့် ဘောလုံး သတင်းများ၊ ပြိုင်ပွဲသုံးသပ်ချက်ဆောင်းပါးများကို ကျွန်တော့်ပရိသတ်များအတွက် ရေးသားတင်ပြ သွားပါဦးမည်။)