DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ဆောင်းပါး
ဘရာဇီး သိက္ခာပြန်ဆယ်ရတော့မယ့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ခန့်မှန်းချက်
ဒီဗွီဘီ - နိုဝင်ဘာ ၂၁၊ ၂၀၀၇

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားသွားခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ် ၃ မှာ မျှော်လင့်ထားတဲ့ အတိုင်း အာဂျင်တီးနားအသင်းက ဘိုလီဗီးယားကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် နာမည်ကြီး ဘရာဇီးအသင်းကတော့ ပီရူးကို အဝေးကွင်းမှာ အဆုံးသတ်အားနည်းမှုတွေကြောင့် သရေနဲ့သာ ကျေနပ်လိုက်ရ တယ်။ ဒါကြောင့် ဒီကွေဒေါကို ဂိုးပြတ်နိုင်ခဲ့တဲ့ ပါရာဂွေးအသင်းကို ဒုတိယနေရာ ဖယ်ပေးလိုက်ရပြီး ဖိအားတွေ ၀င်သွားခဲ့တယ်။


ကမ္ဘာ့ဖလား အမှတ်တံဆိပ်

ဒီတော့ အခုဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေမှာ ကစားမယ့်ပွဲစဉ် 4 ဟာ အကြိတ်အနယ် ပိုရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဘရာဇီးဟာ ကစားရခက်တဲ့ ဥရုဂွေးနဲ့ကစားရမှာဖြစ်လို့ ဒီပွဲမှာလည်း ပေါ့ဆလို့ မရပါဘူး။

ချီလီ - ပါရာဂွေး

လက်ရှိခြေစွမ်းအရ ချီလီထက် ပါရာဂွေးကသာနေပေမယ့် ပါရာဂွေးရဲ့ အဝေးကွင်းခြေစွမ်းကတော့ သိပ်ယုံ လို့မရဘူး။ ချီလီက အမှတ်လိုနေပြီး သူ့ကွင်းမှာဆို ကစားပုံ ပိုမာတတ်လို့ ပါရာဂွေး၊ အခက်တွေ့နိုင်တယ်။ တစ်ခုရှိ တာက ချီလီနဲ့တွေ့တဲ့ပွဲ အများစုပါရာဂွေးက အသာစီးရထားတဲ့ အစဉ်အလာကိုတော့ မေ့ထားလို့မရဘူး။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် ချီလီ 30 % ကြေးရဦးမယ်
ဝီလျံဟေးလ် - ပါရာဂွေးကို အပေါ်ကြေး ခပ်ပါးပါးလေးပေးထား
အင်တာနက်ခန့်မှန်း - 1 – 1
ရန်ကုန်ဂျာနယ်များ - သရေမှန်ထားများ
စာရေးသူအမြင် - ပါရာဂွေးကို ပိုကြိုက်မိတယ်။

ဘရာဇီး - ဥရုဂွေး

ဘရာဇီးဟာ အဝေးကွင်းမှာ ရုန်းကန်ရတတ်မေယ့် သူ့တို့ကွင်းမှာဆိုရင်တော့ ခြေစွမ်းပြပြီး ဂိုးတွေလည်း သွင်းတတ်ပါတယ်။ ဒါပေမယ့် ဘရာဇီးနဲ့တွေ့ရင် ဥရုဂွေးဟာ အသာစီးပိုရတတ်ပြီး လက်ရှိကစားသမားစုဖွဲ့မှုအား ကလည်း ဘရာဇီးကို ခံကန်နိုင်စွမ်းရှိတာကိုတော့ စဉ်းစားထားဖို့ လိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပီရူးနဲ့ ပွဲမှာ အမှတ် ပြည့်မရထားတဲ့အတွက် ဒီပွဲကို ဘရာဇီး သေချာတင်ကစားပါလိမ့်မယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - ၂ ဂိုးပြတ်နိုင်ရင်တောင် ဘရာဇီး ၈၀ % လောက် ပဲ ကြေးနိုင်မယ်။
ဝီလျံဟေးလ် - ဘရာဇီးကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 3-1 သို့ 2-0
ရန်ကုန်ဂျာနယ်များ - ဘရာဇီးကိုပဲ ဂိုးပြတ်အနိုင်ပေးထားကြ
စာရေးသူအမြင် - ဥရုဂွေးကို ဂိုး ပြန်သွင်းနိုင်ပေမယ့် ဘရာဇီးကိုပဲ အားပေးရမယ်

အီကွေဒေါ - ပီရူး

လက်ရှိခြေစွမ်းပိုင်းအရ အီကွေဒေါက နည်းနည်းနိမ့်နေပေမယ့် ပီရူးနဲ့ အဝေးကွင်းခြေစွမ်းကလည်း အားရစရာတော့ သိပ်မရှိပါဘူး။ အထူးသဖြင့် ၂ ပွဲဆက်တိုက် ရှုံးထားတဲ့ အီကွေဒေါအနေနဲ့ ဒီပွဲကို ဆက်ရှုံး ခံမှာ မဟုတ်လို့ ပီရူးအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လိမ့်မယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် အီကွေဒေါ 70% ကြေးရှုံးမယ်
ဝီလျံဟေးလ် - အီကွေဒေါကိုပဲ အပေါ်ကြေးခပ်ပါးပါးလေးပေးထား
အင်တာနက်ခန့်မှန်း - 1-1 သို့ 2-1
ရန်ကုန်ဂျာနယ်များ - သရေကျဖို့များဟု ခန့်မှန်းထားကြ
စာရေးသူအမြင် - အီကွေဒေါကို အရဲစွန့် အားပေးချင်ပါတယ်

ကိုလံဘီယာ - အာဂျင်တီးနား

၃ ပွဲဆက်နိုင်ပြီး ဇယားထိပ်ရောက်နေတဲ့ အာဂျင်တီးနားကို အိမ်ကွင်းမှာ ဖြစ်ပေမယ့် ကိုလံဘီယာ ဟာ ခက်ခက်ခဲခဲကစားရမျာ သေချာတယ်။ ပြီးခဲ့တဲ့ ၃ နှစ်ကတွေ့ခဲ့တုန်းက လည်း အာဂျင်တီးနားပဲ အသာရ ခဲ့တာများတယ်။ ထိပ်တန်းကစားသမားတွေအများကြီးရှိနေတဲ့အပြင် ၃ ပွဲစလုံး ဂိုးမပေးသေးတဲ့အတွက် အာဂျင် တီးနားလိုအသင်းကို အိမ်ရှင်အားကိုးတစ်ခုတည်းနဲ့ ကိုလံဘီယာ ခံကစားရမှာပါ။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - 1 ဂိုးနဲ့နိုင်ရင်တောင် အာဂျင်တီးနား 40% လောက်ပဲ ကြေးရမယ်
ဝီလျံဟေးလ် - အာဂျင်တီးနားကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1-2 သို့ 0-2
ရန်ကုန်ဂျာနယ်များ - အာဂျင်တီးနားကိုပဲ ပိုကြိုက်ကြ
စာရေးသူအမြင် - အာဂျင်တီးနားနိုင်ဖို့များတာ မှန်ပေမယ့် အိမ်ရှင်အသင်းကို အရဲစွန့် အားပေးချင် ပါတယ်။

ဗင်နီဇွဲလား - ဘိုလီဗီးယား

ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ဗင်နီဇွဲလားဟာ သူ့ကွင်းမှာ ဘိုလီဗီးယားနဲ့ ကစားခဲ့တဲ့ ၅ ပွဲစလုံး ရှုံးပွဲမရှိခဲ့ဘူးသေးဘူး။ ဒီနှစ် ခြေစွမန်းအရလည်း ဘိုလီဗီးယားထက် နည်းနည်းသာနေတယ်။ အထူး သဖြင့် ၃ ပွဲမှာ ၈ ဂိုးအသွင်းခံရပြီး တစ်ဂိုးမှလည်း မသွင်းနိုင်သေးတဲ့ ဘိုလီဗီးယားအနေနဲ့ ဖိအားတွေကြောင့် ဒီပွဲကို ခံကစားမှာဖြစ် ပေမယ့် ဗင်နီဇွဲလားကွင်းမှာဖြစ်လို့ သိပ်မလွယ်လောက်ပါဘူး။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - 1 ဂိုးနဲ့နိုင်ရင်တောင် ဗင်နီဇွဲလား 50% ပဲကြေးရမယ်။
ဝီလျံဟေးလ် - ဗင်နီဇွဲလားကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1-0 သို့ 2-1
ရန်ကုန်ဂျာနယ်များ - ဗင်နီဇွဲလားကိုပဲ အနိုင်ပေးထား
စာရေးသူအမြင် - ဗင်နီဇွဲလား နိုင်ဖို့များပေမယ့် ဧည့်သည်အသင်းကို အရဲစွန့်အားပေးချင်တယ်။

2010 ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်)

စဉ် အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး  ရမှတ်
1 အာဂျင်တီးနား 3 3 0 0 7 0 9
2 ပါရာဂွေး 3 2 1 0 6 1 7
3 ဘရာဇီး 3 1 2 0 1 0 5
4 ကိုလံဘီယာ 3 1 2 0 1 0 5
5 ဥရုဂွေး          3 1 1 1 7 3 4
6 ချီလီ    3 1 1 1 4 4 4
7 ဗင်နီဇွဲလား 3 1 0 2 1 3 3
8 ပီရူး     3 0 2 1 1 3 2
9 ဘိုလီဗီးယား    3 0 1 2 0 8 1
10 အီကွေဒေါ      3 0 0 3 1 11 0