မိုက်ကယ် ဘာလက်အနေနဲ့ ချဲလ်ဆီးရဲ့ ပြိုင်ဖက်တွေဖြစ်တဲ့ မန်ယူနဲ့ အာစင်နယ်တို့မှာ ပြောင်းရွေ့ စာချုပ်သင့်ကြောင်း ဒရော့ဘာက ပြောဆို လိုက်ပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူးက ဘိုင်ယန်မြူးနစ်ကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ ဘလူးစ်ကို ဘာ လက် ရောက်လာကတည်းက မှားယွင်းပြီး ရောက်လာတဲ့အကြောင်း ပြောခဲ့ ဖူးပါတယ်။
“ဘာလက်အတွက် ချဲလ်ဆီးမှာ ကစားရတာ ခက်ပါလိမ့်မယ်။ အကြောင်းကတော့ ကလပ် မှာ တော်တဲ့သူတွေ အများကြီး ရှိနေပါတယ်။ သူ့အနေနဲ့ မန်ယူတို့ အာစင်နယ်တို့မှာထက် ဒီမှာ ကစားရတာ ပိုခက်ပါလိမ့်မယ်” လို့ ဒရော့ဘာက အခိုင်အမာ ပြောပါတယ်။
“ချဲလ်ဆီးမှာက တစ်ဦးချင်း စွမ်းရည်ရှိတဲ့ ကစားသမားတွေ အပေါ်မှာ မူတည်ပြီး အသင်းကို တည်ဆောက် ထားတာပါ။ ချဲလ်ဆီးဟာ သူ့အတွက် သင့်တော့်တဲ့ ကလပ်တော့ ဖြစ်နိုင် မယ် မထင်ပါဘူး”
အသက် (၃၁)နှစ်သား ဘာလက်ရဲ့ အဖြစ်ဟာ အံ့အားသင့်စရာ ကောင်းလောက်အောင် ချဲလ်ဆီးက ချန်ပီယံလိဂ် ကစားမယ့် လူစာရင်းကနေ ချန်လှပ်ထားခြင်း ခံရပါတယ်။
ဘာလက်ဟာ လောလောဆယ်မှာ ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာကာစပဲ ရှိပါ သေးတယ်။
အသက် (၂၉)နှစ်သား ဒရော့ဘာက “ချန်ပီယံလိဂ် လူစာရင်းမှာ သူ့ကို ထည့်မထားတဲ့ အတွက် ကျနော် တော်တော် အံ့သြမိပါတယ်။ အကြောင်းကတော့ သူက ကျနော်တို့ အသင်းရဲ့ အသင်းခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်ပါတယ်။ အခုအချိန်ထိလည်း ခေါင်းဆောင်တစ်ယောက် ဖြစ်နေဆဲပါ ”လို့ ထပ်ပြောပါတယ်။
“ဘာလက်နဲ့ လမ်းပတ်တို့ အတွဲမိမိ ကစားနိုင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ သူတို့ တွဲက ပြီးခဲ့တဲ့ ချန်ပီယံလိဂ် (၂)ပွဲမှာ အတွဲမိကြောင်း သက်သေပြခဲ့ ပြီးပါပြီ်”
၎င်းက ဆက်လက်ပြီး “သူ့ရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းတွေကို လူတိုင်းက အငြင်း ပွားလို့မရအောင် သူ့ကို အသိအမှတ် ပြုထားရပါတယ်။ သူနဲ့ အသင်းရဲ့ အုပ်ချုပ်ရေးအဖွဲ့ကြားမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကိုတော့ ကျနော် မသိပါဘူး” လို့ ပြောပါတယ်။ |

ဒရော့ဘာ (၀ဲ)နဲ့ ဘာလက် (ယာ)တို့ အောင်ပွဲခံနေစဉ်
|