DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ဆောင်းပါး
ဘရာဇီး သေချာပေါက် နိုင်ပွဲပြန်ရှာမယ့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ
ကိုစိုးမိုး - အောက်တိုဘာ ၁၇၊ ၂၀၀၇

တောင်အမေရိကဇုန် ၂၀၁၀ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ် (၁) ပြီးဆုံးသွားချိန်မှာ ဥရုဂွေးက အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပါတယ်။ လာမယ့် ကြာသပတေးနေ့ နံနက်မှာ ပွဲစဉ် ၂ ကို ဆက်လက်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ပွဲစဉ် (၂) မှာ ရမှတ် (၁) မှတ်သာ ရရှိထား သေးတဲ့ ဘရာဇီးက အီကွေဒေါနဲ့ တွေ့ဆုံရမှာဖြစ်ပြီး ဥရုဂွေးကတော့ ပါရာဂွေးကို အဝေ ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။


ကမ္ဘာ့ဖလား အမှတ်တံဆိပ်

ချီလီ - ပီရူး
(ထိပ်တိုက်တွေ့ဆုံမှု)

၀၇၊ ၁၀၊ ၂၀၀၆ ချီလီ ၃ - ၂ ပီရူး
၂၈၊ ၀၄၊ ၂၀၀၄ ချီလီ ၁ - ၁ ပီရူး
၀၉၊ ၀၉၊ ၂၀၀၃ ချီလီ ၂ - ၁ ပီရူး
၃၀၊ ၀၃၊ ၂၀၀၃ ချီလီ ၂ - ၀ ပီရူး
၂၆၊ ၀၄၊ ၂၀၀၀ ချီလီ ၁ - ၁ ပီရူး

ချီလီဟာ ပွဲစဉ် (၁) တုန်းက အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့ရပေမယ့် ခြေစွမ်းညံ့ဖျင်းတဲ့ အ သင်းတစ်သင်း မဟုတ်ဘူးဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ပီရူးကလည်း အိမ်ကွင်းမှာပါရာ ဂွေးလိုအသင်းမျိုးကိုတောင် သရေရအောင် ကစားထား နိုင်ခဲ့တယ်။ အစဉ်အလာအရ ဆိုရင်တော့ ချီလီဟာ ပီရူးကို အိမ်ကွင်းမှာ ဧည့်ခံကစားတဲ့ နောက်ဆုံး (၅) ပွဲစလုံး ရှုံးပွဲမရှိ ကစားထားနိုင်တာ တွေ့ရပါတယ်။ လက်ရှိခြေစွမ်းအရလည်း ၀ါရင့်တိုက်စစ်မှူး ဆလပ်စ်၊ မာသီးယပ်စ်ဖာနန်ဒက်ဇ်၊ မာ့ခ်ဂွန်ဇာလက်စတဲ့ နာမည်ကြီး ကစားသမားတွေ ပါဝင်နေ တဲ့ ချီလီက ပီရူးထက်အနည်းငယ် အသာရနေပါတယ်။

ပီရူးမှာတော့ ပီဇာရို ပါဝင်ပေမယ့်လည်း ခံစစ်အားပြုကစားတဲ့ အသင်းဖြစ်လို့ ဂိုးရဖို့ ခက် ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ တိုက်စစ်ကစားပုံ အထူးကောင်းမွန်ပြီး အိမ်ရှင် အားသာချက် ရှိတဲ့ ချီလီပဲသေချာပေါက် အနိုင်ရလိမ့်မယ် ထင်ပါတယ်။

ဘရာဇီး - အီကွေဒေါ
(ထိပ်တိုက်တွေ့ဆုံမှု)

၀၄၊ ၀၇၊ ၂၀၀၇ ဘရာဇီး ၁ - ၀ အီကွေဒေါ
၁၀၊ ၁၀၊ ၂၀၀၆ ဘရာဇီး ၂ - ၁ အီကွေဒေါ
၁၀၊ ၀၉၊ ၂၀၀၃ ဘရာဇီး ၁ - ၀ အီကွေဒေါ
၂၆၊ ၀၇၊ ၂၀၀၀ ဘရာဇီး ၃ - ၂ အီကွေဒေါ
၁၄၊ ၁၀၊ ၁၉၉၈ ဘရာဇီး ၅ - ၁ အီကွေဒေါ

ဘရာဇီးဟာ ပထမပွဲတုန်းက ကိုလံဘီယာကို သရေပဲ ကစားထားနိုင်တဲ့အတွက် ဒီပွဲကို အနိုင်ရအောင်ကြိုးစားမှာ သေချာပါတယ်။ ဒါ့အပြင် ဘရာဇီးဟာ အိမ်ကွင်းမှာ မကစားရတာ အတော်ကြာပြီးနောက် ပြန်ကစားတဲ့ပွဲဖြစ်လို့ အနိုင်ရအောင် ကြိုးစားမှာသေချာပါတယ်။ အစဉ်အလာအရလည်း ဘရာဇီးဟာ အိမ်ကွင်းမှာ အီကွေဒေါကို နောက်ဆုံး (၅) ပွဲစလုံး အနိုင်ရရှိ ထားပါတယ်။ ကာကာ၊ ရော်နယ်ဒင်ညိုတို့ရဲ့ ဘရာဇီးတိုက်စစ်ဟာအခုချိန်မှာ ဂိုးဆာလောင်မှု ပြင်းထန်နေပြီး အီကွေဒေါခံစစ်ကြောင်းကို အဆက်မပြတ် ဒုက္ခပေးနိုင် ပါတယ်။ ဒါကြောင့် ဘရာဇီးတိုက်စစ်ကို အီကွေဒေါ တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။

ဘရာဇီးဟာ ကိုလံဘီယာကိုအဝေးကွင်းမှာ သရေသာကစားနိုင်ခဲ့တယ် ဆိုပေမယ့် ခြေစွမ်း ထက်မြက်တဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့အသင်းဖြစ်လို့ အီကွေဒေါကို အနိုင်ရ ရှိအောင် ကစားနိုင်ဖို့ မခဲယဉ်းပါဘူး။ အီကွေဒေါဟာ ပထမပွဲတုန်းကလည်း အိမ်ကွင်းမှာ ဗင်နီဇွဲလား ကိုရှုံးနိမ့်ထားလို့ ခြေစွမ်းပိုင်း ကျဆင်းနေတယ်ဆိုတာ သိသာပါတယ်။ ဗလန်စီယာ တစ်ဦးတည်းသာ အားထားနေရတဲ့ အီကွေဒေါအဖို့ ဘရာဇီးကို အနိုင်ကစားဖို့ ဆိုတာ မဖြစ်နိုင် လို့ ဒီပွဲမှာတော့ ဘရာဇီးရဲ့ဂိုးမိုးရွာတာကို စောင့်ကြည့်ရလိမ့်မယ်ထင်ပါတယ်။

ပါရာဂွေး - ဥရုဂွေး
(ထိပ်တိုက်တွေ့ဆုံမှု)

၁၈၊ ၀၇၊ ၂၀၀၄ ပါရာဂွေး ၁ - ၃ ဥရုဂွေး
၁၀၊ ၀၉၊ ၂၀၀၃ ပါရာဂွေး ၄ - ၁ ဥရုဂွေး
၂၆၊ ၀၄၊ ၂၀၀၀ ပါရာဂွေး ၁ - ၀ ဥရုဂွေး
၁၀၊ ၀၇၊ ၁၉၉၉ ပါရာဂွေး ၁ - ၁ ဥရုဂွေ
၁၇၊ ၀၆၊ ၁၉၉၉ ပါရာဂွေး ၂ - ၃ ဥရုဂွေး

ဒီပွဲဟာအကြိတ်အနယ်အရှိဆုံး ပွဲတစ်ပွဲဖြစ်လာဖို့ရှိပါတယ်။ ပါရာဂွေးဟာ ပထမပွဲတုန်းက ပီရူးကိုသရေသာကစားထားပြီး အရင်နှစ်တွေကထက် ခြေစွမ်းအနည်းငယ် ကျနေတယ် ဆိုပေမယ့် အိမ်ကွင်းမှာဆိုရင် ဘယ်အသင်းကိုမဆို အနိုင်ရအောင် ကစားနိုင်စွမ်း ရှိတဲ့အသင်းပါ။ ဥရုဂွေးကလည်း ပထမပွဲတုန်းကဘိုလီးဗီးယားကို (၅ - ၀) နဲ့ အနိုင်ရထားလို့ စိတ်ဓာတ် တက်ကြွနေတယ်။ ဒါပေမယ့် အစဉ်အလာအရမှာ ပါရာဂွေးဟာ ဥရုဂွေးကို အိမ်ကွင်းမှာ ပြတ်ပြတ်သားသား အနိုင်မရထားတာ တွေ့ရပါတယ်။

လက်ရှိခြေစွမ်းအရလည်း ဖော်လန်ဦးဆောင်တဲ့ ဥရုဂွေးတိုက်စစ်က ထက်မြက်နေတဲ့အပြင် ပါရာဂွေးခံစစ်ကြောင်းရဲ့ အားနည်းမှုတွေကြောင့် ဒီပွဲမှာ ဥရုဂွေးအဖို့ အနိုင် ၃ မှတ်ကို ရရှိအောင် စွမ်းဆောင်နိုင်ဖို့ရှိတယ်။ ဒါပေမယ့် ပါရာဂွေးဟာ ဒီပွဲမှာ အနိမ့်ဆုံး သရေ တစ် မှတ်ရအောင် ကြိုးစားမှာဖြစ်တဲ့အပြင် အိမ်ရှင် အားသာချက်လည်း ရှိနေတာကို သတိ ထားရပါမယ်။ ဒါကြောင့် ပါရာဂွေးအနေနဲ့ ဒီပွဲကိုအနိုင်ရဖို့ မဖြစ်နိုင်ပေမယ့် ဥရုဂွေးဆီက သရေတစ်မှတ်ကို မျှော်လင့်နိုင်မယ်လို့ ထင်ပါတယ်။

ဘိုလီးဗီးယား - ကိုလံဘီယာ
(ထိပ်တိုက်တွေ့ဆုံမှု)

၁၀၊ ၀၉၊ ၂၀၀၃ ဘိုလီးဗီးယား ၄ - ၀ ကိုလံဘီယာ
၂၆၊ ၀၄၊ ၂၀၀၀ ဘိုလီးဗီးယား ၁ - ၁ ကိုလံဘီယာ
၂၁၊ ၀၆၊ ၁၉၉၇ ဘိုလီးဗီးယား ၂ - ၁ ကိုလံဘီယာ
၁၀၊ ၁၁၊ ၁၉၉၆ ဘိုလီးဗီးယား ၂ - ၂ ကိုလံဘီယာ
၀၁၊ ၀၇၊ ၁၉၈၇ ဘိုလီးဗီးယား ၀ - ၂ ကိုလံဘီယာ

ဥရုဂွေးကိုအဝေးကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ထားရတဲ့ ဘိုလီးဗီးယားဟာ ဒီပွဲမှာတော့ အိမ်ကွင်း အားသာချက်နဲ့အတူ ကိုလံဘီယာကို အနိုင်ရရှိဖို့ မျှော်လင့်ချက်နဲ့ ရင်ဆိုင်မှာ ဖြစ်ပါတယ်။ ကိုလံဘီယာကတော့ အိမ်ကွင်းမှာ ဘရာဇီးကို သရေကစားထားလို့ စိတ်ဓာတ် တက်ကြွနေတယ်။ ဘိုလီးဗီးယားဟာ အဝေးကွင်းမှာ ခြေစွမ်းညံ့ဖျင်းပေမယ့် အိမ်ကွင်း ရောက်ရင် အသင်းကြီးတွေကိုတောင် အနိုင်ရအောင် ကစားနိုင်စွမ်း ရှိပါတယ်။ အစဉ် အလာအရလည်း ဘိုလီးဗီးယားဟာ ကိုလံဘီယာကိုအိမ်ကွင်းမှာ ဧည့်ခံကစားတဲ့ နောက်ဆုံး (၅) ပွဲမှာ (၁) ပွဲပဲရှုံးနိမ့်ထားပြီး ၄ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ ဒါပေမယ့် ကိုလံ ဘီယာဟာ ကော်ဒိုဘာမပါဝင်ဘဲ ဘရာဇီးကို သရေကစားနိုင်တယ် ဆိုကတည်းက ခြေစွမ်း ထက်မြက်တယ်ဆိုတာ သိသာနေပါတယ်။

ဘိုလီးဗီးယား အနေနဲ့ကိုလံဘီယာကို အနိုင်ကစားဖို့ မျှော်လင့်ထားပေမယ့် ကစား ပုံမာ ကျောတဲ့ ကိုလံဘီယာရဲ့ခံစစ်ကြောင်းကို ချေဖျက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါ့အပြင် ကိုလံဘီယာရဲ့ တန်ပြန်တိုက်စစ်ကိုလည်း ဘိုလီးဗီးယားခက်ခက်ခဲခဲ ထိန်းချုပ် ရဖို့ရှိတယ်။ ဒါကြောင့် ဒီပွဲမှာလည်း ဘိုလီးဗီးယားဟာ အိမ်ကွင်း အားသာချက်ရှိပေမယ့် ကိုလံဘီယာကို အနိုင်ရဖို့မဖြစ်နိုင်ဘဲသရေတစ်မှတ်နဲ့သာ ကျေနပ်ရဖို့ရှိပါတယ်။