UEFA ဖလားပြိုင်ပွဲကို စက်တင်ဘာလ ၁၈၊ ၁၉၊ ၂၀ ရက်နေ့များမှာ ကစားကြတော့မှာပါ။ နှစ်နှစ် ဆက်တိုက်ဗိုလ်စွဲထားတဲ့ လက်ရှိချန်ပီယံဆီဗီးလားအသင်းဟာ ဒီနှစ်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင် ခွင့်ရသွားတဲ့အတွက် ဒီနှစ်ပြိုင်ပွဲဟာ လက်ရှိချန်ပီယံမပါဘဲ ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲအဖြစ်သတ်မှတ်လို့ရပါတယ်။ ချန်ပီယံလိဂ်လောက် ပြိုင်ဆိုင်မှုမပြင်းထန်ပေမယ့် ယူအီးအက်ဖ်အေပြိုင်ပွဲကလည်း တစ်မျိုးတော့ စိတ်ဝင်စား စရာကောင်းပါတယ်။ ဒါကြောင့်ကြိုတင်ခံစားကြည့်လိုက်ကြစို့လား။

ယူအီးအက်ဖ် အမှတ်တံဆိပ်
လာရီဆာ (ဂရိ) - ဘလက်ဘန်း (အင်္ဂလန်)
ဂရိအသင်း လာရီဆာဟာ အိမ်ကွင်းမှာ ခံစစ်ကို အထိုင်ချကစားမှာဖြစ်တဲ့အတွက် ဘလက်ဘန်းတို့အနေနဲ့ ဂိုးတစ်ဂိုးရဖို့ ခက်ခက်ခဲခဲကြိုးစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဥရောပအတွေ့အကြုံရင်တဲ့ ဘလက်ဘန်းတို့က ကွင်းလယ် ကိုခိုင်မာအောင်တည်ဆောက်ပြီး တောင်ပံနှစ်ဘက်ကနေ ထိုးဖောက်ကစားမှာဖြစ်ပါတယ်။ လက်ရှိအနေ အထားအ ရအသင်းလိုက်စုစည်းမှုအားကောင်းတဲ့ဘလက်ဘန်းတို့ အဝေးကွင်းမှာနိုင်ပွဲရမှာဖြစ်ပါတယ်။
ဘိုလီဆလပ်ဗ် (ချက်) - ပါလာမို (အီတလီ)
ချက်မြေမှာ ကစားရမှာဖြစ်တဲ့အတွက် အိမ်ရှင်ဖိအားကို ပါလာမိုတို့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပါလာမိုအသင်းမှာ တိုက်စစ်ပိုင်းအားကောင်းပြီး ခံစစ်ပိုင်းကတော့အားနည်းနေဆဲဖြစ်ပါတယ်။ ပါလာမိုအသင်းဟာ အိမ်ကွင်းထက်စာရင် အဝေးကွင်းမှာကစားအားကောင်းတာကိုတော့ ထည့်စဉ်းစားရမှာဖြစ်တဲ့အတွက် ဒီပွဲမှာ ပါလာမိုတို့ ရှုံးစရာအ ကြောင်းမ ရှိပါဘူး။ ပါလာမိုတိုက်စစ်မှူးတွေသာ အဆုံးသတ်ကောင်းခဲ့ရင် ခပ်ပါးပါးနဲ့အနိုင်ရသွားနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ ပါလာမိုကိုအားပေးတာပဲ ကောင်းပါတယ်။
ဘိုင်ယန်မြူးနစ် (ဂျာမဏီ) - ဘယ်လီနန်ဆီ (ပေါ်တူဂီ)
ဥရောပအင်အားကြီး ဘိုင်ယန်မြူးနစ်အသင်းဟာ တကယ်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှသာ ကစားရမယ့် အသင်းဖြစ်ပါတယ်။ ဒါပေမယ့် မနှစ်က ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ရလဒ်မကောင်းတဲ့အတွက် ယူအီးအက်ဖ်အေပြိုင်ပွဲကို ဆင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ ထိပ်တန်း ကစားသမားတွေဖြည့်ထားတဲ့ ဘိုင်ယန်မြူးနစ်ကို ဘယ်လီနန်ဆီတို့ ခံကစားဖို့ဆိုတာ မလွယ်လှပါဘူး။
ဘိုင်ယန်တိုက်စစ်မှာာ ကလိုဆေး၊ လူကာတိုနီ၊ ရီဘာရီတို့ရဲ့ တွဲဘက်ညီညီကစားတာကို ဘယ်လီနန်းဆီ ခံစစ်မှူးတွေ ရေရှည်အထိ တောင့်ခံကစားနိုင်မလား ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘိုင်ယန်တို့ သေချာပေါက် အနိုင်ရမှာပါ။
ရိုဘော့နစ်ကီ (မက်ဆီဒိုးနီးယား) - ဘော်လ်တန် (အင်္ဂလန်)
အသင်းငယ်လေး ရိုဘော့နစ်ကီဟာအင်္ဂလန်ကလပ်ဘော်လ်တန်ကို ခံကစားနိုင်ဖို့ဆိုတာ စာရွက်ပေါ်မှာ ပဲရှိပါတယ်။ဘော်လ်တန်ကလည်း လက်ရှိပရီးမီးယားလိဂ်မှာ ခြေစွမ်းပြန်လည်တည်ငြိမ်နေပြီး တိုက်စစ်မှာအနယ်လ်ကာ၊ နိုလန်၊ ကွင်းလယ်က ဂျူ့ဖ်၊ အလွန်ဆို၊မက်ကိုင်းနဲ့ စပိစ်တို့ကလည်း ဂိုးသွင်းအားကောင်း နေတဲ့အတွက် အဆုံးသတ်ပိုင်းသာသေချာရင်ဒီပွဲအနိုင်က ဘော်လ်တန်တို့ဘက်မှာ ပြတ်သားသွားနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲကဘော်လ်တန်အနိုင်၊ဂိုးများမယ့် ပွဲအဖြစ်သတ်မှတ်လို့ရပါတယ်။
အမ်ပိုလီ (အီတလီ) - ဇူးရစ် (ဆွစ်ဇာလန်)
အမ်ပိုလီအသင်းမှာ အားထားရတဲ့တိုက်စစ်မှူး လူကာရယ်လီမရှိတော့တဲ့အတွက် တိုက်စစ်ပိုင်းက သိသိ သာသာအားနည်းသွားတာကိုတွေ့ရတယ်။ လက်ရှိစီးရီးအေမှာလည်း နိုင်ပွဲမရသေးဘဲ နှစ်ပွဲဆက်ရှုံး ထားတဲ့အတွက် ဖိအားများနဲ့ ရင်ဆိုင်နေရပါတယ်။ ဇူးရစ်အသင်းကလည်း ဥရောပပြိုင်ပွဲတွေမှာ ခပ်မာမာ ကစားနိုင်တဲ့အတွက် အမ်ပိုလီတို့အနေနဲ့ အိမ်ကွင်းမှာကစားရမှာဖြစ်ပေမယ့် အနိုင်ရဖို့မလွယ်ဘူး။ ဒီပွဲက တော့သရေပါပဲ။
ဂရိုနင်ဂန် (နယ်သာလန်) - ဖီအိုရင်တီးနား (အီတလီ)
နယ်သာလန် ဂရိုနင်ဂန်ကတော့ ဖီအိုရင်တီးနားရဲ့တိုက်စစ်ကို ခက်ခက်ခဲခဲရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ ဖီအိုရင်တီးနားကလည်း မနှစ်ကထက်စာရင်ဒီနှစ်မှာ ကစားအားကောင်းလာပြီး တိုက်စစ်မှူး မူတူးဦးဆောင်တဲ့ တိုက်စစ်အားကထက်မြက်နေတဲ့အတွက်ဖီအိုပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေရနေတာကိုတွေ့ရတယ်။ ဒီပွဲက တိုက်စစ်နဲ့ခံစစ်အားပြိုင်ပွဲကိုကြည်ရမှာဖြစ်ပြီး ဖီအိုရင်တီးနားကို အနိုင်ရဖို့ များနေပါတယ်။ ဖီအိုတီးနားတို့ ဂိုးအများနဲ့ နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဆလိုနီကာ (ဂရိ) - ဇာရာဂိုဇာ (စပိန်)
လာလီဂါမှာ အခြေမလှပေမယ့် ဥရောပပြိုင်ပွဲတွေမှာတော့ ဇာရာဂိုဇာတို့ ခြေစွမ်းထက်တာကိုတွေ့ရပါတယ်။ ဇာရာဂိုဇာရဲ့လက်ရှိအနေအထားက တိုက်စစ်ပိုင်းထက် မြက်နေသလို ဂိုးသွင်းအားလည်းကောင်းနေတာကိုတွေ့ရတယ်။ ဒါပေမယ့် မီလိုတိုမရှိတော့တဲ့နောက်ပိုင်း ခံစစ်ပိုင်းမှာ ဗလန်စီယာကပြောင်းလာတဲ့အာယားလားနဲ့ အထိုင်ချကစားပေမယ့် အသင်းရဲ့ပုံစံနဲ့အံမ၀င်တဲ့အတွက် ဂိုးတွေပေးနေရပါတယ်။ ဒဏ်ရာရနေတဲ့ ကစားသမားတွေသာ စုံစုံညီညီပါဝင်ကစားနိုင်ရင် ဒီပွဲအနိုင်က ဇာရာဂိုဇာတို့ဘက်မှာ သေချာပေါက်ရှိပါတယ်။ ဇာရာဂိုဇာကိုပဲ အားပေးတာကောင်းပါတယ်။ အသင်းငယ်လေး ရိုဘော့နစ်ကီဟာ အင်္ဂလန်ကလပ်ဘော်လ်တန်ကို ခံကစားနိုင်ဖို့ဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဘော်လ်တန်ကလည်းလက်ရှိပရီးမီးယားလိဂ်မှာ ခြေစွမ်း ပြန်လည်တည်ငြိမ်နေပြီး တိုက်စစ်မှာအနယ်လ်ကာ၊ နိုလန်၊ ကွင်းလယ်က ဂျူ့ဖ်၊အလွန်ဆို၊မက်ကိုင်းနဲ့ စပိစ်တို့ ကလည်း ဂိုးသွင်းအားကောင်းနေတဲ့အတွက် အဆုံးသတ်ပိုင်းသာသေချာရင် ဒီပွဲအနိုင်က ဘော်လ်တန်တို့ဘက်မှာ ပြတ်သားသွားနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲကဘော်လ်တန်အနိုင်၊ဂိုးများမယ့် ပွဲအဖြစ်သတ်မှတ်လို့ရပါတယ်။
ဆမ်ဒိုးရီးယား (အီတလီ) - အေအဘီ (ဒိန်းမတ်)
ကက်ဆာနို ဒီပွဲမှာပါဝင်ကစားရင် ဆမ်ဒိုးရီးယားတိုက်စစ်ကပိုပြီး အားကောင်းလာနိုင်ပါတယ်။ လက်ရှိတိုက် စစ်မှူးကွာဂရီရယ်လာရဲ့ ထိုးဖောက်ကစားအားကလည်း အသင်းအတွက်ခိုင်မာမှုရှိလို့ ဆမ်ဒိုးရီးယား တို့ရလဒ်ကောင်းနေတာကိုတွေ့ရတယ်။ မနှစ်ကထက်စာရင် ခံစစ်ပိုင်းကလည်း မာကျောနေသလို အိမ်ကွင်း ကစားပုံကလည်း ကောင်းတာကြောင့် ဒီပွဲမှာတော့ဆမ်ဒိုးရီးယား ပရိသတ်ပဲလုပ်သင့်ပါတယ်။ ဒါကြောင့်ဒီပွဲအနိုင်က ဆမ်ဒိုးရီးယားတို့ဘက်မှာ ဂိုးလည်းများသွားမယ့်ပွဲဖြစ်ပါတယ်။
အက်သလက်တီကို (စပိန်) - အာစီယက်စ်စပေါ (တူရကီ)
ဒီနှစ်ဘောလုံးရာသီမစခင်မှာ အက်သလက်တီကိုတို့ဟာ ထိပ်တန်းဘောလုံးသမားများစွာ ၀ယ်ယူအား ဖြည့်ထားတဲ့အတွက် ဘောလုံးပရိသတ်ကြီးက အထင်ကြီးခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားသစ်တွေဟာ အသင်းရဲ့ကစားကွက်နဲ့အထိုင်မကျတဲ့အတွက် လာလီဂါပြိုင်ပွဲမှာ ရလဒ်မကောင်းဘဲဖြစ်နေပါတယ်။ တူရကီကလပ် အာစီယက်စ်စပေါကတော့ အိမ်ကွင်းကစားအားကောင်းပေမယ့် အဝေးကွင်းမှာတော့ ခံစစ်ကိုပဲ အထိုင်ချကစားတတ်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အက်သလက်တီကိုတိုက်စစ်မှူး ဖော်လန်၊ အာဂွီးယိုး၊ ဆီမာအို၊ ကွင်းလယ်ကစားသမား မန်နစ်ခ်ျ၊လူးဝစ္စဂါစီယာ၊ ရေးယက်စ်တို့ရဲ့တွဲဘက် ညီညီကစားနိုင်ရင် ဒီပွဲအနိုင်ကလည်း ပြတ်သားသွားနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ အက်သလက်တီကိုကိုပဲ အားပေးတာ အကောင်းဆုံးဖြစ်ပါတယ်။
ဂီတာဖေး (စပိန်) - အက်ဖ်စီတွမ်တီ (နယ်သာလန်)
နည်းပြဘန့်ရှူးစတား မရှိတော့တဲ့နောက်ပိုင်း ဂီတာဖေးအသင်းဟာ ရလဒ်ပိုင်းတွေ ဆိုးဝါးနေပါတယ်။ ဒါပေ မယ့်လက်ရှိနည်းပြဆရာမိုက်ကယ် လော့ဒရပ်ကလည်း ဥရောပအတွေ့အကြုံရှိ တဲ့ကစားသမား ဟောင်းတစ် ဦးဖြစ်တဲ့အတွက် အခုပွဲကိုအနိုင်ရအောင် အကောင်းဆုံးကစားကွက်ကို ပုံဖော်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ ဧည့်သည်အသင်းထက်စာရင်ဂီတာဖေးကိုပဲယုံကြည်လိုက်တာ ကောင်းမယ်ထင်ပါတယ်။
အဲဗာတန် (အင်္ဂလန်) - မာတဲလ်လက်စ် (ယူကရိန်း)
မနှစ်က အသင်းလိုက်ကစားအားကောင်းတဲ့ အဲဗာတန်တို့ဟာ လက်ရှိအနေအထားမှာလည်း မာကျောတဲ့အသင်းတစ်သင်းအဖြစ်ရပ်တည်နေပါတယ်။ အဲဗာတန်အသင်းမှာ ဂိုးသမားတင်ဟောင်းဝပ်တစ်ယောက် ဒဏ်ရာရနေတဲ့အတွက် ဒီပွဲမှာ ပါဝင်ကစားမလား၊ မကစားဘူးလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်းတစ်ဦးချင်းအနေအထားမှာရောအသင်းလိုက်ကစားအားမှာပါ အဘက်ဘက်ကအားကောင်းနေတဲ့ အဲဗာတန်တို့ပဲ အိမ်ကွင်းမှာအနိုင်ရသွားမှာဖြစ်ပါတယ်။
တော့တင်ဟမ် (အင်္ဂလန်) - ဖာမာဂတ်စတာ (ဆိုက်ပရပ်)
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်မကောင်းတဲ့အတွက် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေတဲ့ နည်းပြမာတင်ဂျိုးလ်အတွက် ဒီပွဲဟာ သူ့ရဲ့နည်းပြရာထူးနေရာကိုအဆုံးအဖြတ်ပေးမယ့် ပွဲတစ်ပွဲဖြစ်သွားနိုင်ပါတယ်။ အဓိကအားနည်းနေတာက ခံစစ်ပိုင်းဖြစ်နေတဲ့အတွက် မာတင်ဂျိုးတစ်ယောက် ဘယ်လိုပွဲထွက်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အသင်းငယ်လေးနဲ့ ရင်ဆိုင်ကစားရတဲ့အတွက် တော့တင်ဟမ်တို့ပဲ အနိုင်ရဖို့များပါတယ်။
ဗီလာရီရဲလ် (စပိန်) - ဘီအေတီအီး (ဘယ်လာရုစ်)
ဗီလာရီးယဲလ်အသင်းဟာ အိမ်ကွင်းမှာ ရီးယဲလ်ကိုဂိုးပြတ်ရှုံးပြီးနောက်ပိုင်း ခံစစ်ပိုင်းကိုအကောင်းဆုံးဖြစ်အောင် ပြင်ဆင်နိုင်ခဲ့တဲ့အတွက် အခုပွဲစဉ်မှာ အသင်းငယ် လေးကိုရှုံးစရာအကြောင်းမရှိပါဘူး။ ဗီယာရီး ယဲလ် တိုက်စစ်မှူးတွေသာ ရတဲ့အခွင့်အရေးကို အကောင်းဆုံးအဆုံး သတ်နိုင်ရင် ဒီပွဲအနိုင်က ပြတ်သားသွားမှာဖြစ်ပါတယ်။
|