စနေနေ့က ကစားခဲ့တဲ့ ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ ကမ္ဘာ့အကောင်း ဆုံး ဂျက်စတင် ဟင်နင်က ဆဗက်တလန်နာ ကူဇနက်ဆိုဗာကို (၆ - ၁)၊ (၆ - ၃) ကိုနိုင်ပြီး ဒု တိယ အကြိမ်မြောက် ချန်ပီယံဆုကို ရရှိသွားပါတယ်။
ဘယ်ဂျီယမ်သူ ဟင်နင်ဟာ ကမ္ဘာ့အဆင့် (၄)ဖြစ်တဲ့ ဆဖက်တလန်နာ ကူဇနက်ဆိုဗာကို ပွဲချိန် (၈၂)မိနစ်အတွင်းမှာ (၆ - ၁)၊ (၆ - ၃)နဲ့ အကောင်းဆုံး ကစားပြီး အနိုင်ရခဲ့ပါတယ်။
“ဒီတစ်ခုဟာ ကျမအတွက် အရေးကြီးဆုံးထဲက တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” လို့ ဂရင်းစ လင်းဆု (၇)ကြိမ် ရရှိထားတဲ့ ဟင်နင်က ပြောပါတယ်။
အသက် (၂၅)နှစ်ရှိ လက်ရှိပြင်သစ်အိုးပင်း ချန်ပီယံက “ကျမကို အကောင်းဆုံး ကစားနိုင် အောင်နဲ့ အကောင်းဆုံး လူတစ်ယောက်ဖြစ်အောင် နည်းပေး လမ်းပြလုပ်ပေးတဲ့ နည်းပြ ကား လို့စ် ရောဒီကွတ်ဇ်ကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
ကမ္ဘာ့အဆင့် (၄)ဖြစ်တဲ့ ရုရှသူ ဆဗက်တလန်နာ ကူဇနက်ဆိုဗာက “သူ အကောင်းဆုံး ကစား နိုင်တဲ့ အချိန်မှာ ကျမလည်း အကောင်းဆုံး ကစားနိုင် ရမှာပါ။ ဒါပေမယ့် ကျမ အကောင်းဆုံး မကစားနိုင်ခဲ့လို့ ရှုံးရတာပါ” လို့ ပြောပါတယ်။
ရုရှသူက “သူဟာ နံပါတ်တစ် ကစားသမား ဖြစ်ပါတယ်။ အနိုင်နဲ့ ထိုက်တယ်လို့ ကျမ မြင်ပါ တယ်။ သူဟာ အရမ်းကြိုးစားပြီး ပရော်ဖက်ရှင်နယ် ပီသပါတယ်” လို့ ထပ်ပြောပါတယ်။
လက်ရှိ ပြင်သစ်အိုးပင်း ချန်ပီယံဖြစ်တဲ့ ဟင်နင်ဟာ ကွာတားဖိုင်နယ်နဲ့ ဆီးမီးဖိုင်နယ်တို့မှာ ၀ီ လျံစ် ညီအမနှစ်ယောက်တို့ကို အနိုင်ယူ ထားပါတယ်။
သူမဟာ ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ၂၀၀၃မှာ တစ်ကြိမ်ရဖူးပြီး အခုအကြိမ်နဲ့ပါဆို (၂) ကြိမ်မြောက် ရယူခြင်း ဖြစ်ပါတယ်။ |

ချန်ပီယံဆုဖလားကို ပွေ့ပိုက်နေတဲ့ ဟင်နင်
|