DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ဖာဒါရာက နိုဗက် ဒီဂျိုကို ခက်ခက်ခဲခဲကစားပြီး အနိုင်ရကာ (၄)နှစ်ဆက်တိုက် ယူအက်စ်အိုးပင်း ချန်ပီယံဖြစ်
အေဂျင်စီသတင်းများ - စက်တင်ဘာ ၁၀၊ ၂၀၀၇

မနေ့က ယူအက်စ်အိုးပင်း ဗိုလ်လုပွဲမှာ ရော်ဂျာ ဖာဒါရာဟာ ဆာဘီးယားက နိုဗက် ဒီဂျိုကို ဗစ်ကို (၇ - ၆)၊ (၇ - ၆)၊ (၆ - ၄)နဲ့ နိုင်ပြီး စတုတ္ထမြောက် ချန်ပီယံဆုကို ဆွတ်ခူးသွား နိုင်ခဲ့ ပါ တယ်။

ယင်းဆုဟာ ဆွစ်သား ဖာဒါရာအတွက်တော့ (၁၂)ကြိမ်မြောက် ရရှိတဲ့ ဂရင်းစလင်း ချန်ပီ ယံ ဆုပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် (၃)ဖြစ်တဲ့ ဒီဂျိုကိုဗစ်ကို အဖွင့်ပွဲနဲ့ ဒုတိယပွဲတို့မှာ နောက်ဆုံးပွဲသိမ်း အမှတ်အထိ ရောက်ခဲ့ပေမယ့် ကမ္ဘာ့အဆင့်နံပါတ်တစ်ဟာ နောက်ကနေ ခက်ခက်ခဲခဲ လိုက်ကစားပြီးမှ ချန်ပီယံဆုကို အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။

အသက် (၂၀)နှစ်ရှိ ဒီဂျိုကိုဗစ်ဟာ ဖာဒါရာကို (၆ - ၅)နဲ့ ပထမပွဲမှာ ဦးဆောင် ကစားနိုင်တဲ့ ပထမဆုံး ဆားဘီယား ကစားသမား ဖြစ်လာပါတယ်။

“ဒီနှစ်ပတ်ကတော့ အံ့သြစရာကောင်းပါတယ်။ ကျနော့်အတွက် တကယ့်ကို အံသြစရာ ကောင်းတဲ့ အတွေ့အကြုံပါပဲ။ နောက်ဆုံးမှာတော့ ကျနော်ဟာ ဂရင်းစလင်း ဖိုင်နယ်ကို ပထမ ဆုံးအကြိမ် ရောက်ဖူးခဲ့ပါတယ်” လို့ ဆားဘီးယားကစားသမားက ပြောပါတယ်။

“ရော်ဂျာအတွက် ကျနော် ဂုဏ်ယူပါတယ်။ သူရဲ့ အကောင်းဆုံးကို နောက်တစ်ကြိမ် ထပ်ပြနိုင် ခဲ့လို့ ဒီနေ့ အနိုင်နဲ့ ထိုက်တန်ပါတယ်။ သူဟာ အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်”

အသက် (၂၆)နှစ်ရှိ ဖာဒါရာဟာ ၁၉၂၀ ပြည့်လွန်နှစ်တွေတုန်းက ဘေတေဒန် တင်ထားတဲ့ (၄)နှစ်ဆက်တိုက် ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်တဲ့ စံချိန်ကိုမှီတဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။

ဖာဒါရာဟာ ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ၂၀၀၄ကနေ ၂၀၀၇ အထိ (၄)နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။


ယူအက်စ်အိုးပင်းဆုဖလားနဲ့အတူ ဖာဒါရာကို တွေ့ရစဉ်