DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ကွာတားမှာ ဖာဒါရာ၊ ဒေဗီဒန်ကို၊ ဗီးနပ်စ် ၀ီလျံနဲ့ ဟင်နင်တို့ အနိုင်ရပြီး ဆီမီးကို တက်ရောက်
အေဂျင်စီသတင်းများ - စက်တင်ဘာ ၆၊ ၂၀၀၇

ယူအက်စ်အိုးပင်း (၃)ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်ထားတဲ့ ရော်ဂျာ ဖာဒါရာဟာ မနေ့က ကွာ တားဖိုင်နယ်မှာ အန်ဒီ ရော့ဒစ်ကို (၇ - ၆)၊ (၇ - ၆)၊ (၆ - ၂)နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ကမ္ဘာ့နံပါတ်တစ် ဖာဒါရာဟာ စနေနေ့ ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ ဂျာမဏီသား တွမ်မီဟတ်စ်ကို (၆ - ၃)၊ (၆ - ၃)၊ (၆ - ၄)နဲ့ အနိုင်ယူထားတဲ့ ရုရှသား နီကိုလေ ဒေဗီဒန်ကိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။

“ဒီပွဲဟာ တကယ့်ကို လက်ရည်မြင့်တဲ့ ပွဲတစ်ပွဲဖြစ်တယ်လို့ ကျနော် တွေးမိပါတယ်။ ကျနော့်ရဲ့ လက်စွမ်းအပေါ်မှာ အရမ်း ကျေနပ်မိပါတယ်။ အင်ဒီလည်း ဒီပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့ ပါတယ်” လို့ ဖာဒါရာက သတင်းထောက်တွေကို ပြောပါတယ်။

ဒီနေ့ ကစားမယ့် အမျိုးသားတစ်ဦးချင်း ကွားတာပွဲစဉ်တွေမှာ အာဂျင်တီးနားက ဂျုအန် အီဂျ နာစီရို ချီလာ (အဆင့် ၂၀)နဲ့ စပိန်က ဒေးဗစ် ဖာရာ (အဆင့် ၁၅)၊ အဆင့် (၁၇)ဖြစ်တဲ့ ကား လို့်စ် မိုရာ (စပိန်)နဲ့ အဆင့် (၃)ဖြစ်တဲ့ နိုဗက် ဒီဂျိကိုဗက်(ဆားဘီးယား)တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

မနေ့က ကစားခဲ့တဲ့ အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်မှာတော့ ၀င်ဘယ်ဒန်ချန်ပီယံ ဗီးနပ်စ် ၀ီလျံက ကမ္ဘာ့အဆင့် (၃)ဖြစ်တဲ့ ဂျီလီနာ ဂျန်ကိုဗစ်ကို (၄ - ၆)၊ (၆ - ၁)၊ (၇ - ၆)နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဆီမီးဖိုင်နယ်မှာ ဗီးနပ်စ်ဟာ စရီနာကို အနိုင်ရထားတဲ့ ကမ္ဘာ့အဆင့် (၁)ဖြစ်တဲ့ ဘယ်ဂျီယမ်သူ ဂျက်စတင် ဟင်နင်နဲ့ တွေ့မှာ ဖြစ်ပါတယ်။

နောက်ဆီမီးပွဲစဉ်မှာတော့ ရုရှသူအချင်းချင်းဖြစ်တဲ့ ဆဗက်လာနာ ကတ်နက်ဆိုဗာ (အဆင့် ၄)၊ အန်နာ ချက်ဗက်တက်ဇီ (အဆင့် ၆)တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အမျိုးသား၊ အမျိုးသမီး ဆီမီးဖိုင်နယ်ပွဲစဉ်တွေအားလုံးကို စနေနေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဗိုလ်လုပွဲကို တနင်္ဂနွေနေ့မှာ ကစားကြမှာ ဖြစ်ပါတယ်။

ယူအက်စ်အိုးပင်း ၂၀၀၇ ပြိုင်ပွဲကြီးကို စက်တင်ဘာ (၂၇)ရက်နေ့ကနေ စတင်ခဲ့ပြီး စက်တင် ဘာ (၉)ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

အမျိုးသားတစ်ဦးချင်းမှာ လက်ရှိချန်ပီယံက ရော်ဂျာဖာဒါရာဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်းမှာတော့ ပြိုင်ပွဲတတိယအဆင့်ကနေ လှည့်ပြန်သွားရတဲ့ ရုရှသူ ရှာရာဗိုရာ ဖြစ်ပါတယ်။


ရော့ဒစ်ကို အနိုင်ရပြီး အောင်ပွဲခံနေတဲ့ ရော်ဂျာ ဖာဒါရာ