DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ကွာတားမှာ ဟင်နင်က စရီနာဝီလျံကို (၂)ပွဲပြတ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်ရောက်
အေဂျင်စီသတင်းများ - စက်တင်ဘာ ၅၊ ၂၀၀၇

ယူအက်စ်အမျိုးသမီးတစ်ဦးချင်းမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဂျက်စတင် ဟင်နင်က ချန်ပီယံ (၂)ကြိမ်ဖြစ်ဖူးထားတဲ့ စရီနာ ၀ီလျံကို (၇ - ၆)၊ (၆ - ၁)နဲ့ (၂)ပွဲပြတ်နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဝီလျံမှာ ပထမပွဲမှာ (၆ - ၅)အထိ ရောက်ပြီးမှ ဟင်နင်က နောက်ကနေ လိုက်ကစားပြီး အနိုင် ရခဲ့ခြင်း ဖြစ်ပါတယ်။

ဘယ်ဂျီယမ်သူ ဟင်နင်ဟာ ဆီမီးဖိုင်နယ်မှာ ကမ္ဘာ့အဆင့် (၃)ဖြစ်တဲ့ ဂျလီနာ ဂျန်ကိုဗစ်နဲ့ အ ဆင့် (၁၂)ဖြစ်တဲ့ ဗီးနပ်စ် ၀ီလျံတို့နှစ်ယောက်ထဲက နိုင်တဲ့သူနဲ့ တွေ့မှာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဟင်နင်က “အဆုံးအဖြတ် ကစားရတဲ့ အမှတ်တွေဟာ ကျမ အကောင်းဆုံး ကစား နိုင်ခဲ့ပါတယ်“ လို့ ပရိတ်သတ်တွေကို ပြောဆိုခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး “ကျမ ကစားတဲ့ ဒုတိယပွဲအတွက် အရမ်းပျော်မိပါတယ်။ အဲဒီပွဲမှာ အ ခွင့်အရေးတွေ အကုန်လုံးကို အရယူ နိုင်ခဲ့ပါတယ်။ ဒီညမှာ အကောင်းဆုံး ပြန်ကစားနိုင်တဲ့ အတွက်လည်း ပျော်ပါတယ်။ ဒီလက်စွမ်းကို ကျမ ဆက်ပြီးထိန်းထားနိုင်မယ်” လို့ မျှော်လင့် ပါတယ်

ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ လက်မက ဒဏ်ရာကြောင့် မကစားနိုင်ခဲ့တဲ့ ၀ီလျံစ်ဟာ အခု ယူအက်စ် အိုးပင်းပြိုင်ပွဲကျမှ ပြန်လည် ကစားနိုင်ခြင်း ဖြစ်ပါတယ်။


ပွဲအပြီး အောင်ပွဲခံနေတဲ့ ဂျက်စတင် ဟင်နင်