DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
တစ်နိုင်ငံတည်းသား ဒေးဗစ်ဖာရာကိုရှုံးပြီး ရာဖယ် နာဒယ် စတုတ္ထအဆင့်က လှည့်ပြန်ခဲ့ရ
အေဂျင်စီသတင်းများ - စက်တင်ဘာ ၅၊ ၂၀၀၇

ကမ္ဘာ့အဆင့် (၂) ရာဖယ် နာဒယ်ဟာ ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ယူအက်စ်အိုးပင်း စတုတ္ထအ ကျော့မှာ အဆင့် (၁၅)ဖြစ်တဲ့ တစ်နိုင်ငံတည်းသား ဒေးဗစ် ဖာရာကို (၆ - ၇)၊ (၆ - ၄)၊ (၇ - ၆)၊ (၆ - ၂)နဲ့ မထင်မှတ်ဘဲ ရှုံးသွားခဲ့ပါတယ်။

ဖာရာဟာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားပြီး ကွာတားမှာ အာဂျင်တီးနားက ကမ္ဘာ့အဆင့် (၂၀)ဖြစ်တဲ့ ဂျုအန် အန်နာစီရို ချီလာနဲ့ ကစားရမှာ ဖြစ်ပါတယ်။

အသက် (၂၅)နှစ်ရှိ ဖာရာဟာ နာဒယ်နဲ့ ကစားဖူးတဲ့ အရင်တုန်းက (၄)ပွဲစလုံး ရှုံးထားပါတယ်။

ပွဲအပြီးမှာ ဖာရာက “မနက်ဖြန်မှာ ကျနော် သိပ်ပြေးနိုင်မှာ မဟုတ်တော့ပါဘူး။ နာဒယ်ကို အ နိုင်ကစားထားတာကြောင့် အခု အရမ်း ပင်ပန်းနေပါပြီ။ ကျနော့်ရဲ့ သူငယ်ချင်းကို အနိုင်ယူရ တဲ့အတွက် စိတ်မကောင်းပါဘူး” လို့ ပြောပါတယ်။

ပြင်သစ်အိုးပင်းကို (၃)ကြိမ် ချန်ပီယံဖြစ်ဖူးထားတဲ့ အသက် (၂၁)နှစ်ရှိ နာဒယ်က “သူဟာ ကစားသမားကောင်းတစ်ယောက် ဖြစ်ပါတယ်။ ဒီရာသီမှာ မယုံကြည်နိုင်လောက်အောင် ကောင်းနေပါတယ်။ အခုအချိန်မှာ သူဟာ ကမ္ဘာပေါ်က အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်နေပါပြီ” လို့ ပြောပါတယ်။

ဒီနေ့ ကစားမယ့် အမျိုးသမားတစ်ဦးချင်း ကွာတားပွဲစဉ်တွေမှာ ရုရှက ဒေဗီဒန်ကို (အဆင့် ၄) နဲ့ ဂျာမဏီက တွမ်မီဟတ်စ် (အဆင့် ၁၀)၊ ဆွစ်သား ရော်ဂျာ ဖာဒါရာ (အဆင့် ၁)နဲ့ အမေရိ ကန်က အင်ဒီ ရော့ဒစ် (အဆင့် ၅)တို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးချင်း ကွာတားမှာတော့ ရုရှသူ ကမ္ဘာ့အဆင့် (၆)ဖြစ်တဲ့ အန်နာ ချက်ဗီတက်ဇ် နဲ့ ရှာဟာ ပီရာ (အဆင့် ၁၈)တို့ ဆုံကြမှာ ဖြစ်ပါတယ်။

အမျိုးသားတစ်ဦးချင်းမှာ လက်ရှိချန်ပီယံက ရော်ဂျာ ဖာဒါရာဖြစ်ပြီး အမျိုးသမီး တစ်ဦးချင်းမှာ တော့ ရှာရာဗိုပါ ဖြစ်ပါတယ်။

အခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ပြိုင်ပွဲအသီးသီးအတွက် ဆုကြေးငွေစုစုပေါင်း ဒေါ်လာ (၂၂.၃)သန်းအထိ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

အမျိုးသားတစ်ဦးချင်းနဲ့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွေမှာ ဗိုလ်စွဲတဲ့သူဟာ ဆုကြေးငွေ ဒေါ်လာ (၁.၅)သန်းကနေ (၂.၅)သန်းလောက်အထိ ရရှိမှာ ဖြစ်ပါတယ်။


စပိန်သား ရာဖယ်နာဒယ်ရဲ့ စတုတ္ထအဆင့်ပွဲစဉ်က ကစားဟန်