DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
အာစီယံချန်ပီယံ ဘယ်သူဖြစ်မလဲ၊ မြန်မာအသင်းအတွက် အလွန်ခက်ခဲတဲ့ ဗိုလ်လုပွဲ
စိုးမိုး (IBC) - စက်တင်ဘာ ၁၄၊ ၂၀၀၇

ရန်ကုန်မှာကျင်းပနေတဲ့ ၂၀၀၇ အာဆီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲဟာ အခုဆိုရင် နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို ရောက်ရှိလာပါပြီ။ ဗိုလ်လုပွဲမှာ လာဆုံတဲ့ ၂ သင်းက မဟာပြိုင် ဘက်တွေဖြစ်တဲ့ မြန်မာနဲ့ထိုင်းတို့ပါပဲ။ ဒါကြောင့် ဒီဗိုလ်လုပွဲဟာ အလွန်စိတ်ဝင်စားစရာကောင်းနေပြီး ပရိသတ်အကြိုက် ပွဲကြီးပွဲကောင်းဖြစ်လာမှာသေချာနေတယ်။


အုပ်စုပွဲတုန်းက မိုင်နီလာထွေး (ယာ)နဲ့ ထိုင်းနောက်တန်းကို ထိုးဖောက်ကစားစဉ်

ဗိုလ်လုပွဲလမ်းကြောင်း

ဒီပြိုင်ပွဲမစတင်ခင်ကတည်းက မြန်မာ၊ ဗီယက်နမ်၊ထိုင်း ၃ သင်းထဲက ချန်ပီယံ ဖြစ်လိမ့်မယ် လို့ မျှော်လင့်ထားခဲ့တဲ့အတိုင်း ဖြစ်လာတယ်။ ဆီမီးပွဲစဉ်မှာ မြန်မာအသင်းဟာ သူတို့ထက် အဖက်ဖက်က အားနည်းတဲ့မလေးရှားအသင်းကို ၅-၀ နဲ့ နိုင်ခဲ့တာ အံ့သြစရာမရှိပေမယ့် လက်ရှိချန်ပီယံဗီယက်နမ်ကို ထိုင်းက ၃-၀နဲ့နိုင်ခဲ့တာကတော့ နည်းနည်း ထူးဆန်းနေသလို ဖြစ်နေပါတယ်။ ဒါကြောင့် ဗိုလ်လုပွဲအကြောင်းမပြောမီမှာ ဆီမီးဖိုင်နယ်ပွဲစဉ်ကို အရင်ပြန် ပြောပြချင်ပါတယ်။

ဗီယက်နမ်နဲ့ ထိုင်းတို့တွေ့တဲ့ဆီမီးပွဲဟာ ကစားသမားအင်အား ပြိုင်ပွဲအတွေ့အကြုံနဲ့ လက်ရှိ ခြေစွမ်း အနေအထားအရ အလွန်အကြိတ်အနယ်ရှိပြီး ဘယ်အသင်းမှ အလွယ်တကူ အသာ စီးမရနိုင်ဘူးလို့ ထင်ခဲ့မိပေမယ့် တကယ်ကစားတဲ့ အခါမှာတော့ အတွေ့အကြုံနဲ့ စိတ်ဓာတ် ပိုင်းပိုကောင်းမယ်လို့ မျှော်လင့်ခဲ့တဲ့ လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းဟာ အမှားများခဲ့ပြီး မမျှော်လင့်ပဲ ဂိုးပြတ် ရှုံးသွားခဲ့ပါတယ်။ ဒီပွဲမှာ ထိုင်းအသင်းက ၄-၄-၂ ကစားကွက်နဲ့ လူစုံထုတ်ပြီး ကစားခဲ့ပေမယ့် ဗီယက်နမ်အသင်းနည်းပြကတော့ အဓိကကွင်းလယ်လူ ငုယင်သီကမ်တီအန်(၆)နဲ့ သီမင်ငူယက်(၁၈)တို့ကို အနားပေးထားပြီး သူတို့နေရာမှာ အရံ ကစားသမား ၂ ဦးထည့်ကာ ၄-၃-၃ ပုံစံနဲ့ ပွဲထွက်လာပါတယ်။ ဒီပွဲမှာ ဗီယက်နမ်အသင်းဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုလွန်ကဲပြီး အချိန်တန်ရင် အနိုင်ဂိုးရမှာပဲဆိုတဲ့ ပုံစံမျိုးနဲ့ ဖြည်းဖြည်း မှန်မှန်ပဲ ကစားခဲ့ပေမယ့် ထိုင်းအသင်းကတော့ ပွဲစကတည်းက ခပ်မာမာ၊ ခပ်မြန်မြန်နဲ့ တိုက်စစ်မြင့်ကစားခဲ့လို့ ဗီယက်နမ်အသင်းအငိုက်မိသွားပြီး ပွဲအစ ၃ မိနစ်မှာပဲ ဂိုးပေးလိုက် ရပါတယ်။

ဒီဂိုးဟာ ထိုင်းကွင်းလယ်လူရဲ့ ဖရီးကစ်ကတစ်ဆင့် တိုက်စစ်မှူးဆူနီဆာ(၁၀)က ခေါင်းတိုက် ဂိုးသွင်းသွားခဲ့တာပါ။ စောစောစီးစီးဂိုးပေးလိုက်ရလို့ ဗီယက်နမ်အသင်း ပျာသွားပြီး ကစား ကွက်လည်း ပျက်သွားလို့ စိတ်ဓာတ်တက်သွားတဲ့ ထိုင်းက ပိုဖိကစားလာခဲ့ပါတယ်။

ထိုင်းအသင်းဟာ တစ်ဦးချင်း ဘောလုံးပညာကောင်းပြီး ဗီယက်နမ်အသင်း ကစားရခက် အောင် ဘောလုံးကိုလိုသလို ထိန်းချုပ်ရွှေ့လျားပေးပို့ ကစားနေခဲ့လို့ ဗီယက်နမ်အသင်းကို က စားကွက် အသာစီးရခဲ့ပါတယ်။ မမျှော်လင့်ပဲ ဂိုးစောစောစီးစီး အသွင်းခံလိုက်ရလို့လည်း ဗီယက်နမ်ကစားသမားတွေ Pressure ၀င်သွားပြီး တည်ငြိမ်မှုပျက်သွားတာကို ထိုင်းက အခွင့်ကောင်းယူပြီး One Two နဲ့ အမြန်တွဲကစားနိုင်ခဲ့လို့ ဂိုးသွင်းခွင့်တွေပိုရခဲ့ပါတယ်။ ဗီ ယက်နမ်ဂိုးသမားကောင်းနေလို့သာ ဂိုးထပ်မပေးခဲ့ရတာ ထိုင်းအသင်း အလယ်တန်းက ၀ီလီပွန်(၆)၊စီဆရမ်(၈)တို့ဟာ ဘောလုံးကို လိုသလိုထိန်းလှည့်ပြီး ဗီယက်နမ်အသင်း Tempo တင်လို့မရအောင် အတွဲမိမိကစားနိုင်ခဲ့သလို ညာနောက်ခံလူအသင်းခေါင်းဆောင် ဆူဖာ ပွန်(၁၆)၊ တောင်ပံကစားသမား ဆူကူရမ် (၁၄)၊ပစ်ဆူမီ(၁၃)တို့ကလည်း ခံစစ်နဲ့ တိုက်စစ်ကို အချိန်ကိုက်အတက်အဆင်းလုပ်ကစားနိုင်ခဲ့လို့ တောင်ပံတိုက်စစ်ကိုအားပြုကစားတတ်တဲ့ ဗီယက်နမ်အသင်း Rhythm Out သွားခဲ့ပါတယ်။

ခြေပျက်ခဲ့တဲ့ ချန်ပီယံ

ဗီယက်နမ်အသင်းက အားထားရတဲ့ ကွင်းလယ်တိုက်စစ်မှူးအသင်းခေါင်းဆောင် ဒွန်သီကမ်ချီ (၁၄)၊ဒိုသီနွတ်ချန်(၉)၊ တိုက်စီတူရက်(၁၀)တို့အုပ်စုနဲ့ ကွင်းလယ်ကစားသမားတွေ နားလည်မှု လွဲချော်နေပြီး Attacking လိုက်ကစားတတ်တဲ့ ညာနောက်ခံလူ ထရမ်သီကမ် ဟောင်(၇) ဆီကလည်း ဘောလုံးကောင်းတွေ သိပ်မထုတ်ပေးနိုင်အောင် ထိုင်းအသင်းက အကွက် ကျကျချုပ်ကစားခဲ့လို့ ဗီယက်နမ်အသင်း Team Balance ပါအောက်သွားပြီး ထိုင်းအသင်း ကစားကွက်အောက်ကိုရောက်သွားပါတယ်။ ဒီအချိန်မှာ ဗီယက်နမ်နည်းပြအနေနဲ့ ထိုင်းအ သင်းရဲ့Tempo ကိုလျှော့ချနိုင်အောင် လူနဲ့ ကစားကွက်အပြောင်းအလဲ လိုသလိုလုပ်သင့် ပေမယ့် စိတ်လောကြီးပြီး သူကိုယ်တိုင်က အမှားတွေလုပ်ခဲ့တွေ့ရတယ်။

ရှေ့တန်းမှာ လှုပ်ကစားနေတဲ့ တိုက်စစ်မှူး ဘူသီတူယက်မိုင်(၁၀)ကို မိနစ် ၂၀လောက်မှာပဲ လူ စားလဲလိုက်လို့ ထိုင်းအသင်း အကြိုက်ပို ဖြစ်သွားပါတယ်။ ဗီယက်နမ်အသင်းက အန္တရာယ် ပေးနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက်လျော့သွားလို့ထိုင်းနောက်တန်းဟာ Pressure သိပ်မရှိ တော့ပဲ တိုက်စစ်ကို လိုသလိုလိုက်ကစားနိုင်လို့ထိုင်းကစားကွက်က ပိုသွက် လာပါတယ်။ ဒါကြောင့် ပထမပိုင်းပြီးချိန်အထိ ထိုင်းက ၁ ဂိုးအသာနဲ့ အနိုင်ရနေခဲ့တယ်။

ဒုတိယပိုင်းမှာလည်း ဗီယက်နမ်အသင်းဟာ နည်းဗျူဟာပိုင်း အပြောင်းအလဲ မလုပ်နိုင်ခဲ့လို့ ထိုင်းအသင်းကပဲ ဗီယက်နမ်အသင်း အထနှေးတတ်တာကို အခွင့်ကောင်းယူပြီး တိုက်စစ် ဖွင့်ကစားခဲ့ကာ ဗီယက်နမ်ခံစစ် အငိုက်မိသွားပြီး ထိုင်းတိုက်စစ်မှူး နီဆာ (၉) က Volley ဆွဲကန်ပြီး ဒုတိယ ဦးဆောင်ဂိုး သွင်းသွားပါတယ်။ ၂ ဂိုးပေးလိုက်ရတဲ့အချိန်မှာ ဗီယက်နမ်က စားသမားတွေ Mental ပိုင်းပါကျသွားပြီး ကစားပုံပျက်သွားလို့ ထိုင်းက စိတ်ကြိုက် ကစား ကွက်ဖော်ပြီး ဗီယက်နမ်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ခုခံ ကာကွယ်သွားနိုင်ပါတယ်။ ဒီလိုနဲ့ ဒုတိယပိုင်း ၆၃ မိနစ်မှာ ထိုင်းအလယ်တန်းလူ ချစ်တာဝမ်က ထောင့်ကန်ဘောမှတစ်ဆင့် အနီးကပ်ပိတ်သွင်းပြီး ဗီယက်နမ်အသင်းကို ၃ ဂိုးနဲ့ ဦးဆောင် ကစားခဲ့ပါတယ်။

ချန်ပီယံခြေစွမ်းရှိတဲ့ထိုင်း

ဗီယက်နမ်သင်းသားတွေ ကြိုးစားပြီး ချေပဂိုးသွင်းနိုင်အောင် ပြန်လည်ထိုးဖောက်ခဲ့ပေမယ့် ထိုင်းအသင်းက ဘောလုံးကို လိုသလို ထိန်းကိုင်ပြီး ဘောလုံးမဆုံးအောင် Opening သဘော မျိုးလုပ်ကစားသွားလို့ ဗီယက်နမ်အသင်းအတွက် အခွင့်အရေးလွတ်လွတ်ကျွတ်ကျွတ် သိပ်မရ
ခဲ့ပဲ နောက်ဆုံးမှာ ထိုင်းအသင်းကို ၃ ဂိုးပြတ်နဲ့ရှုံးပြီး လက်ရှိအာဆီယံချန်ပီယံဘွဲ့ကို ဆီမီးမှာပဲ လက်လွှတ်လိုက်ရပါတယ်။ ထိုင်းအသင်းဟာ ဒီပွဲမှာ မြန်မာနဲ့ပွဲက ခြေမျိုးမဟုတ်ပဲ တစ်ဦးချင်းရော အသင်းလိုက်ပါ ကစားပုံအတော်ကောင်းခဲ့ပြီး ဘောလုံးကိုလည်း ယောက်ျား လေးများကဲ့သို့ လိုသလို ကျွမ်းကျင်စွာ ခိုင်းကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ ထိုင်းကစား သမားအများစုဟာ ဘောလုံးကိုလည်း အရှိန်မယူပဲ လိုတဲ့နေရာကို တိတိကျကျ ရောက် နိုင်အောင် ကန်ပို့ပေးနိုင်တဲ့ ပါဝါရှိလို့ ထိုင်းအသင်းရဲ့ အနေအထားဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲ သင့်တဲ့ အခြေအနေမျိုးရှိနေပါတယ်။

ဂိုးတောင်နည်းသေးတယ်

မြန်မာနဲ့ မလေးရှားတို့တွေ့တဲ့ ဒုတိယဆီမီးပွဲမှာ မျှော်လင့်ထားတဲ့အတိုင်း ခြေစွမ်းနဲ့ အခြေ အနေအရပ်ရပ် အဖက်ဖက်က အသာစီးရနေတဲ့ မြန်မာအသင်းဟာ မလေးရှားကို ပွဲချိန်ပြည့်နီး ပါး ဖိကစားသွားပြီး ၅ ဂိုးပြတ်နဲ့ နိုင်သွားခဲ့ပါတယ်။ မြန်မာနည်းပြဟာ ဒီပွဲမှာ အနိုင်သေ ချာအောင် ပထမ တာထွက်ကစားသမား အကုန်သုံးခဲ့ပြီး မလေးရှားကို ဖိကစားခဲ့ပေမယ့် အဖွင့်ဂိုးကို မိနစ် ၂၀ မှရခဲ့တာပါ။ ဒီဂိုးကတော့ အေးနန္ဒာလှိုင် ဘယ်ခြမ်းက မတင်ပေးလိုက်တဲ့ ဘောလုံးကို မလေးဂိုးသမား ပုတ်ထုတ်လိုက်လို့ ပြန်ထွက်လာတဲ့ဘောလုံးကို တိုက်စစ်မှူး ဇင်မာဝမ်းက ခေါင်းတိုက်ပိတ်သွင်းခဲ့တာပါ။အဖွင့်ဂိုးရပြီးနောက် မြန်မာအသင်းဟာ ခြေအ သာ၊ကစားကွက်အသာနဲ့ ဖိကစားပေမယ့်မလိုအပ်ပဲ လောကြီးနေတာနဲ့ အရင်ပွဲတွေက အ တော်ညံ့ခဲ့တဲ့ မလေးဂိုးသမားကလည်း အံ့သြလောက်အောင် လက်စွမ်းပြနေခဲ့တာကြောင့် ဂိုး ရဖို့ခက်နေခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအသင်းဟာ ပထမပိုင်းမှာ မလေးရှားကို ကွင်းတစ် ၀က်ဖိကစားပြီး ပထမပိုင်း ၃၁ မိနစ်မှာ ဘယ်နောက်ခံလူ ဆုဆုဝေ ကွင်းလယ်လောက်ကနေ အမြောက်ကန်သွင်းလို့ ဒုတိယဂိုးရပြီး ပထမပိုင်းပြီးခါနီးမှာ နောက်ခံဘယ်အတွင်းလူ မိုးမိုးဝါက ၂၅ ကိုက်လောက်ကရတဲ့ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာ ၃ ဂိုးအ သာနဲ့ ဦးဆောင်နေခဲ့ပါတယ်။

မြန်မာနဲ့ ထိုင်း ထိပ်တိုက်တွေ့ဆုံမှု

မြန်မာ ၁ - ၂ ထိုင်း (၁၆၊ ၇၊ ၂၀၀၆)
မြန်မာ ၂ - ၃ ထိုင်း (၂၉၊ ၅၊ ၂၀၀၆
မြန်မာ ၂ - ၁ ထိုင်း (၂၈၊ ၁၁၊ ၂၀၀၅)
ထိုင်း ၂ - ၄ မြန်မာ (၂၊ ၁၂၊ ၂၀၀၃)
ထိုင်း ၁ - ၁ မြန်မာ (၁၀၊ ၉၊ ၂၀၀၁)
ထိုင်း ၅ - ၁ မြန်မာ (၁၇၊ ၁၀၊ ၁၉၉၇)
ထိုင်း ၅ - ၁ မြန်မာ (၁၈၊ ၁၂၊ ၁၉၉၅)

ဒုတိယပိုင်း ၅၃ မှာလည်း နောက်ခံလူ မိုးမိုးဝါက ပထမဂိုး သွင်းခဲ့တဲ့ပုံစံအတိုင်း ဖရီးကစ် ၁ ဂိုးထပ်သွင်းခဲ့လို့ မလေးရှားအသင်း စိတ်ဓာတ်နဲ့ ကစားအားပါကျသွားပြီး ၈၅ မိနစ်မှာ လူစား ၀င်လာတဲ့ ခင်မိုးဝေက ပဉ္စမဂိုး သွင်းခဲ့လို့ မြန်မာအသင်း ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ မလေးရှားကို အသာစီးကစားပြီး နိုင်ဖို့လည်း သေချာနေတဲ့အချိန်မှာ မြန်မာနည်းပြက အေး နန္ဒာ လှိုင်၊မိုင်နီလာထွေးနဲ့ မိုးမိုးဝါတို့ကို လူစားလဲပြီး ဗိုလ်လုပွဲအတွက် အနားပေးခဲ့ ပါတယ်။

လက်ရှိချန်ပီယံအတွက် နှစ်သိမ့်ဆု

တတိယလုပွဲမှာတော့ ဗီယက်နမ်နဲ့ မလေးရှားတို့တွေ့မှာဖြစ်လို့ အဖက်ဖက်က အသာစီးရှိ နေတဲ့ ဗီယက်နမ်အသင်းကို မလေးရှား ဂိုးပြတ်မရှုံးအောင်ပဲ အသည်းအသန် ကစားရမှာပါ။ ဒီနှစ်သင်းတွေ့ဆုံခဲ့တဲ့ အစဉ်အလာအရရော လက်ရှိတစ်ဦးချင်းနဲ့ အသင်းလိုက်ခြေစွမ်းအရပါ ဗီယက်နမ်အသင်းက အများကြီးသာနေသလို ထိုင်းကို မမျှော်လင့်ပဲဆီမီးမှာ ဂိုးပြတ်ရှုံးပြီး လက်ရှိချန်ပီယံဘွဲ့ လက်လွှတ်လိုက်ရတဲ့ မခံချင်စိတ်တွန်းအားက ဒီပွဲမှာ ပိုပြီးပေါက် ကွဲပြပါ လိမ့်မယ်။ ဒါကြောင့် မလေးရှားအသင်း ဂိုးပြတ်ရှုံးဖို့ သေချာပြီး လက်ရှိချန်ပီယံ ဗီယက်နမ် အတွက် နှစ်သိမ့်ဆုအဖြစ် တတိယဆုတံဆိပ်ကိုယူပြီး အိမ်ပြန်ဖို့ပဲရှိပါတော့တယ်။

မြန်မာအတွက် အလွန်ခက်ခဲတဲ့ဗိုလ်လုပွဲ

ဗိုလ်လုပွဲမှာ ထိုင်းနဲ့ပြန်ဆုံတာဟာ ထိုင်းအတွက်တော့ အုပ်စုပွဲမှာ ရှုံးခဲ့တာကို လက်စားချေခွင့် ရဖို့မျှော်လင့်ချက်ရှိပေမယ့် မြန်မာအသင်းအတွက်တော့ အလွန်ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။ အုပ်စု ပွဲတုန်းက နိုင်ခဲ့တယ်ဆိုတာကလည်း ထိုင်းကပွဲချိန်ပြည့်နီးပါး ခြေအသာ၊ ကစား ကွက် အသာနဲ့ ဖိကစားပြီး မြန်မာနောက်တန်းနဲ့ ဂိုးသမားမေခင်ယမင်းတို့ ကောင်းလွန်း နေတာနဲ့ ထိုင်းကစားသမားတွေ လောကြီးပြီး ထိုင်းနည်းပြရဲ့ နည်းဗျူဟာ အမှားလေး တစ် ချို့ကြောင့်ဖြစ်ပါတယ်။ ဒါတောင် ထိုင်းကတစ်ယောက်အထုတ်ခံရပြီးမှ မြန်မာက အနိုင်ဂိုး သွင်းနိုင်ခဲ့တာပါ။ လက်ရှိဆီမီးပွဲကစားသွားတဲ့ခြေအရ ထိုင်းအသင်းဟာ သူတို့အမျိုး သား လက်ရွေးစင်အသင်းကြီးလို တစ်ဦးချင်းရော အသင်းလိုက်ပါ အလွန်ကောင်းပြီး System Play နဲ့လည်းကစားတတ်လို့ မြန်မာအသင်းအနိုင်ရဖို့ လုံးဝမလွယ်ပါဘူး။

ထိုင်းအသင်းရဲ့အလယ်တန်းဟာ ဘောလုံးကို လိုသလိုထိန်းကိုင်နိုင်ပြီး ခံစစ်နဲ့ တိုက်စစ်ကို လည်း အကောင်းဆုံးပံ့ပိုး ကစားနိုင်တဲ့အပြင် တစ်ဦးချင်းရဲ့ကန်ချက်တွေကလည်း ပြင်းထန်ပြီး တိကျတာကြောင့် မြန်မာအသင်းအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်းအသင်းကစား ကွက်ပျက် အောင် ခပ်မာမာတုန့်ပြန်ကစားနိုင်မှသာ မျှော်လင့်ချက်ရှိနိုင်ပါတယ်။ အထူးသဖြင့် ထိုင်းအ သင်းခေါင်းဆောင် ဆူဖာပွန်(၁၆) ဟာ ဘောလုံးကိုလိုတဲ့ နေရာရောက်အောင် တိတိကျ ကျဖြတ်တင်ပေးနိုင်တဲ့အပြင်တိုက်စစ်ကိုလည်း ပံ့ပိုးပေးနိုင်သူဖြစ်လို့ အထူးသတိ ထားက စားရပါမယ်။ ကွင်းလယ်က ၀ီလီပွန် (၆) နဲ့ဂျန်ပင်(၈)၊ ပစ်ဆူမီ(၁၃)တို့ဟာ ကြုံတဲ့နေ ရာကနေ အမှတ်မထင်ဂိုးသွင်းနိုင်စွမ်းရှိလို့ သူတို့တွေဆီ ဘောလုံး သိပ်မရောက်အောင် မြန်မာအ သင်းအနေနဲ့ ထိန်းချုပ်ကစားနိုင်ဖို့လိုပါတယ်။

ထိုင်းအသင်းဟာ ဒီပွဲမှာ ၄-၄-၂ ပုံစံနဲ့ တိုက်စစ်အသားပေးကစားမယ့် အနေအထားရှိလို့ မြန်မာအသင်းအနေနဲ့ ၄-၅-၁ ပုံစံချပြီး ထိုင်းကစားသမားတွေကို သက်လုံကျသွားအောင် မောင်းကစားပြီးမှ ကောင်တာနဲ့ ဖောက်ကစားတဲ့ နည်းဗျူဟာကို သုံးသင့်ပါတယ်။ လက်ရှိဆီမီး မှာကစားခဲ့တဲ့ခြေစွမ်းအရတော့ ထိုင်းအသင်းကို မြန်မာအသင်းယှဉ်ဖို့ခက် ပါတယ်။ အစဉ်အလာအရ ထိုင်းကသာ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ထိုင်းအသင်းနဲ့ မြန်မာအ သင်းဟာ မကြာခဏတွေ့ဆုံလေ့ရှိပြီး ပွဲအများစုမှာ ထိုင်းအသင်းကပဲ အသာစီးရခဲ့ တာ တွေ့ရတယ်။ ဒီပြိုင်ပွဲမတိုင်ခင် မြန်မာနဲ့ထိုင်းအသင်းတို့ဟာ စုစုပေါင်း၇ ကြိမ်တွေ့ ခဲ့ဖူးရာ မှာ ထိုင်းက ၄ပွဲနိုင်ခဲ့ဖူးပြီး မြန်မာက ၂ ပွဲပဲနိုင်ခဲ့ကာ၁ ပွဲ သရေကျခဲ့ပါတယ်။ အထူးသဖြင့် ဒီဘက်နှစ်ပိုင်းတွေမှာ ထိုင်းအသင်းနဲ့တွေ့ရင် မြန်မာအသင်း ရလဒ်သိပ်မကောင်းတတ်လို့ ဒီပွဲမှာ မြန်မာအသင်းအနေနဲ့ အမြင့်ဆုံးခြေစွမ်းရခဲ့ရင်တောင် အလွယ်တကူနိုင်ဖို့ မဖြစ် နိုင်ပါဘူး။

မျှော်လင့်ချက်တော့ ရှိနေသေး

လက်ရှိခြေစွမ်းနဲ့ ကစားပုံအရ ထိုင်းအသင်းကို မန်မာအသင်း အလွယ်တကူနိုင်ဖို့ မဖြစ် နိုင်ပေမယ့် တဖက်ကကြည့်ရင်လည်း ထိုင်းအသင်းအတွက် ဒီပွဲကအတော်ခက်ခဲတဲ့ပွဲပါပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာအသင်းဟာ အိမ်ရှင်ဖြစ်တာနဲ့အညီ ရာသီဥတု၊ ပရိသတ်အား၊ ကွင်းအနေအထားနဲ့ အခြားသော အခြေအနေအရပ်ရပ်က အသာစီးရှိနေတဲ့အပြင် မဟာ ပြိုင်ဘက်ဆိုတဲ့အသိနဲ့ထိုင်းအသင်းကို အနိုင်ရချင်စိတ်ပြင်းထန်စွာကစားမှာဖြစ်လို့ ထိုင်း အသင်းအတွက်လည်း အလွယ်တကူအသာစီးရလိမ့်မယ်လို့ အပိုင် တွက်ထားလို့ မရပါဘူး။ ထိုင်းအသင်းရဲ့ မသိစိတ်ထဲမှာလည်း မြန်မာအသင်းနဲ့တွေ့ရင် စိတ်ထဲက နည်းနည်းရှိန် နေတတ်လို့မြန်မာအသင်းသာ ဒီအချက်ကိုနင်းပြီး နည်းပရိယာယ်ပြည့်ဝစွာနဲ့ တည်တည် ငြိမ်ငြိမ်နည်းစနစ်ကျကျ တုန့်ပြန်ကစားနိုင်ရင် ဗိုလ်စွဲဖို့ မျှော်လင့်ချက်လေး ရှိနေပါသေးတယ်။ တကယ်လို့များ အခုပွဲမှာ ထိုင်းလိုအသင်းမျိုးကို ကပ်ရှုံးပြီး ချန်ပီယံဆု လက်လွှတ်လိုက်ရ ရင်လည်းမြန်မာအသင်းအတွက် အများကြီး ဂုဏ်ငယ်စရာတော့ မရှိပါဘူး။ အခြေအနေအ ရပ်ရပ်အရ သုံးသပ်ရရင်တော့ အခုချိန်ထိ နှစ်သင်းစလုံးအနိုင်ရဖို့ ၅၀-၅၀ ပါပဲ လို့ဆိုချင် ပါတယ်။ မြန်မာအသင်း အနိုင်ရဗိုလ်စွဲခဲ့ရင်တော့ အခြားသော အခြေအနေတွေကြောင့် မွန်းကျပ်နေတဲ့ မြန်မာပရိသတ်တွေ ပျော်ရွှင်ခွင့်ရမှာဖြစ်သလို ကစားသမားတွေလည်း ဆုကြေးတွေများစွာ ခံစားခွင့်ရရှိပြီးဆီးဂိမ်းအတွက် ယုံကြည်မှုတွေ တိုးလာနိုင်ပါတယ်။

ကျွန်တော်တို့အတွက် ဒီပွဲဟာခက်ခဲတဲ့ပွဲပါ၊ မြန်မာအသင်းဟာ အလွန်တောင့်တင်းတဲ့ အ သင်းဖြစ်သလို အိမ်ရှင်လည်းဖြစ်လို့ ဒီပွဲကို ကျွန်တော်တို့ အထူးသတိထား ကစားရမှာပါ၊ အုပ် စုပွဲတုန်းက ကျွန်တော်တို့ အားနည်းချက်လေးတွေရှိခဲ့တာကို အချိန်မှီ ပြင်နိုင်ခဲ့လို့ ဆီမီးပွဲမှာ လက်ရှိချန်ပီယံဗီယက်နမ်ကို အနိုင်ရခဲ့တာပါ၊ အခုဗိုလ်လုပွဲမှာလည်း ကျွန်တော်တို့ တည် တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်ဖို့ ကြိုးစားသွားမှာပါ၊ လူအများစုကတော့ ကျွန်တော်တို့ အသင်း ခြေသာတယ်လို့ ပြောကြပေမယ့် ဒီပွဲဟာ သိပ်ခက်ခဲတဲ့ ပွဲဖြစ်လို့ နည်းနည်းလေးမှ အမှားလုပ်လို့မရပါဘူး၊ မြန်မာအသင်းကိုလည်း ကျွန်တော်တို့ လုံးဝလျှော့မတွက်ထားပါဘူး၊ ဒီပွဲမှာ အကောင်းဆုံးကစားနိုင်ပြီး ကံကြမ္မာဖေးမမှုလည်း ကောင်းတဲ့အသင်းက အသာရမှာ
ပါ၊ နှစ်သင်းစလုံးမှာ နိုင်ချေ ၅၀-၅၀ စီရှိပါတယ်၊ ဒိုင်လူကြီးရဲ့ ကိုင်တွယ်ပုံနဲ့ ဆုံးဖြတ်ချက် ဟာလည်း ဒီပွဲမှာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။

ဖြစ်နိုင်ချေ Line – Up

မြန်မာအသင်း ( ၄ - ၅ - ၁)

ဂိုး - မေခင်ယမင်း
နောက်တန်း - စမ်းစမ်းသိန်း၊ စမ်းစမ်းမော်၊ မိုးမိုးဝါ၊ ဆုဆုဝေ
အလယ်တန်း - စမ်းယုနိုင်၊ သန်းသန်းထွေး၊ ခင်မာလာထွန်း၊ မိုင်နီလာထွေး၊ အေးနန္နာလှိုင်၊
ရှေ့တန်း - ဇင်မာဝမ်း

ထိုင်းအသင်း ( ၄ - ၄ - ၂)

ဂိုး - ၀ါရာပွန်
နောက်တန်း - သီဒါရက်၊ ဒွန်နာပါ၊ ဒါရွတ်၊ ဆူဖာပွန်
အလယ်တန်း - ဆူကွမ်ယာ၊ ၀ီလှိုင်ပွန်၊ ဂျန်ပင် ၊ ပစ်ဆာမိုင်
ရှေ့တန်း - နီဆာ၊ ဆူနီဆာ

ဗိုလ်လုပွဲမတိုင်မီ နှစ်ဖက်နည်းပြများရဲ့ ပြောစကား

ထိုင်းနည်းပြ ချာနာယော့ပရန်

ကျွန်တော်တို့ ဒီပွဲမှာ အကောင်းဆုံးကစားနိုင်မှ မျှော်လင့်ချက်ရှိမယ်ဆိုတာ သဘော ပေါက်ပါ တယ်၊ ထိုင်းအသင်းဟာ ကျွန်တော်တို့ ထက်တစ်ဦးချင်းရော အသင်းလိုက် အနေအထားပါ သာနေလို့ ဒီပွဲဟာ အတော်ခက်ခဲမှာ သေချာပါတယ်၊ အုပ်စုပွဲကထက် အများကြီးပိုခက်ခဲမှာပါ၊ ဒါပေမယ့် ကျွန်တော်တို့ ပရိသတ်တွေရှေ့မှာကစားရမယ့် ပွဲဖြစ်လို့ ထိုင်းအသင်းကို ကြောက် စရာမရှိပါဘူး၊ ပရိသတ်တွေ အားပေးရကျိုးနပ်အောင် ဗိုလ်လုပွဲမှာ အနိုင်ရအောင် အစွမ်း ကုန်ကြိုးစားသွားမှာပါ၊ ပရိသတ် အားပေးမှုကလည်း ဒီပွဲအတွက် သိပ်အရေးကြီး ပါတယ်၊ ဒါကြောင့် ဆီးမီးပွဲတုန်းကလိုပဲကျွန်တော်တို့အသင်းကို ပရိသတ်တွေ တခဲနက် အားပေး ကြပါ ဦးလို့ ပြောချင်ပါတယ်။

မြန်မာအသင်းနည်းပြ ဦးအေးကြူကြီး

ဒီပွဲဟာ အုပ်စုပွဲကထက် အများကြီး ပိုခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်၊ လက်ရှိအနေအထားမှာ ထိုင်းအသင်းက သာတယ်ဆိုပေမယ့် သူတို့မှာလည်း အားနည်းချက် အချို့ ရှိနေပါသေးတယ်၊ထိုင်းဟာ မြန်မာနဲ့ တွေ့ရင် ရှိန်နေတတ်တဲ့ သဘောရှိလို့ ကျွန်တော်တို့ အနိုင်ရမယ့် အကောင်းဆုံးနည်းဗျူဟာ ကစားကွက်ကို စုပေါင်းဆွေးနွေး တိုင်ပင်ပြီး အနိုင်ရ အောင် ကြိုးစားသွားမှာပါ။

မြန်မာအသင်း အဖွဲ့ခေါင်းဆောင် ဦးစိုးမြင့်လွင်