DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
ထိုင်းအခက် မြန်မာအချက် အာစီယံချန်ပီရှစ် ဆီမီးဖိုင်နယ် သုံးသပ်ချက်
စိုးမိုး (IBC) - စက်တင်ဘာ ၁၁၊ ၂၀၀၇

ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသော ၂၀၀၇ အာဆီယံချန်ပီယံရှစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ တွင် အိမ်ရှင်မြန်မာအသင်းသည် အုပ်စု (ခ) အုပ်စုပွဲစဉ်များ ပြီးဆုံးသွားပြီဖြစ်ရာ မျှော်လင့်ထားသည့်အတိုင်း မြန်မာနှင့် ထိုင်းအသင်းတို့သာ ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခဲ့သည်။

မြန်မာအသင်းအနေဖြင့် ထိုင်းကို အုပ်စုနောက်ဆုံးပွဲစဉ်တွင် ထိုင်းအသင်းကို အနိုင်ကစား နိုင်ခြင်းအကျိုးကြောင့်အုပ်စုဗိုလ်ဖြင့် ဆီမီးတက်ခွင့်ရ၍ ဗိုလ်လုပွဲ ဆက်တက်နိုင်ရန် အလားအ လာသိပ်ကောင်းသွားသော် လည်း အုပ်စုဒုတိယရခဲ့သည့် ထိုင်းအသင်းမှာမူ ဆီမီးတွင် အလွန်တောင့်တင်းသော လက်ရှိချန်ပီယံ ဗီယက်နမ်နှင့် တွေ့ရတော့မည်၍ဖြစ် ပွဲအလွန် ကျပ်ပြီး ဗိုလ်လုပွဲတက်ခွင့်အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရတော့မည်မှာ သေချာသည်။

ယခုဆောင်းပါးရေးချိန်တွင် အုပ်စု (က) မှ ဗီယက်နမ်နှင့်အင်ဒိုနီးရှား၊မလေးရှားနှင့် ဖိလစ်ပိုင် တို့ တွေ့ရမည့် အုပ်စုနောက်ဆုံးပွဲစဉ်များ မကစားရသေးသော်လည်း လက်ရှိကစားသမား အင်အား တစ်ဦးချင်းနှင့် အသင်းလိုက်ခြေစွမ်းအပါအ၀င် ရလဒ်ပိုင်းအရကြည့်လျှင်လည်း ဗီယက်နမ်အသင်းမှာ အုပ်စုပထမနေရာ သေချာနေပြီဖြစ်ပြီး ဒုတိယနေရာကိုသာ စောင့်ကြည့် ရတော့မည်ဖြစ်သည်။ စာဖတ်သူများ ကွက်ကွက်ကွင်းကွင်းစဉ်းစားနိုင်ရန် အုပ်စု (က)၏ ပွဲစဉ် ၂ ပွဲစီ ကစားပြီးချိန်၌ ရပ်တည်မှုအနေအထားကို ဖော်ပြလိုက်ပါသည်။

အုပ်စု (က) အနေအထား

အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ် ဂိုးကွာ
ဗီယက်နမ် - - ၁၈ + ၁၈
အင်ဒိုနီးရှား - - ၃
မလေးရှား - - ၇
ဖိလစ်ပိုင် - - ၁၂ - ၁၀

ထို့နောက် ယနေ့ညနေတွင် အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်း၌ တစ်ပြိုင်တည်း ကစား ရမည့်ဗီယက်နမ်-အင်ဒိုနီးရှားပွဲစဉ်တွင် ဗီယက်နမ်သာ တကယ်ကစားရင် အင်ဒိုနီးရှားကို မနိုင်စရာအကြောင်းမရှိပေ။ အကယ်၍ ဗိုလ်လုပွဲအတွက် လူချန်ပြီး အရန်လူတွေအများစုကို ပွဲထုတ်ပြီး(ပွဲထုတ်ကစားဖွယ်လည်းရှိ) ကစားမည်ဆိုလျှင်ပင် အင်ဒိုနီးရှားကို အနိမ့်ဆုံး သရေကျအောင်တော့ ကစားနိုင်စွမ်းရှိသည်။ နောက်ဆုံး ဗီယက်နမ်က အင်ဒိုနီးရှားကို ရှုံးသွားစေဦးတော့လက်ရှိ ဂိုးကွာခြားချက် +၁၈ ရှိနေသောကြောင့် အင်ဒိုနီးရှားနှင့် ၆ မှတ်စီ တူသွားနိုင်သော်လည်း ဂိုးကွာခြားချက်အသာဖြင့် အုပ်စုဗိုလ်ဖြစ်ဦးမှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ထိုပွဲအားဗီယက်နမ်က တမင်အရှုံးးခံပြီး ကစားခဲ့လျှင်ပင် အင်ဒိုနီး ရှားအနေဖြင့် ဗီယက်နမ်ကို ၁၀ ဂိုးပြတ်ဖြင့် နိုင်သွားစရာ အကြောင်း လုံးဝမရှိသောကြောင့်ပင်။

အင်ဒိုနီးရှားအနေဖြင့် ထိုပွဲတွင် ၁၀ ဂိုးပြတ်နိုင်မှသာ ဗီယက်နမ်က ဂိုးကွာခြားချက်(၁၈ - ၁၀= +၈) ဖြစ်သွားမည်ဖြစ်ပြီး အင်ဒိုနီးရှားက (၁၀ - ၁=+၉) ဖြစ်ပြီး ဂိုးကွာခြားချက် +၁ အသာဖြင့် အုပ်စုဗိုလ်ဖြစ်သွားနိုင်ပါမည်။ သို့သော် ထိုသို့ ဖြစ်လာစရာ လုံးဝ(လုံးဝ)မရှိပေ။ ဘောလုံးမှာ ဘာမဆိုဖြစ်တတ်သည်ဟု ဆိုသော် လည်း မည်သို့ ကစားကစားအင်ဒိုနီးရှားအသင်း၏ လက်ရှိ အခြေအနေအရပ်ရပ်က ထိုသို့ဖြစ်လာရန် မည်သို့မျှ စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ ဗီယက် နမ်ကလည်း တမင်အရှုံးခံကစားလျှင်ပင် ထိုသို့သော် ဂိုးရလဒ်ဖြစ်တော့ အရှုံးခံ မည်မဟုတ်။ ထိုသို့လုံးဝမဖြစ်နိုင်သော ပွဲရလဒ်မျိုး ဖြစ်လာခဲ့သည်ပဲထားဦး၊ တစ်ဘက်ပွဲစဉ်မှ မလေးရှားက ဖိလစ်ပိုင်ကိုနိုင်ချေရှိသော်လည်း ၁၈ ဂိုးပြတ်ဖြင့်တော့လည်း နိုင်စရာ အကြောင်း လုံးဝမရှိပေ။

ဖိလစ်ပိုင်အသင်းမှာ အုပ်စု(က)တွင် အားအနည်းဆုံး ဖြစ်သော်လည်းတစ်ပွဲ ထက်တစ်ပွဲခြေ စွမ်းပိုကောင်းလာပြီး အင်ဒိုနီးရှား အုပ်စုပွဲစဉ် ၂ တွင် ၃ - ၂ ဖြင့်သာ ကပ်ရှုံးခဲ့၍ ယခုပွဲစဉ်တွင် မလေးရှားအသင်းကိုလည်း သူတို့ ဂုဏ်သိက္ခာအတွက် ခံကစားမည်မှာ သေချာသည်။ ထို့ ကြောင့် မလေးရှားအနေဖြင့် ဗီယက်နမ်ကို နိုင်ချေအပြည့်ရှိသော်လည်း ထိုမျှဂိုး ပြတ်စရာ လုံးဝ(လုံးးဝ)မရှိပေ။

ထို့ကြောင့် အဆိုပါအနေအထားအရ ဗီယက်နမ်အသင်းမှာ အုပ်စု(က)တွင် ပထမရပြီဟု သေချာပေါက်ပြောနိုင်နေပြီ၊ ဒုတိယနေရာအတွက် မလေးရှားနှင့် အင်ဒိုနီးရှားတို့ အပြိုင်လု ရမည်ဖြစ်သည်။ လက်ရှိခြေစွမ်းအရကြည့်လျှင်တော့ မလေးရှားက ဖိလစ်ပိုင်ကိုနိုင်ပြီး ၆ မှတ် ရကာ အင်ဒိုနီးရှားကိုဗီယက်နမ်ကို အမြင့်ဆုံး သရေသာကျ နိုင်ဖွယ်ရှိ၍ မလေးရှား အသင်း သာ အုပ်စုဒုတိယဖြင့် ဆီမီးတက်လာနိုင်ဖို့များနေသည်။

ထို့ကြောင့် လာမည့် စက်တင်ဘာ၁၃ ရက်နေ့ ညနေတွင်ကစားရမည့် ဆီမီးဖိုင်နယ်ပွဲစဉ်များ၌ ဗီယက်နမ်နှင့်ထိုင်း၊မြန်မာနှင့် မလေးရှားတို့တွေ့လိမ့်မည်ဟု အတိအကျနီးပါး ဆိုနိုင်လောက် ပြီဖြစ်သည်။ သို့အတွက် မြန်မာအသင်းမှာ အလွန်ပွဲချောင်သွားပြီဖြစ်ပြီး အကယ်၍ (ဖြစ်နိုင်ချေ တော့သိပ်မရှိ) အင်ဒိုနီးရှားနှင့် ဆီမီး၌တွေ့ခဲ့လျှင်လည်း မြန်မာအသင်းအတွက် ပို၍ပင်ပွဲ ချောင်သည်ဟုဆိုနိုင်သည်။ ဆီမီးပွဲစဉ် ၂ ပွဲစလုံးကို တစ်ရက်တည်းကစားရမည် ဖြစ်သော် လည်း ပထမဆီမီးပွဲဖြစ်သည့်  ဗီယက်နမ်- ထိုင်းပွဲကို ညနေ ၃း၃၀ နာရီတွင်ကစားပြီးမှ ညနေ ၅း၃၀ နာရီတွင် ဒုတိယဆီမီးပွဲဖြစ်သည့် မြန်မာပွဲစဉ်ကစားရမည်ဖြစ်၍ ပွဲစဉ်လမ်းကြောင်း အရလည်း(အိမ်ရှင်ဖြစ်၍) မြန်မာအသင်းက နားချိန်ပိုရထားပေသည်။

ထို့ကြောင့် ဗီယက်နမ်နှင့်ထိုင်းတို့တွေ့မည့် ဆီမီးပွဲစဉ်အလားအလာကို ဦးစွာသုံးသပ်ကြည့် လို လျှင် ဗီယက်နမ်အသင်းမှာ လက်ရှိချန်ပီယံဖြစ်ပြီး တစ်ဦးချင်းဘောလုံးပညာ၊ ကစားပုံနှင့် အတွေ့အကြုံပိုင်းတွင်သာမကပဲ ကြိုတင် ပြင်ဆင်လေ့ကျင့်မှုအပိုင်းတွင်လည်း ထိုင်းအသင်း ထက် အနည်းငယ်သာနေသည်။၂၀၀၆ ခုနှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့်အသင်းမှ အမာခံက ဘစားသမား ၇ ဦးပါဝင်နေပြီး ကျန်ကစားသမားအများစုမှာလည်း ခြေစွမ်းနှင့်ကစားပုံ အတော် လေးကောင်းနေခြင်းကြောင့် ဗီယက်နမ်အသင်း၏ အနေအထားမှာ ထိုင်းအသင်းကို အတော် လေး အခက်တွေ့စေနိုင်သည်။

ဗီယက်နမ်အသင်းမှာ တရုတ်နည်းပြဆရာကိုင်တွယ်နေသည့် အသင်းဖြစ်ပြီး ယခုပွဲမတိုင်မီ တရုတ်နိုင်ငံသို့သွားရောက်၍ တရုတ်ထိပ်တန်းကလပ်များ အပါအ၀င် ကမ္ဘာ့ဖလားပွဲ ကစား မည့် တရုတ်အမျိုးသမီး လက်ရွေးစင်အသင်းကြီးနှင့် ခြေစမ်းပွဲ ၄ ပွဲကစားခဲ့သည့် အ တွေ့အကြုံအရ ကြိုတင်ပြင်ဆင်မှုနဲ့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံတွင်လည်း ထိုင်းအ သင်းထက် သာနေသည်။ ထို့အပြင် ဗီယက်နမ်အသင်း၏ ထိုင်းအသင်းထက် သာလွန်သော အားသာချက်မှာ စိတ်ဓာတ်နှင့်ကစားအား ပိုကောင်းခြင်းပင်ဖြစ်သည်။

ထို့ကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ခြေသာလျက်နှင့် မြန်မာအသင်းကို မမျှော်လင့်ဘဲကပ် ရှုံးခဲ့သည့် ထိုင်းအသင်းအတွက် ကံဆိုးလှသည်ဟုသာ ဆိုရတော့မည်ဖြစ်သည်။သို့သော် တစ်ဘက်က ပြန်ကြည့်လျှင်လည်း ဗီယက်နမ်အသင်းအတွက် ယခုပွဲက အလွယ်တကူအ သာစီးရမည့်ပွဲဟုတော့ ပြောမရပေ။ ထိုင်းအသင်းမှာ ပွဲအတွေ့အကြုံ၊ စိတ်ဓာတ်နှင့် ကစားအားပိုင်းတွင်သာ ဗီယက်နမ်ထက် အနည်းငယ်အားနည်းဟု ဆိုနိုင်သော်လည်း တစ်ဦး ချင်းဘောလုံးပညာနှင့် အသင်းလိုက်ခြေစွမ်းပိုင်းတွင်တော့ ဗီယက်နမ်ကို ကောင်းကောင်း ယှဉ်နိုင်စွမ်းရှိသည်။အထူးသဖြင့် ကစားသမားတစ်ဦးချင်းခြေစွမ်းနှင့် နည်းစနစ်ပိုင်းတွင် ဗီယက်နမ်ထက်မညံ့၍ ယခုဆီမီးပွဲတွင် ဗီယက်နမ်အသင်းအနေဖြင့် အထူးသတိ ထားက စားရမည်မှာသေချာသည်။

ထိုင်းအသင်းတွင် အတွေ့အကြုံရင့်ကျက်သည့် ၀ါရင့်ကစားသမားများအပြင် ကစားအား ကောင်းသော လူငယ်ကစားသမားများပါဝင်နေ၍ ဗီယက်နမ်အသင်းအတွက်လည်း ပွဲကျပ်ဖြစ် သည်။ ထိုင်းအမျိုးသမီးအသင်း၏ ကစားပုံမှာ ထိုင်းအမျိုးသား လက်ရွေးစင်အသင်းကြီးနှင့် အတော်ဆင်ပြီး တိုက်စစ်ကိုတောင်ပံနှစ်ဖက်မှ အဓိကထိုး ဖောက်ကစားတတ်သည်ကို တွေ့ရသည်။ မြန်မာအသင်းနှင့်ကစားခဲ့သည့် အုပ်စုပွဲစဉ်တွင် ပွဲချိန်ပြည့်နီးပါး ဘောလုံး ပိုင်ဆိုင်မှုအသာ၊ ခြေစွမ်းအသာနှင့် ထိုးဖောက်ကစားနိုင်ခဲ့သော်လည်း စမ်းစမ်းမော် ဦးဆောင်သော မြန်မာအသင်းခံစစ်နှင့် ဂိုးသမား မေခင်ယမင်းတို့ခုခံကာကွယ်မှု ကောင်းလွန်း ခဲ့၍သာ ဂိုးမရခဲ့ခြင်းဖြစ်သည်။

ထိုပွဲ ဒုတိယပိုင်း ၈၅ မိနစ်တွင် ထိုင်းကစားသမားတစ်ယောက် အထုတ်ခံခဲ့ရ၍ ကစားအား ကျသွားချိန်တွင် မြန်မာအသင်း၏ တန်ပြန်တိုက်စစ်မှတစ်ဆင့် မထင်မှတ်ဘဲ အနိုင်ဂိုး သွင်း ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။ ထိုင်းအသင်း၏ တစ်ဦးချင်းနှင့်အသင်းလိုက်ခြေစွမ်းမှာ အုပ်စု ဗိုလ်ဖြစ်သွားသော မြန်မာအသင်းအတွက် ပိုကောင်း၍ ယခုဆီမီးပွဲတွင် ဗီယက်နမ် အသင်း အမှားလုပ်၍မရပေ။

ဗီယက်နမ်နှင့် ထိုင်းတို့၏အနေအထားကို နှိုင်းယှဉ်ကြည့်လျှင် နည်းပြပိုင်းအပါအ၀င် ကစား အားနှင့်စိတ်ဓာတ်ပိုင်းမှာ ဗီယက်နမ်က နည်းနည်းသာသော်လည်း တစ်ဦးချင်းနှင့် အသင်း လိုက်ခြေစွမ်းပိုင်းတွင် ကွာခြားမှုမရှိပေ။ ထိုင်းအသင်းတွင် အသင်းခေါင်းဆောင် စူဖာပွန်(၁၆)၊ ဆရီတာလာ(၁၄)တို့မှာ အတွေ့အကြုံ ရင့်ကျက်ပြီး ပါးနပ်သောခံစစ်မှူးများဖြစ်ကာ ကွင်း လယ်နှင့် တိုက်စစ်ပိုင်းက ဆီဆရမ်(၈)၊ ဆူနီဆာ(၁၀)၊ ဆွန်ဆိုင်(၁၃)၊ နီဆာရွမ်ရင်(၉)၊ အနူ ဆာရာ (၁၇)တို့မှာ ကစားပုံအလွန်ကောင်းပြီး ဂိုးသွင်းစွမ်းရည်လည်းရှိကြသည်။

ဗီယက်နမ်အသင်းတွင်လည်း အတွေ့အကြုံရင့်ကျက်သည့် ခံစစ်မှူးကောင်းများရှိနေပြီး အထူး သဖြင့် ညာနောက်ခံလူ သီကင်ဟောင်(၇)မှာ တိုက်စစ်ကိုအကောင်းဆုံး လိုက်ပါ ကစား နိုင်သူဖြစ်သည်။ ကွင်းလယ်ခံစစ်သမား ဒေါင်သီကင်ချီ(၁၄)၊ ကွင်းလယ်တိုက်စစ်မှူး ဘူသီ တူရက်မိုင်(၁၀)နှင့် လီသီဟောင်(၁၇)၊ သီယာဟောင်(၁၈)၊ ဆူနာကွမ်ဟာ(၆) တို့မှာလည်း ဂိုးသွင်းစွမ်းရည်မြင့်မားပြီး တိုက်စစ်မှူး ဒိုသီမိုချန်(၉)မှာ တစ်ဦးတည်း ၁၁ ဂိုးသွင်း ထားသူ ဖြစ်၍ ထိုင်းနောက်တန်း ခက်ခက်ခဲခဲထိန်းချုပ်ရနိုင်သည်။ အထူးသဖြင့် ဗီယက် နမ်အသင်းမှ သီယာဟောင်နှင့်ဆူနာကွမ်ဟာတို့မှာ အဝေးကန်ချက်များဖြင့် ဂိုးသွင်းကောင်းသူဖြစ်၍ ထိုင်း ဂိုးသမား သတိထားရမည်ဖြစ်သည်။

နှစ်သင်းစလုံးမှာ တိုက်စစ်အသားပေး ၃- ၅ -၂၊ ၄ - ၄-၂၊ ၄ - ၃ -၃ ပုံစံများကို လိုသလို ကျွမ်းကျင်စွာ ပြောင်းလဲကစားတတ်ခြင်းကြောင့် ယခုပွဲတွင် ခံစစ်ပိုငြိမ်သောအသင်း အသာရ သွားနိုင်သည်။

ဘောလုံးသမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှုတွင်တော့ ဗီယက်နမ်အသင်းက ၈ ကြိ မ် နိုင် ဖူးပြီး ထိုင်းအသင်း က ၁ကြိမ်သာနိုင်ခဲ့ဖူးကာ ၃ ကြိမ်သရေကျခဲ့ခြင်းကြောင့် အစဉ်အလာ အရဗီယက်နမ်ကသာသည်။ ထို့ကြောင့်အခြေအနေအရပ်ရပ်အရ ယခုဆီမီးပွဲတွင် ဗီယက်နမ် အသင်းက နှာတစ်ဖျားသာနေသည်ဟု ဆိုနိုင်သည်။ သို့သော် ခြေစွမ်းပိုင်းအရ သိပ်မကွာခြင်း ကြောင့် ပါးနပ်မှုရှိပြီး ကံကြမ္မာဖေးမမှု သာသောအသင်းက အသာစီးရသွားနိုင်ဖွယ်ရှိနေသည်။ မည်သို့ဆိုစေ ယခုဆီမီးပွဲစဉ်မှာ အလွန်အကြိတ်အနယ်ရှိနိုင်ပြီးမည်သည့်အသင်း ဗိုလ်လုပွဲ တက်တက် ထိုက်တန်မှုရှိသည်ဟု ဆိုရပါမည်။

မြန်မာအသင်းကစားရမည့် ဆီမီးပွဲမှာတော့ မြန်မာအသင်းအနေဖြင့် ရှေ့ပွဲများမှ အားနည်း ချက်များကို အချိန်မီပြုပြင်နိုင်ခဲ့လျှင် အနိုင်မရစရာ အကြောင်းမရှိပေ။ မလေးရှားအသင်း အနေဖြင့် မြန်မာအသင်းမှ မေခင်ယမင်း၊ စမ်းစမ်းမော် ၊ မိုးမိုးဝါ၊ အေးနန္ဒာလှိုင် ၊သန်းသန်းထွေး ၊ခင်မာလာထွန်းတို့ အုပ်စုကိုခက် ခက်ခဲခဲထိန်းချုပ်ရမည့် အနေအထားရှိနေပြီး အသင်းလိုက် ကစားအားတွင်လည်း မြန်မာအသင်းကို မမီနိုင်ပေ။

အိမ်ရှင်လည်းဖြစ် စိတ်ဓာတ်ပိုင်းတွင်လည်း အမြင့်ဆုံးအနေအထားရောက်နေသည့် မြန်မာအသင်းသာ တည်တည်ငြိမ်ငြိမ်ဖြင့် ကစားနိုင်ခဲ့ပါက ဗိုလ်လုပွဲတက်လာမှာသေချာသည်။ ထိုင်းနှင့် ပွဲတွင် ၃-၅-၂ ပုံစံဖြင့်ကစားခဲ့သော မြန်မာအသင်းမှာ ဆီမီးပွဲတွင်တော့ ၄-၄-၂ ပုံစံချပြီး ပွဲထုတ်နေကျ အကောင်းဆုံး Line – up ဖြစ်သည့် ဂိုး-မေခင်ယမင်း၊ နောက်-စမ်းစမ်းသိန်း၊ စမ်း စမ်းမော်၊မိုးမိုးဝါ၊ မြင့်မြင့်အေး၊ လယ်-စမ်းယုနိုင်၊ ခင်မာလာထွန်း၊ သန်းသန်းထွေး၊ အေး နန္ဒာလှိုင်နှင့် ရှေ့တန်းတွင် မိုင်နီလာထွေး၊ ဇင်မာဝမ်းတို့ကိုသာ ထုတ်သုံးဖွယ်ရှိပြီး တစ်ဖက် အသင်း ကစားအားကျသွားချိန်တွင်မှ မာဂရက်မေရီနှင့် ငြိမ်းငြိမ်းအိတို့ကို လိုသလို လူစား လဲကစားဖွယ်ရှိသည်။

မည်သို့ဆိုစေ လက်ရှိအခြေအနေနှင့် အနေအထားများအရ တွက်ကြည့်လျှင် မြန်မာအသင်းမှာ ဗိုလ်လုပွဲတက်လာရန် ၈၅ ရာခိုင်နှုန်းလောက် သေချာနေသည်ဟု ကြိုပြော၍ရနေသည်။ အိမ်ရှင်မြန်မာပရိသတ်၏ အားပေးမှုကလည်း တစ်ဖက်အသင်းအတွက် သွေးပျက်စရာကောင်းနေ သည့်အတွက် .......