နှစ်စဉ်ကျင်းပပြုလုပ်နေကျဖြစ်တဲ့အထင်ကရ ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲကြီး (၄) ရပ်အနက် နောက်ဆုံးပြိုင်ပွဲလို့ဆိုရမယ်။ ၂၀၀၇ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲကြီးကို အခုသြဂုတ်လ ၂၇ ရက်နေ့ကနေ စက်တင်ဘာလ၉ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့ ကြီးမှာရှိ USTA National Tennis Centre မှာကျင်းပတော့မှာပါ။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံး ပြိုင်ပွဲလည်းဖြစ် ကမ္ဘာကျော် တင်းနစ်ကစားသမားတွေအားလုံး အကြိတ်အနယ်ပါဝင် ယှဉ်ပြိုင်
လေ့ရှိ တဲ့ပြိုင်ပွဲကြီးဖြစ်တာကြောင့် ယူအက်စ်အိုးပင်းဟာတင်းနစ်ရာသီရဲ့ ဇာတ်ရှိန် အမြင့်ဆုံး ပြိုင်ပွဲလို့တောင် ပြောရပါမယ်။
သမိုင်းကြောင်း
ယူအက်စ်အိုးပင်းပြိုင်ပွဲကို ၁၈၈၁ ခုနှစ်ကစပြီး နှစ်စဉ်ကျင်းပခဲ့တာဖြစ်လို့ ပြိုင်ပွဲသက်တမ်းဟာ အခုဆိုရင် ၁၂၆ နှစ်တောင်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲစတင်ကျင်းပစဉ်ကာလမှာ ၁၈၈၁ ကနေ ၁၈၈၆ ထိအမျိုးသားတစ်ဦးချင်း Men’s Singleနဲ့ နှစ်ယောက်တွဲ Men’s Doubles ၂ ခုကိုသာစတင်ကျင်းပခဲ့ပြီး ၁၈၈၁ က ပထမဆုံး ပြိုင်ပွဲအဖြစ် နယူးပို့တ်ကာစီနို မှာကျင်းပခဲ့ရာမှာအမေရိကန် တင်းနစ်သမား Richard D. Sears က ပထမဆုံးချန်ပီယံအဖြစ် ဗိုလ်စွဲခဲ့ပါတယ်။ အမျိုးသား ၂ ယောက်တွဲပြိုင်ပွဲမှာတော့ Clarence Clark နဲ့ Frederick Winslow တို့အတွဲက ပထမဆုံးချန်ပီယံ ဖြစ်ခဲ့တာပါ။အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ Women’s Singles ကို ၁၈၈၇ ခုနှစ်ကျမှစတင်ကျင်းပခဲ့ပြီး အမေရိကန် တင်းနစ် မယ် Ellen Hansell က ဗိုလ်စွဲခဲ့တာ တွေ့ရပါတယ်။ ၁၈၈၉ မှာ စတင်ကျင်းပခဲ့တဲ့ နှစ်ယောက်တွဲပြိုင်ပွဲWomen’s Doubles ပြိုင်ပွဲမှ Margarette Ballardနဲ့ Bertha Townsend တို့အတွဲကဗိုလ်စွဲခဲ့ပြီး ၁၈၉၂ မှာမှ စတင်ကျင်းပခဲ့တဲ့အမျိုးသား၊ အမျိုးသမီးနှစ်ယောက် တွဲပြိုင်ပွဲ Mixed Doublesမှာ ပထမဆုံးဗိုလ်စွဲခဲ့သူတွေကတော့Mabel Cahill နဲ့ Clarenece Hobartတို့ဖြစ်ပါတယ်။
Open ခေတ်ပြောင်းလာခြင်း
ဒါပေမယ့် ဒီတင်းနစ်ပြိုင်ပွဲကို မူလကUS Tennis Championship ဆိုတဲ့ အမည်နဲ့ စတင် ကျင်းပခဲ့တာဖြစ်ပြီး ၁၉၆၈ ခုနှစ်မှသာUS Open အမည်နဲ့ Men’s Single၊Men’s Doubles၊ Women Single၊ Women’s Double နဲ့ Mixed Double ပြိုင်ပွဲ ၅ ခုစလုံးကိုစုပေါင်းပြီး တစ်နှစ်တည်းကျင်းပခဲ့တာဖြစ်ပါတယ်။တစ်နှစ်တခြား ပိုများလာတဲ့ ဆုကြေးစတင် ကျင်းပခဲ့ စဉ်ကာလ ၆ နှစ်ကျော်ထိဆုကြေးသီးခြားမပေးပဲ အထိမ်းအမှတ် တံဆိပ်နဲ့ဖလားတွေသာ ပေးခဲ့တာပါ။ နောက်ပိုင်းမှာသာ ဆုကြေးသတ်မှတ်ချီးမြှင့်ပေးခဲ့ပြီး၊ နှစ်အလိုက် တဖြည်းဖြည်း ဆုကြေးပိုပြီးချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ လို့ အမည်ပြောင်းလိုက်တဲ့ ၁၉၆၈ခုကစပြီး ပြိုင်ပွဲဆု ကြေးစုစုပေါင်း ဒေါ်လာ၁ သိန်းထိ တိုးမြှင့်ပေးခဲ့တာတွေ့ရတယ်။ ဒီလိုနဲ့နောက်ပိုင်းမှာ ဆုကြေးတဖြည်းဖြည်းများလာပြီး ဒီနေ့ပြိုင်ပွဲဆိုရင် စုစုပေါင်းဆုကြေး ၂၂.၃ သန်းကျော် လောက်ပေးမှာဖြစ်ပါတယ်။
ဂရင်းဆလင်းပြိုင်ပွဲကြီးလေးရပ်မှာသြစသြီးယားအိုးပင်းနဲ့၊ ပြင်သစ်အိုးပင်းပြိုင်ပွဲ၏တွေထက် ၀င်ဘယ်ဒန်အိုးပင်းနှင့် ယူအက်စ်အိုးပင်းတို့က ဆုကြေးအရရော အကြိတ်အနယ်ရှိမှုအရပါ ပိုပြီးတွင်ကျယ်ပြီး တင်းနစ်သမားတိုင်းလည်း အလွန်တန်ဖိုးထားတဲ့ပြိုင်ပွဲကြီး ၂ ခုဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်မှာကျင်းပတဲ့ ၀င်ဘယ်ဒန်အိုးပင်းနှင့် အမေရိကန်မှာကျင်းပတဲ့ ယူအက်စ်အိုး ပင်းပြိုင်ပွဲနှစ်ခုဟာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကစားသမား အနေအထား၊ ပရိသတ်စိတ် ၀င်စားစွာစောင့်ကြည့်မှု၊ ပြိုင်ပွဲအဆင့်အတန်းနဲ့ ဆုကြေးအရတန်းတူညီတဲ့ အနေအထား ရှိပေမယ့် တစ်ပွဲနဲ့တစ်ပွဲအသာရအောင် နှစ်စဉ်အားပြိုင်လေ့ရှိတာတွေ့ရပါတယ်၊ ဒါကြောင့် မူလက ဒေါ်လာ၁၈ သန်းပေးဖို့စီစဉ်ထားတဲ့ ဒီနှစ်ယူအက်စ်အိုးပင်းပြိုင်ပွဲကို ဆုကြေးဒေါ်လာ ၂၂.၃ သန်းအထိ တိုးမြှင့်ချီးမြှင့်ပေးသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ဝင်ဘယ် လ်ဒန်အိုးပင်းမှာ ဆုကြေးဒေါ်လာ ၂၂.၅ သန်းပေးခဲ့တာကြောင့် ယူအက်စ်အိုးပင်း ကိုလည်း ဆုကြေးတိုးမြှင့်ပေးလိုက်တာပါ။ ဒီဆုကြေးအရ ယူအက်စ်အိုးပင်းပြိုင်ပွဲဟာ ၀င်ဘယ်လ်ဒန် အိုးပင်းထက် ဆုကြေး ၂ သိန်းလောက်နည်းနေတယ်လို့ ထင်စရာရှိပေမယ့် ဒီနှစ်ပြိုင်ပွဲမှာ အခြားနှစ်တွေနဲ့မတူဘဲ အခြားအပိုစောင်းဆုကြေး (Bonus) တွေပေးဖို့ရှိနေသေးလို့ပါပဲ။
ယူအက်စ်အိုးပင်းရဲ့ အကြိုပြိုင်ပွဲတွေဖြစ်တဲ့ Cicinal Open, Indianopolis Openနဲ့ Los Angeles ပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့တဲ့ အမျိုးသား၊ အမျိုးသမီးတင်းနစ်ကစားသမားတွေအနေနဲ့ အခု ယူအက်စ်အိုးပင်းမှာဗိုလ်စွဲနိုင်ခဲ့ရင် တစ်ဦးကို အပိုဆုကြေးဒေါ်လာ ၁ သန်းစီ ထပ်ရဦးမှာပါ။ ယူအက်စ်အိုးပင်းအကြိုပြိုင်ပွဲတွေမှာ ဗိုလ်မစွဲခဲ့ရင်လည်း လက်စွမ်းပြနိုင်ခဲ့တဲ့ ကစားသမားဆိုရင် အခုယူအက်စ်အိုးပင်းမှာ ဗိုလ်စွဲနိုင်ခဲ့ရင်လည်း ဒေါ်လာ ၅ သိန်းစီလောက် ထပ်စောင်းပေးဦးမယ်လို့ သိရပါတယ်။ ဒါကြောင့် အခု ယူအက်စ်အိုးပင်းမှာအမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာဗိုလ်စွဲနိုင်တဲ့ကစားသမားအနေနဲ့ ဆုကြေးအနည်းဆုံးဒေါ်လာ ၁.၅ သန်းကနေ ၂.၅သန်းအထိရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်ပြိုင်ပွဲရဲ့လက်ရှိ ချန်ပီယံ တွေဖြစ်တဲ့ ဖက်ဒါရာနဲ့ရှာရာဗိုပါတို့သာ ထပ်ဆင့်ဗိုလ်စွဲခဲ့ရင် ထပ်ဆောင်းဆု ကြေးတွေအပြင် သူတို့ကိုအဓိကစပွန်ဆာပေးထားတဲ့ Nike ကုမ္ပဏီကတစ်ဦးကိုဒေါ်လာ ၁ သန်းကျော်စီ ဂုဏ်ပြုဆုကြေးပေးဦးမယ်လို့ ကမ်းလှမ်းထားတာတွေ့ရတယ်။ ဒါကြောင့် ဒီနှစ် ယူအက် စ်အိုးပင်းပြိုင်ပွဲဟာ ဂုဏ်သိက္ခာအရရော ရရှိခံစားရမယ့် ဆုကြေးအရပါ ကမ္ဘာကျော် တင်းနစ် သမားတွေအတွက် အလွန်စွဲဆောင်မှုရှိနေလို့ ပွဲတိုင်းဟာ အကြိတ်အ နယ်ရှိပြီး ကြည့်ကောင်း နိုင်တယ်။
ကစားကွင်း
မူလက နယူးယော့ခ်ဖောရက်စ်ကွင်းမှာကျင်းပနေခဲ့ရာမှ ၁၉၇၅ ခုနှစ်မှာ ဟာဆရူးကွင်းကို ပြောင်းရွှေ့ကျင်းပခဲ့ပြီး နောက်ပိုင်းမှာယူအက်စ်အမျိုးသားတင်းနစ်ကွင်းကြီးတွေမှာပြောင်းလဲကျင်းပလာခဲ့တာ တွေ့ရပါတယ်။ဒီနှစ်ပြိုင်ပွဲကို ကွင်းပေါင်း ၁၇ ကွင်းမှာပြိုင်ပွဲများ ခွဲကျင်းပ မှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကိုတော့ နာမည်ကြီး Aerhue Asheတင်းနစ်ကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ မြေမာကွင်း Hard Court ကနေ မြက်ခင်းကွင်း Grass Court ကွင်း အဖြစ်ပြောင်းလဲကျင်းပမယ်လို့လည်း သိရတယ်။
ထူးခြားတဲ့ ပြိုင်ပွဲကျင်းပပုံ
ယူအက်စ်အိုးပင်းပြိုင်ပွဲဟာ တခြား ဂရင်းစလင်းပြိုင်ပွဲတွေနဲ့မတူဘဲ ထူးခြားတဲ့စနစ်တစ်မျိုး နဲ့ကျင်းပလေ့ရှိတဲ့ပြိုင်ပွဲဖြစ်တယ်။တခြားပြိုင်ပွဲတွေမှာအမျိုးသား၊အမျိုးသမီးပြိုင်ပွဲ ပထမ ၃ ပွဲမှာ ပွဲရလဒ်က ၂ ပွဲ ၁ ပွဲဖြစ်နေခဲ့ ရင် ၂ ပွဲပြတ်မနိုင်မချင်း ၅ ပွဲအထိဆက်ကစားရပေမယ့် ယူ အက်စ်အိုးပင်းမှာတော့ အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ၃ ပွဲ ကစားပြီး တတိယပွဲမှာ Time Breakနဲ့အဆုံးအဖြတ်လုရတဲ့စနစ်ကို ကျင့်သုံးပါတယ်။ ဒါ့အပြင် ဒီနှစ်ပြိုင်ပွဲမှာ စည်းကျော်မကျော်အငြင်းပွားမှု မလုပ်ရအောင်သိန်းငှက်မျက်လုံးစနစ် Hawk Eye ကိုစတင် အသုံးပြုပြီး အငြင်းပွားမှုတစ်စုံတစ်ရာရှိလာရင် ချက်ချင်းပြန်ကြည့်လိုရတဲ့ စနစ်မျိုး ကျင့်သုံး သွားမှာဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာကစားကွင်းပတ်လည် အနီးအဝေးမှာ အဆင့်မြင့် မားပြီး ရိုက်ချက်တိကျတဲ့ ခေတ်မီအော်တိုဗီဒီယိုကင်မရာတွေ တပ်ဆင်ထားပြီး အဲဒီကင်မရာတွေ ကလည်း သုံးဘက်မြင် ၃ Dကွန်ပျူတာစနစ်မျိုးဖြစ်လို့ ကစားသမားနဲ့ ဒိုင်လူကြီး တွေအ ပါအ၀င် ပရိသတ်ပါ တစ်ချိန်တည်းပြန်ကြည့်လို့ရအောင် အဆင့်မြင့် နည်းပ ညာစနစ် တွေပါဝင်တယ်လို့သိရပါတယ်။ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ပွဲချိန်အတွင်း ပထမနဲ့ ဒုတိယ ပွဲငယ်မှာ ၂ ကြိမ် Time Breakမှာ ၁ ကြိမ်၊ စုစုပေါင်း ၃ ကြိမ်သာ ပြန်ကြည့်ခွင့်ရှိပြီး ထိုထက် ပိုပြီးအငြင်းပွားမှုအကြိမ်များလာရင်တော့ ဒိုင်အဖွဲ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်သာ အတည် ဖြစ်ပါတယ်။
အောင်မြင်မှုအရှိဆုံး ကစားသမားများ
ယူအက်စ်အိုးပင်းပြိုင်ပွဲကို ခေတ်နှစ်ခေတ်ခွဲခြားထားပြီး ခေတ်ဦးပြိုင်ပွဲမှာ တစ်ဦးချင်းအကြိမ် အများဆုံးဗိုလ်စွဲခဲ့တဲ့ အမျိုးသားကစားသမားကတော့ ပြိုင်ပွဲ စတင်ကျင်းပခဲ့တဲ့၁၈၈၁ ကနေ ၁၈၈၇ အထိ ၇ နှစ်ဆက်တိုက်ဗိုလ်စွဲတဲ့စံချိန်တင်နိုင်ခဲ့တဲ့ အမေရိကန်တင်းနစ်သမား Richard D.Sears နဲ့ Bill Tilden တို့ဟာ ၇ ကြိမ်စီနဲ့ အများဆုံးဗိုလ်စွဲထားတဲ့စံချိန်ရှင်တွေဖြစ်ပါတယ်။ Bill Tilden ဟာ၁၉၂၀ ကနေ ၁၉၂၅ အထိ ၆ ကြိမ်ဆက်တိုက်ဗိုလ်စွဲခဲ့ပြီး ၁၉၂၉ မှာ ၁ ကြိမ်ဗိုလ်စွဲခဲ့တာပါ။အိုးပင်းခေတ်လို့ဆိုရမယ့် ဒီဘက်ခေတ်ပြိုင်ပွဲတွေမှာ အကြိမ်အများဆုံး ဗိုလ်စွဲထားသူတွေကလည်း အမေရိကန်တင်းနစ်သမားJimmy Connors (၁၉၇၄၊ ၁၉၇၆၊ ၁၉၇၈၊၁၉၈၂၊ ၁၉၈၃)နဲ့ (၁၉၉၀၊၁၉၉၃၊ ၁၉၉၅၊ ၁၉၉၆၊ ၂၀၀၂) တို့ပဲဖြစ်ပါတယ်။
ဒီဘက်ခေတ် ယူအက်ဖ်အိုးပင်းပြိုင်ပွဲမှာအကြိမ်အများဆုံးဗိုလ်စွဲခဲ့တဲ့ စံချိန်တင်ထားသူတွေ ကတော့ Ivan Lendi (၁၉၈၅၊ ၁၉၈၆၊၁၉၈၇) နဲ့လက်ရှိချန်ပီယံ Federer (၂၀၀၄၊၂၀၀၅၊ ၂၀၀၆)တို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ Federer အနေနဲ့ ဗိုလ်စွဲနိုင်မယ်ဆိုရင် အကြိမ် အများဆုံး ဆက်တိုက်ဗိုလ်စွဲနိုင်သူအဖြစ် စံချိန်သစ်တင်နိုင်မှာဖြစ်သလို အပိုဆုကြေးတွေ လည်း အများကြီးခံစားရရှိခွင့် ရပါလိမ့်မယ်။
နိုင်ခြေအဆင့် Seeding သတ်မှတ်မှု
ဒီနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲကို လက်ရည်စစ်ပွဲအဆင့်ဆင့်မှာ တင်းနစ်ကစားသမားပေါင်း ၆၀၀ ကျော်ပါဝင်ခဲ့ပြီး အခုနောက်ဆုံးအဆင့်ပြိုင်ပွဲကို အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၃၂ ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ နိုင်ချေအဆင့် Seeding သတ်မှတ်မှုကိုတော့ လက်ရှိကမ္ဘာ့ အဆင့်ရည်တည်မှုကို အဓိကအခြေခံပြီး အရင်ကအောင်မြင်မှုရခဲ့တဲ့ အနေအထားတစ်ချို့ကို တွက်ချက်သုံးသပ်ပြီး အဆင့်သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။
ယခုနှစ်ပြိုင်ပွဲအတွက် Seeding သတ်မှတ်မှု
အဆင့် |
အမျိုးသား |
အမျိုးသမီး |
၁ |
ဖက်ဒါရာ (ဆွစ်ဇာလန်) |
ဟင်းနင်း (ဘယ်ဂျီယံ) |
၂ |
နာဒဲလ် (စပိန် |
ရှာရာဗိုပါ (ရုရှား) |
၃ |
ဂျိုကိုဗစ် (ဆားဘီးယား) |
ယန်ကိုဗစ် (ဆားဘီးယား) |
၎ |
ဒေဗီဒန်ကို (ရုရှား) |
ကုဇညှက်ဆိုဗာ (ရုရှား) |
၅ |
ရော့ဒစ် (အမေရိကန်) |
အီဗန်နိုဗစ် (ဆားဘီးယား) |
၆ |
ဂျိမ်းဘလိဒ် (အမေရိကန်) |
ချက်ဗီတက်ဇီ (ရုရှား) |
၇ |
ဂွန်ဇာလက် (ချီလီ) |
ပက်ထရိုမာ(ရုရှား) |
၈ |
မိုဘရေနို (စပိန်) |
ဆရီနာဝီလျံ (အမေရိကန်) |
၉ |
ဘာဒစ်ခ်ျ (ချက်) |
ဟန်တိုချိုဗာ (ဆလိုဗက်) |
၁၀ |
တွမ်မီဟတ်စ် (ဂျာမဏီ) |
ဘာတိုလီ (ပြင်သစ်) |
အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲနဲ့ အမျိုးသား+အမျိုး သမီးနှစ်ယောက် တွဲပြိုင်ပွဲကတော့ မိမိစိတ်ကြိုက်ရွေးချယ်တွဲကစားခွင့်ရှိပြီး အတွဲလိုက် မဲနှိုက်ရွေးချယ် ယှဉ်ပြိုင်စေတာဖြစ်တယ်။ ဆုကြေးအနေနဲ့လည်း တစ်ဦးချင်းပြိုင်ပွဲ လောက်မများတဲ့အပြင် ကမ္ဘာကျော်တင်းနစ်ကစားသမားအများစုကလည်း တစ်ဦးချင်းပြိုင်ပွဲကိုသာပိုပြီး အာရုံစိုက် ကစားလို့ အတွဲလိုက်ပြိုင်ပွဲကိုပရိသတ်ကြည့်ရှုမှု သိပ်မရှိတာတွေ့ ရတယ်။
ဗိုလ်စွဲရန် ရေပန်းစားမှု
ဒီနှစ်ပြိုင်ပွဲကို ကမ္ဘာကျော်တင်းနစ်သမားတွေ အားလုံး နည်းပါး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အမျိုးသမီးပြိုင်ပွဲမှာ ၂၀၀၅ ခုနှစ်ချန်ပီယံ ကလိုက်စတား တစ်ယောက်သာ တင်းနစ်ကစားခြင်းမှ အနားယူသွားလို့ မပါနိုင်ဘဲ ကျန်တဲ့ နာမည်ကြီး ချန်ပီယံဟောင်းတွေ အကုန်ပါဝင်မယ်လို့ သိရတယ်။ အမျိုးသားပြိုင်ပွဲ မှာလက်ရှိ လက်စွမ်းနဲ့ ပြိုင်ပွဲအကြိုကာလ ချန်ပီယံ ရှစ်ပြိုင်ပွဲ တွေမှာ အများဆုံး ဗိုလ်စွဲထားတဲ့ အနေအ ထားတွေအရ လက်ရှိကမ္ဘာ့အဆင့် ၁ လည်းဖြစ်၊ Seeding သတ်မှတ်ချက်အရလည်း ၁ ဖြစ်တဲ့ လက်ရှိချန်ပီယံဖက်ဒါရာပဲ ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေပြီး သူ့ကို စိန်ခေါ် ကျော်ဖြတ်နိုင်သူဟာ ကမ္ဘာ့ အဆင့် ၂ နာဒဲလ်နှင့် ဂျူကိုဗစ် တို့လောက်ပဲရှိ နိုင်ပါ တယ်။အမျိုးသမီးပြိုင်ပွဲမှာလည်း လက်ရှိကမ္ဘာ့အဆင့် ၁ ဟင်းနင်းဟာ ပြိုင်ပွဲအကြို အိုးပင်း ပြိုင်ပွဲတစ်ခုမှာ ပူပူနွေးနွေးဗိုလ်စွဲထားတဲ့လက်စွမ်းအရ အခုယူအက်စ်အိုး ပင်းပြိုင်ပွဲမှာ လည်းဗိုလ်စွဲနိုင်ချေ အရှိဆုံးလို့ သတ်မှတ်ထားကြပါတယ်။ ၏
လက်ရှိ ကမ္ဘာ့အဆင့် ၂ နာမည်ကြီးတင်းနစ်အလှမယ် ရှာရာဗိုပါဟာလည်းသူ့ရဲ့ လက်ရှိချန် ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့အကောင်းဆုံး လေ့ကျင့်လျက်ရှိသလို ဆာဘီးယားနာ မည်ကြီး တင်းနစ်မယ် ယန်ကိုဗစ်၊ ရုရှား တင်းနစ် မယ် ကုဇညှက်ဆိုဖာနဲ့ လက်ရှိဝင်ဘယ်လ် ဒန်ချန်ပီယံ အမေရိကန်တင်းနစ်မယ် ၀ီလျံညီ အမတို့ဟာလည်း ခုပြိုင်ပွဲမှာ အောင်မြင်မှုရ အောင်ကြိုးစားမှာသေချာတယ်။ ဒါ့အပြင် Seeding သတ်မှတ်ချက် ၁၀ အတွင်း မ၀င်ပေမယ့် နာမည်ကြီး ချန်ပီယံဟောင်း မာတီနာ ဟင်းဂစ် တို့အုပ်စုမှာလည်း ဒီပြိုင်ပွဲအတွက် အပြင်းအ ထန် ပြင်ဆင်လေ့ကျင့်ခဲ့လို့ အမျိုးသမီး တစ်ဦး ချင်းပြိုင်ပွဲဟာ ခန့်မှန်းရခက် လောက် အောင် အကြိတ်အနယ်ရှိနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲကြီးက ဂုဏ်သိက္ခာ၊ ဆုကြေးနဲ့ အခြား အခြေအနေတွေကြောင့် ကမ္ဘာအရပ်ရပ်က တင်းနစ်ဝါသနာရှင်များစွာ စောင့်ကြည့်ရင်ခုန်ရ လောက်အောင် အကြိတ်အနယ်ရှိပြီးကြည့်ကောင်းမှာသေချာပါတယ်။
ပြီးခဲ့တဲ့ (၅)နှစ်အတွင်း ဗိုလ်စွဲခဲ့သူများ
| အဆင့် |
အမျိုးသား |
အမျိုးသမီး |
| ၂၀၀၂ |
ဆမ်းပရက်စ် (အမေရိကန်) |
ဆရီနာဝီလျံ(အမေရိကန်ံ) |
| ၂၀၀၃ |
ရော့ဒစ် (အမေရိကန်) |
ဟင်နင်း (ဘယ်ဂျီယံ) |
| ၂၀၀၄ |
ဖက်ဒါရာ(ဆွစ်ဇာလန်) |
ကုဇညှက်ဆိုဗာ (ရုရှား) |
| ၂၀၀၅ |
ဖက်ဒါရာ(ဆွစ်ဇာလန်) |
ကလိုက်စတား (ပြင်သစ်) |
| ၂၀၀၆ |
ဖက်ဒါရာ(ဆွစ်ဇာလန်) |
ရုရှာဗိုပါ (ရုရှား) |
|