DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
ဆီမီးဖိုင်နယ်မှာ မြန်မာက ဇင်ဘာဘွေကို (၃ - ၁)နဲ့နိုင်ပြီး ဗိုလ်လုပွဲတက်ရောက်
အေဂျင်စီသတင်းများ - သြဂုတ် ၂၇၊ ၂၀၀၇

လက်ရှိ ချန်ပီယံ မြန်မာအသင်းဟာ ယနေ့ညမှာပဲ မလေးရှားနိုင်ငံမှာ ကစားသွားတဲ့ (၃၉) ကြိမ်မြောက် မာဒေးကား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဇင်ဘာဘွေအသင်းကို (၃ - ၁)ဂိုးနဲ့ အနိုင်ရ ရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

မြန်မာအသင်းဟာ အဖွင့်ဂိုးကို ပထမပိုင်းမှာ (၃၂)မိနစ်မှာ တိုက်စစ်မှူး ရန်ပိုင်က စိုးမြတ် မင်းရဲ့ ကန့်လန်ဖြတ်တင်ဘောကနေ သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။

ဇင်ဘာဘွေအသင်းရဲ့ ချေပဂိုးကိုတော့ ဒုတိယပိုင်း (၅၁)မိနစ်မှာ မီတာ (၃၀)အကွာ ဖရီးကစ်ကနေ ကန်သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းပွဲစဉ်ကို မလေးရှားမှာရှိတဲ့ မြန်မာပရိတ်သတ်ပေါင်း (၅,၀၀၀)ကျော်လောက် တခဲနက် လာရောက် အားပေးခဲ့ ကြပါတယ်။

ဇင်ဘာဘွေ ချေပဂိုးသွင်းပြီးလို့ (၅)မိနစ်အကြာမှာ ဒုတိယအနိုင်ဂိုးကို ရန်ပိုင်ကပဲ မြန်မာအသင်းအတွက် ခေါင်းတိုက်သွင်းယူ ပေးခဲ့ပါတယ်။

နောက်ဆုံးအနိုင်ဂိုးကို ပွဲပြီးဖို့ (၁)မိနစ်အလိုမှာ အောင်မျိုးသန့်ရဲ့ ဖြတ်တင်ဘောကနေ ရာဇင်ဝင်းသိန်းက သွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီးမှာ မြန်မာအသင်းရဲ့ ဘရာဇီးနည်းပြ မားကို့စ် အန်တိုနီယို ဖာလိုဘာက “အောင်ပွဲ ရတဲ့အတွက် ကျနော် အရမ်းဝမ်းသာပါတယ်။ ဒါပေမယ့် ကျနော်တို့ ကစားသမားတွေ အကောင်းဆုံး ကစားနိုင်ခဲ့တာတော့ မဟုတ်ပါဘူး” လို့ သတင်းထောက်တွေကို ပြောပါ တယ်။

မြန်မာနည်းပြက ဆက်လက်ပြီး “ဇင်ဘာဘွေအသင်းဟာ ကြီးကျယ်တဲ့ အသင်းတစ်သင်း ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာမှာ ကျနော်တို့ထက် တောင့်တင်းပြီး ကစားတဲ့ စွမ်းရည်လည်း ပို ကောင်းကြောင်း ပြောပါတယ်”

အုပ်စု (အေ) ပွဲစဉ်တွေမှာတုန်းက မြန်မာအသင်းဟာ လီဆိုသိုကို (၁ - ၀)၊ မလေးရှားကို (၂ - ၁)နဲ့ လာအိုကို (၁ - ၀)တို့နဲ့ အနိုင်ရခဲ့ပါတယ်။

မြန်မာအသင်းဟာ (၂၉)ရက်နေ့ ဗိုလ်လုပွဲမှာ မလေးရှားနဲ့ စင်္ကာပူတို့ နှစ်သင်းထဲက အနိုင် ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မာဒေးကားဖလား ချန်ပီယံဆုကို မြန်မာအသင်းဟာ မနှစ်က အပါအ၀င် (၄)ကြိမ်တိတိ ရရှိဖူးထားပါတယ်။


မြန်မာဘောလုံးအသင်း အမှတ်တံဆိပ်