DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
မာဒေးကားဖလား ဆီမီးမှာ မြန်မာနဲ့ ဇင်ဘာဘွေ၊ စင်္ကာပူနဲ့ မလေးရှားတို့ တွေ့ဆုံကြ
အေဂျင်စီသတင်းများ - သြဂုတ် ၂၆၊ ၂၀၀၇

မြန်မာအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ မာဒေးကားဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ လာအို အသင်းကို ( ၁ - ၀)၊ နိုင်ပြီး အုပ်စုဗိုလ်အဖြစ်နဲ့ အိမ်ရှင်မလေးရှားနဲ့အတူ ဆီမီးဖိုင်နယ်ကို တက် ရောက်သွား ပါတယ်။

မလေးရှားဟာ အာဖရိကတိုက်က လီဆိုသိုကို (၄ - ၀)နဲ့ နိုင်ပြီး အုပ်စုဒုတိယနဲ့ ဆီးမီးကို တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

အုပ်စု (အေ) ပွဲစဉ်တွေမှာ မြန်မာက လီဆိုသိုကို (၁ - ၀)၊ မလေးကို (၂ - ၁)၊လာအိုကို (၁ - ၀)နဲ့ နိုင်ထားပါတယ်။

အိမ်ရှင်မလေးက ဘင်္ဂလားဒေ့ရှ်ကို ( ၂ - ၀)နဲ့ နိုင်၊ မြန်မာကို ( ၁ - ၂)နဲ့ ရှုံးပြီး လီဆိုသိုကို (၄ - ၀) နဲ့ နိုင်ခဲ့ပါတယ်။

တဖက်အုပ်စု (ဘီ)ရဲ့ နောက်ဆုံးပွဲစဉ်မှာ စင်္ကာပူက အင်ဒိုနီးရှား (၂ - ၀)၊ ဇင်ဘာဘွေက ဘင်္ဂ လားဒေ့ရှ်ကို (၂ - ၁)နဲ့ နိုင်ပြီး ဆီးမီးကို တက်လာပါတယ်။

စင်္ကာပူဟာ အုပ်စုပွဲစဉ်တွေမှာ ဇင်ဘာဘွေကို (၄ - ၂)၊ ဘင်္ဂလားဒေ့ရှ်ကို (၂ - ၁)နဲ့ နိုင်ထားပြီး အုပ်စုတွင်းမှာ ခြေအစွာဆုံးနဲ့ ဆီမီးကို တက်လာခြင်း ဖြစ်ပါတယ်။

ဇင်ဘာဘွေကတော့ အုပ်စုပွဲစဉ်တွေမှာ စင်္ကာပူကို (၂ - ၄)နဲ့ ရှုံးပြီး အင်ဒိုနီးရှားနဲ့ (၂ - ၁)နဲ့ နိုင်ပြီး အုပ်စုဒုနဲ့ တက်လာခြင်း ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို မနက်ဖြန်မှာ ကျင်းပမှာဖြစ်ပြီး မြန်မာနဲ့ ဇင်ဘာဘွေပွဲကို ဒေသစံ တော်ချိန်ညနေ (၆)နာရီခွဲ၊ စင်္ကာပူနဲ့ မလေးပွဲကို ည (၉)နာရီမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

(၃၉)ကြိမ်မြောက် မာဒေးကာဖလား ဗိုလ်လုပွဲကို လာမယ့် (၂၉)ရက်နေ့မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။


မြန်မာဘောလုံးအသင်း အမှတ်တံဆိပ်