DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
ချန်ပီယံမြန်မာ အိမ်ရှင် မလေးရှားအသင်းကို (၂ - ၁)နဲ့ နိုင်ပြီး မာဒေးကားဖလား ဆီးမီး ဖိုင်နယ်တက်
အေဂျင်စီသတင်းများ - သြဂုတ် ၂၃၊ ၂၀၀၇

မနေ့ညက ကစားခဲ့တဲ့ မာဒေးကားဖလား အုပ်စု (အေ) ဒုတိယ ပွဲစဉ်မှာ လက်ရှိချန်ပီယံ မြန်မာဟာ တစ်ယောက် အထုတ်ခံထားရတဲ့ အိမ်ရှင် မလေးရှားကို (၂)ဂိုး (၁)ဂိုးနဲ့ နိုင်ခဲ့ ပါတယ်။

မလေးတိုက်စစ်မှူး ဆာဖီ ဆာလီဟာ ပွဲအစ စက္ကန့်(၄၀)လောက်မှာ နောက်ကနေ ကပ်က စားနေတဲ့ မြန်မာနောက်ခံလူ ဇော်လင်းထွန်းရဲ့ ခေါင်းကို ထိခိုက်အောင် ပြုလုပ်ခဲ့တဲ့ အ တွက် ထိုင်းကွင်းလယ်ဒိုင်က တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ပါတယ်။

ပွဲအစ ထမပိုင်းမှာ နှစ်သင်းစလုံးဟာ ဂိုးရဖို့အတွက် တစ်သင်းနဲ့တစ်သင်း သတိထားပြီး ထိန်းသိမ်း ကစားခဲ့ပါတယ်။

မလေးအသင်းဟာ ပထမပိုင်း အချိန်တော်တော်များများမှာ မြန်မာဖက်ကို ဖိကစားနိုင်ခဲ့ သ လို ကွင်းလယ် ကစားကွက်ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။

မြန်မာအသင်းရဲ့ အဖွင့်ဂိုးကို ကွင်းလယ်လူ အောင်မျိုးသန့်က (၄၁)မိနစ်မှာ ကိုက် (၃၀) အကွာလောက်နေ ၀ါးလုံးထိုး မနားတမ်း ကန်သွင်း ဂိုးယူခဲ့ပါတယ်။

မလေးအသင်းရဲ့ ခေါင်းတိုက်သွင်းတဲ့ ဂိုးတွေကို မြန်မာဂိုးသမား အောင်အောင်ဦး ကာကွယ် နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစလို့ (၆)မိနစ်အကြာမှာ ဒုတိယအနိုင်ဂိုးကို တိုက်စစ်မှူး ရန်ပိုင်က ညာတောင် ပံဖြတ်တင်ဘောကနေ ကန်သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။

အိမ်ရှင်အသင်းရဲ့ ချေပဂိုးတစ်လုံးကိုတော့ (၆၉)မိနစ်မှာ တိုက်စစ်မှူး မိုဟာမက် ဇာကွန်က မြန်မာအသင်း ဂိုးဧရိယာနားကနေ သွင်းယူ ပေးခဲ့ပါတယ်။

ယခုပွဲအနိုင်ကြောင့် မြန်မာအသင်းဟာ အုပ်စုတွင်းမှာ နှစ်ပွဲကစား နှစ်ပွဲနိုင်နဲ့ ဆီးမီးဖိုင် နယ်တက်ဖို့ သေချာသွားပြီ ဖြစ်ပါတယ်။ အုပ်စု နောက်ဆုံးပွဲစဉ်ကို လာမယ့် စနေနေ့မှာ လာအိုနဲ့ ကစားရမှာ ဖြစ်ပေမယ့် အနိုင်အရှုံး အရေးမပါတော့ဘဲ အုပ်စုဗိုလ်ဖြစ်ရေးသာ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

အုပ်စုတူဖြစ်တဲ့ နောက်ပွဲစဉ်တစ်ခုမှာတော့ လီဆိုသိုက လာအိုကို (၃ - ၁)ဂိုးနဲ့ အနိုင် ရတဲ့အတွက် ဆီးမီးဖိုင်နယ်တက်နိုင်ရေး မျှော်လင့်ချက် ရောင်ခြည်သန်းသွားပြီ ဖြစ်ပါ တယ်။

အုပ်စုပထမပွဲစဉ်မှာ မြန်မာက အာဖရိတိုက်က လီဆိုသိုအသင်းကို (၁ - ၀)၊ မလေးက လာအိုကို (၂ - ၀)နဲ့ နိုင်ထားပါတယ်။

အုပ်စု (အေ)ရဲ့ နောက်ဆုံးပွဲစဉ်တွေမှာ မြန်မာနဲ့ လာအို၊ မလေးရှားနဲ့ လီဆိုသိုတို့နဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ သရေကျရုံနဲ့ အုပ်စုဗိုလ်ဖြစ်မှာဖြစ်ပြီး မလေးနဲ့ လီဆိုသိုတို့က အုပ်စု ဒုတိယနေရာအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

(၃၉)ကြိမ်မြောက် မာဒေးကားဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကတော့ မြန်မာအသင်း ဖြစ်ပါတယ်။


မြန်မာလက်ရွေးစင်အသင်း တံဆိပ်