မလေးရှားနိုင်ငံမှာ ပြုလုပ်မယ့် (၃၉)ကြိမ်မြောက် မာဒေးကား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ လက် ရှိ ချန်ပီယံ မြန်မာအပါအ၀င် စုစုပေါင်း (၈)သင်း ပါဝင်မှာဖြစ်ပြီး ပြိင်ပွဲကို သြဂုတ် (၂၀) ရက် နေ့ ကနေ (၂၉)ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်အသင်း (၈)သင်းကို နှစ်အုပ်စုခွဲပြီး ပတ်လည် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ အုပ်စု (က)မှာ မြန်မာ၊ လီဆိုယို၊ မလေးရှားနဲ့ လာအိုတို့ ပါဝင်ပြီး အုပ်စု (ခ)မှာတော့ အင်ဒိုနီးရှား၊ ဇင်ဘာတွေ၊ စင်္ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ပါဝင်ပါတယ်။
ဒီနှစ်မှာ ထူးခြားချက်အဖြစ် မလေရှားနိုင်ငံရဲ့ လွတ်လပ်ရေးရွှေရတုနဲ့ အထိမ်းအမှတ်နဲ့ တိုက် ဆိုင်တဲ့အတွက် ပြိုင်ပွဲအသင်းအရေအတွက်ကို မနှစ်ကထက် နှစ်ဆတိုးခဲ့ခြင်း ဖြစ်ပါတယ်။
အစောပိုင်းတုန်းက အာစီယံထိပ်သီး ထိုင်းအသင်းကို ဖိတ်ကြားခဲ့ပေမယ့် တခြား အဆင့်မြင့်တဲ့ ပွဲတွေကစားဖို့ ပြင်ဆင်နေတဲ့ဆိုတဲ့ အကြောင်းပြချက်ကြောင့် အာဖရိကအသင်းတွေကို အစား ထိုး ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
ပထမပွဲစဉ်ရေးဆွဲစဉ်တုန်းက ယူဂန်ဒါအသင်း ပါဝင်ခဲ့ပေမယ့် ပြိုင်ပွဲနီးချိန်ကျမှ ရုတ်တရက် နူတ်ထွက်သွားလို့ လာအိုအသင်းကို အစားထိုး ခေါ်ခဲ့ပါတယ်။
လက်ရှိချန်ပီယံမြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် (၂၀)ရက်နေ့မှာ လီဆိုသို၊ (၂၂)ရက် နေ့မှာ မလေးရှား၊ (၂၅)ရက်နေ့မှာ လာအိုတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ နှစ်ဖက်အုပ်စုမှ အုပ် စုပထမနဲ့ ဒုတိယရတဲ့ အသင်းတွေဟာ အကြိုဗိုလ်လုပွဲကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
မာဒေးကားပြိုင်ပွဲဝင်မယ့် မြန်မာအသင်းကို ဘရာဇီးနည်းပြ မားကို့စ် အန်တိုနီယိုဖယ်လိုပါက တာဝန်ယူ ကိုင်တွယ်မှာဖြစ်ပြီး မနှစ်က ချန်ပီယံဖြစ်တုန်းက လူဟောင်း (၉)ဦး ပြန်ပါလာမှာ ဖြစ်ပါတယ်။
ယခုပွဲကို မလေးရှားနဲ့ အင်ဒိုနီးရှားအသင်းတို့က ယူ - ၂၃ အသင်းတွေကိုပဲ စေလွှတ် ယှဉ်ပြိုင် မယ်လို့ သိရပြီး အာဖရိကအသင်းတွေရဲ့ ခြေစွမ်းအဆင့်အတန်းကလည်း ဖီဖာ သတ်မှတ် ချက်အရ အဆင့်နိမ့်နေပါတယ်။
အုပ်စုပတ်လည်ပွဲစဉ်တွေမှာ တစ်ရက်ကို (၂)ပွဲနူန်းနဲ့ ကစားသွားမှာဖြစ်ပြီး ဆီမီးဖိုင်နယ် (၂)ပွဲ ကို (၂၇)ရက်၊ ဗိုလ်လုပွဲကို (၂၉)ရက်နေ့တွေမှာ ကစားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ (၃၈)ကြိမ်မြောက် မာဒေးကားဖလား ဗိုလ်လုပွဲမှာ မြန်မာအသင်းဟာ အင်ဒိုကို (၂ - ၁)ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။
မာဒေးကားပြိုင်ပွဲမှာ အောင်မြင်မှုအစဉ်အလာရှိတဲ့ မြန်မာအသင်းဟာ ယှဉ်ပြိုင်ခဲ့တဲ့ (၁၇) ကြိမ်မှာ ၁၉၆၄၊ ၁၉၆၇၊ ၁၉၇၁ နဲ့ ၂၀၀၆ တို့မှာ (၄)ကြိမ် ဗိုလ်စွဲခဲ့ဖူးပါတယ်။
အနိုင်ရဗိုလ်စွဲတဲ့အသင်းဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၁၀,၀၀၀) လက်ခံ ရရှိမှာ ဖြစ် ပါတယ်။
မာဒေးကားပြိုင်ပွဲဝင်မယ့် မြန်မာအသင်းလူစာရင်း -
ဂိုး - အောင်အောင်ဦး၊ ကျော်ဇင်ထက်
နောက်တန်း - မင်းသူ၊ ဟန်ဝင်းအောင်၊ ဇော်လင်းထွန်း၊ ကျော်ခိုင်ဝင်း၊ သူရအောင်၊
ခင်မောင်လွင်
အလယ်တန်း - ထွန်းထွန်းဝင်း၊ အောင်မျိုးသန့်၊ ရာဇာဝင်းသိန်း၊ မျိုးမင်းထွန်း၊ ဇော်ထက် အောင်၊ မိုးဝင်း၊ အောင်မိုး
ရှေ့တန်း - စိုးမြတ်မင်း၊ ရန်ပိုင်၊ အောင်မျိုးကျော် |

ပြီးခဲ့တဲ့နှစ် အကြိုဗိုလ်လုပွဲက အောင်မြင့်အေးနဲ့ မလေးကစားသမားတို့ ဘောလုံးယှဉ်လုနေစဉ်
|