DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ဆောင်းပါး
မထင်မှတ်တဲ့ ရလဒ်တချို့နဲ့ ပရိတ်သတ်ကို ဖမ်းစားဦးမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၅)
ကိုစိုးမိုး - သြဂုတ် ၃၁၊ ၂၀၀၇

ပြီးခဲ့တဲ့အပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၄ မှာတော့ ကြိုတင်ခန့်မှန်းခဲ့တဲ့ အတိုင်းနီးပါး ပွဲရလဒ်တွေ ထွက်ခဲ့တာတွေ့ရတယ်။ ဒါပေမယ့် ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၅ မှာ အသင်းကြီးအခက်အခဲတွေ တွေ့နိုင်မယ့်အလားအလာရှိတယ်။ ဒါကြောင့် ဒီတစ်ပတ်ပွဲစဉ်မှာ မထင်မှတ်တဲ့ ရလဒ်တချို့ ရှိလာနိုင်တာကို ကြိုတင်တွေးထားရလိမ့်မယ်။ ဒီပွဲစဉ်ပြီးရင် အမှတ် ပေးဇယားလည်း အပြောင်းအလဲအနည်းငယ် ရှိလာနိုင်မယ်လို့ ထင်မိတယ်။

ဘော်လ်တန်-အဲဗာတန်

ဒီပွဲကအကြိတ်အနယ်ရှိပြီး ကြည့်ကောင်းနိုင်တယ်။ ပြီးခဲ့တဲ့အပတ်မှာ ရီဒင်းလိုအသင်းကို ၃-၀ ပြတ်နဲ့နိုင်ခဲ့ပြီး နိုင်ပွဲမရခဲ့တဲ့ဘော်လ်တန်ကို အထင်သေးလို့မရတော့ဘူး။ ဘော်လ်တန်ဟာ နောက်တန်း ခံစစ်ပြန်ငြိမ်လာသလို ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကလည်း အတွဲပြန်မိလာလို့ အသင်းဟန် ချက်နည်းနည်း ပိုကောင်းလာလို့ အဲဗာတန်ခက်ခက်ခဲခဲကစားရမယ့် အနေအ ထား ရှိတယ်။ ဒါပေမယ့်ခုချိန်ထိတစ်ပွဲပဲ ရှုံးသေးပြီးဇယားထိပ်ပိုင်းမှာ ရပ်တည်နေနိုင် သေးတဲ့ အဲဗာတန်ကိုလည်း လျှော့တွက်လို့တော့မရပါဘူး။ မနှစ်ကလည်း ဒီနှစ်သင်း ဘော်လ်တန် ကွင်းမှာ တွေ့ဆုံခဲ့ရတုန်းက ၁ ဂိုးစီသရေကျခဲ့တာတွေ့ရတော့ဒီပွဲမှာလည်း အပြန်အလှန် က စားဦးမယ့် သဘောရှိတယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookies - ဘော်လ်တန်က သရေကျရင် ၄၀% ရှုံးဦးမယ်လို့
အပေါ်ကြေးပေးထား။
အင်တာနက်ခန့်မှန်း - ၀-ဝ
ဝီလျံဟေးလ် - ဘော်လ်တန်ကိုပဲ အပေါ်ကြေး ခပ်ပါးပါးပေးထား
ရန်ကုန်ဂျာနယ်များ - သရေပဲမှန်းတာများ
စာရေးသူ၏အမြင် - သရေကျသွားဖို့များတယ်လို့ထင်မိ။

ဖူလ်ဟမ် - စပါးစ်

လန်ဒန်ဒါဘီတစ်ပွဲဖြစ်လို့ ဒီပွဲဟာလည်း တော်တော်အကြိတ်အနယ်ရှိနိုင်တယ်။ ဇယားအောက် ပိုင်းမှာ ရောက်နေတဲ့ ၂ သင်းထိပ်တိုက်တွေ့တဲ့ပွဲဖြစ်လို့ဒီပွဲမှာရလဒ်ကောင်းဖို့ ခြေကုန်ထုတ် ကစားမှာ သေချာတယ်။ လက်ရှိအသင်းလိုက် ခြေစွမ်းနဲ့ကစားအားမှာ စပါးစ်ကနည်း နည်း သာနေပေမယ့် ဖူလ်ဟမ်ကွင်းမှာဖြစ်လို့ဒီပွဲမှာ အသာစီးရဖို့ မလွယ်လောက်ဘူး။ ဒါ့အပြင် အစဉ်အလာအရကြည့်ရင်လည်း ပြီးခဲ့တဲ့ EPL လေးရာသီဖူလ်ဟမ်ကွင်းမှာ ကစားခဲ့တဲ့ ၄ ပွဲစလုံး စပါးစ်မနိုင်ဖူးသေးဘဲ ၃ ပွဲရှုံးပြီး ၁ ပွဲပဲ သရေကျခဲ့လို့ဒီပွဲကိုလည်း ခက်ခက်ခဲခဲက စားရဦးမှာ သေချာတယ်။

ဒါပေမယ့်လက်ရှိဖူလ်ဟမ်အသင်းရဲ့ခြေက အားရစရာသိပ်မရှိသေးဘဲ ခံစစ်ပိုင်းကလည်း အမှားများနေသေးလို့ တိုက်စစ်အားကောင်းတဲ့ စပါးစ်အသင်းကို (အိမ်ကွင်းမှာဖြစ်ပေမယ့်) အသာစီးရဖို့ ခက်နေလိမ့်မယ် ထင်တယ်။ ဒါ့အပြင် ပွဲရလဒ်တွေ သိပ်မကောင်းလို့ ဖိအားတွေရှိ နေတဲ့ စပါးစ်နည်းပြ မာတင်ဂျိုးအနေနဲ့လည်း ဒီပွဲကို သေချာ အားထည့်ကစားမယ့် သဘောရှိလို့ ဖူလ်ဟမ်အသင်း ပွဲကျပ်တွေ့နိုင်တယ်။ ဒါပေမယ့် ဒီပွဲက လန်ဒန်ဒါဘီ ထုံးစံအ တိုင်း ဘယ်အသင်းမှာ အလွယ်တကူအနိုင်ရဖို့မလွယ်တော့ အပြန်အလှန် ကစားရင်း သရေ ကျသွားနိုင်တယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookies - စပါးစ်က သရေဆိုရင် ၅၀% ရှုံးဦးမယ်လို့ အပေါ်ကြေးသတ်မှတ်
အင်တာနက်ခန့်မှန်း - ၁-၁
ဝီလျံဟေးလ် - စပါးစ်ကိုပဲ ခပ်ပါးပါးလေးးအပေါ်ကြေးဖွင့်ထား
ရန်ကုန်ဂျာနယ်များ - သရေ(သို့) စပါးစ်ကပ်နိုင်ဟုပေးထား
စာရေးသူ၏အမြင် - စပါးစ်ကိုပဲ နည်းနည်း ပိုကြိုက်တယ်။

လီဗာပူး - ဒါဘီ

လက်ရှိခြေစွမ်း၊ ကစားအား၊ ကစားသမားအင်အားနဲ့အစဉ်အလာအရ လီဗာပူးက သာနေတဲ့ အပြင် အန်ဖီးလ်မှာလည်း ကစားရမယ့်ပွဲဖြစ်လို့ ဒီပွဲမှာဒါဘီအတွက် အခွင့်အရေး သိပ်မရှိ နိုင်ပါဘူး။

အခုနောက်ပိုင်း လီဗာပူးရဲ့ တိုက်စစ်စွမ်းရည်တက်လာပြီး ဒါဘီရဲ့ခံစစ်ကလည်း အမှား များနေလို့ ဒီပွဲမှာ လီဗာပူးပဲ အသာစီးရဖို့များနေတယ်။ ဒါပေမယ့် ဇယားအောက်ဆုံးမှာ တစ်ပွဲမှ မနိုင်သေးတဲ့ ဒါဘီရဲ့ ရုန်းအားကိုတော့ လီဗာပူးသတိထားရမယ်။ လီဗာပူးအသင်းမှာ ဂျရတ်နဲ့ ဂါရက်ဂါတို့အပါအ၀င်အဓိကကစားသမားတချို့ ဒဏ်ရာပြဿနာရှိနေတဲ့ အပြင် ပြီးခဲ့တဲ့ ကြားရက်မှာလည်း ချန်ပီယံလိဂ်ပွဲကစားထားရလို့ ဒဏ်ရှိနေနိုင်တယ်။ ဒါပေမယ့် ဒါဘီကလည်းကြားရက်မှာ ဘလက်ဘူးအသင်းနဲ့ကားလင်း ဖလားပွဲ ကစားထားရတော့ ၂ သင်းစလုံး ပွဲပမ်းမှုအနည်း ငယ်စီရှိမှာပဲ။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookies - ၂ ဂိုးပြတ်နိုင်ရင်တောင်လီဗာ ပူး ၄၀%ပဲရမည်။
အင်တာနက်ခန့်မှန်း - ၃-၁
ဝီလျံဟေးလ် - လီဗာပူးကိုအပေါ်ကြေး အများကြီးပေးထား
ရန်ကုန်ဂျာနယ်များ - လီဗာပူး ဂိုးပြတ်နိုင်မည်ဟု ခန့်မှန်းတာများ
စာရေးသူ၏အမြင် - လီဗာပူးနိုင်ဖို့များပေမယ့် ဂိုးပြတ်ဖို့မသေချာ

မစ်ဒယ်ဘရော့ - ဘာမင်ဂမ်

မစ်ဒယ်ဘရော့ရဲ့ခြေစွမ်းက အရင်နှစ်တွေလိုပဲ ခန့်မှန်းရခက်နေသေးတယ်။ ဘာမင်ဂမ်ရဲ့ ခြေကလည်း သိပ်မငြိမ်သေးလို့ ဒီပွဲကခြေသိပ်မကွာတဲ့ ၂ သင်းထိပ်တိုက်တွေ့တဲ့ပွဲပါပဲ။ကစား သမားအင်အားနဲ့ အိမ်ကွင်းအားသာချက်အရ ကြည့်ရင်တော့ မစ်ဒယ်ဘရော့ က နည်းနည်း လေး သာပါတယ်။

အထူးသဖြင့်စပါးစ်က ခေါ်ထားတဲ့ အီဂျစ်တိုက်စစ်မှူး မီဒိုဟာပွဲတိုင်း ခြေစွမ်းပြပြီးဂိုး တွေသွင်း ပေးနိုင်တာတွေ့ရတဲ့အပြင်ရိုချင်ဘတ်၊ဘိုတန်၊ဒေါင်းနင်းတို့အုပ်စုကလည်းပြီးခဲ့တဲ့ နယူးကာ ဆယ်နဲ့ပွဲမှာ ခြေစွမ်းပိုင်းနည်းနည်းတက် လာလို့ဒီပွဲမှာဘာမင်ဂမ် သိပ်မချောင် လောက်ဘူး။ ဒါပေမယ့်ဘာမင်ဂမ်ရဲ့အဝေးကွင်း ခြေစွမ်းကလည်း သိပ်အညံ့ကြီးမဟုတ်သလို ဂိုးသွင်း ကောင်းတဲ့ထိပ်တန်းတိုက်စစ်မှူးတချို့ပါနေလို့ မစ်ဒယ်ဘရော့ခံစစ်ကို သတိထားဖို့တော့ လို တယ်။ ပြီးခဲ့တဲ့ EPL မှာ ဒီနှစ်သင်းမဆုံခဲ့ပေမယ့် ၂၀၀၃-၀၄၊ ၂၀၀၄-၀၅ နဲ့၂၀၀၅-၀၆ သုံးရာသီမှာတော့ ဘာမင်ဂမ်ဟာ မစ်ဒယ်ဘရော့ကွင်းမှာ ကစားခဲ့တဲ့ ၃ ပွဲစလုံး ရှုံးခဲ့တာ တွေ့ရတယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookies - မစ်ဒယ်ဘရော့ကသရေဆိုလျှင် ၇၀% ရှုံးမည်။
အင်တာနက်ခန့်မှန်း - ၂-၁
ဝီလျံဟေးလ် - မစ်ဒယ်ဘရော့ကိုပဲ အပေါ်ကြေးသတ်မှတ်ထား
ရန်ကုန်ဂျာနယ်များ - မစ်ဒယ်ဘရော့ကိုပဲ အနိုင်ပေးထား။
စာရေးသူ၏အမြင် - မစ်ဒယ်ဘရော့နိုင်ချေများပေမယ့် ဘာမင်ဂမ်ကိုပဲ အားပေးချင်တယ်။

နယူးကာဆယ် - ၀ီဂန်

လက်ရှိအသင်းလိုက်ခြေစွမ်း၊ ကစားသမားအင်အားနဲ့အိမ်ရှင်အခွင့်အရေးအရနယူးကာဆယ် နည်းနည်းသာပေမယ့်ခြေတက်နေတဲ့ဝီဂန်ကို အလွယ်တကူအသာစီးရဖို့မဖြစ်နိုင်ပါဘူး။ အထူး သဖြင့် ၀ီဂန်ကဟတ်စကီး၊ ဆီဘီယားစကီး၊ ဗလင်စီယာ၊ ရှာနာ၊လန်းဇက်တို့အုပ်စု အတွဲမိနေ ပြီး ကြိုးစားမှုလည်းကောင်းနေလို့လူစုံမပါနိုင်သေးတဲ့ နယူးကာဆယ် သတိထားရမယ်။

ပြီးခဲ့တဲ့ ကြားရက်မှာ ၂ သင်းစလုံးကားလင်းဖလားပွဲကစားထားရလို့ ပွဲပန်းမှုတော့နည်း နည်း
ရှိနိုင်တယ်။ ဒါပေမယ့် နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီ EPL မှာ ၀ီဂန်ကို ၂ ပွဲစလုံးနိုင်ခဲ့
ဖူးတော့ အစဉ်အလာအရ အသာစီးရတတ်တဲ့သဘော တော့ရှိတယ်ကစားသမား အင်အားအ ရကြည့်ရင်လည်းမာတင်၊ အိုဝင်၊ ဗီဒူကာ၊ စမစ်ပါတဲ့ နယူးကာဆယ်သာ ပုံမှန်ခြေစွမ်းရရင် ၀ီ
ဂန်မချောင်လောက်ဘူး။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookies - နယူးကာဆယ် ၁ ဂိုးနိုင်ရင် ၆၀% သာရမည်
အင်တာနက်ခန့်မှန်း - ၁-ဝ
ဝီလျံဟေးလ် - နယူးကာဆယ်ကို အပေါ်ကြေး သတ်မှတ်
ရန်ကုန်ဂျာနယ်များ - နယူးကာဆယ်အနိုင်ပေးတာများ
စာရေးသူ၏အမြင် - နယူးကာဆယ်ကိုပဲ ကြိုက်တယ်။

ရီဒင်း - ၀က်စ်ဟမ်း

ဒီပွဲက အကြိတ်အနယ်ရှိပြီး တော်တော်ကြည့်ကောင်းနိုင်တယ်။ အဆင့် ၁၄ နဲ့ ၁၅ မှာ ရှိနေတဲ့
၂ သင်းဆုံတဲ့ပွဲဖြစ်သလို ၂ သင်းစလုံးက ခပ်မာမာခပ်ကြမ်းကြမ်း ကစားတတ်တာကြောင့် မ ထင်မှတ်ဘဲ ပွဲကြမ်းတစ်ပွဲလည်းဖြစ်သွားနိုင်တယ်။လက်ရှိအသင်းလိုက်ခြေစွမ်းအရတောာ့ ၀က် စ်ဟမ်း နည်းနည်းလေးသာသလိုရှိနေတယ်။

ရီဒင်းအသင်းဟာအစပိုင်းပွဲတွေမှာ အသင်းကြီးတွေကို ခံကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းခြေပျက်လာပြီး ရလဒ်တွေလည်း ညံ့လာတာတွေ့ရတယ်။ ပြီးခဲ့တဲ့ပွဲစဉ် ၄မှာ ဘော်လ်တန်လိုအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးသွားတော့ ရီဒင်းနည်းပြစတိဗ်ကော့ ပဲတစ် ယောက်ဖိအားတွေ တော်တော်ခံနေရပြီဖြစ်တယ်။ ပြီးခဲ့တဲ့ကြားရက်မှာ ကစားခဲ့တဲ့ ကာလင်း ဖလားပွဲမှာလည်း ဆွစ်စီးတီးကို သရေကျခဲ့သေးတယ်။ ဒါပေမယ့် အဲဒီ တွန်းအားတွေက အခုပွဲကိုရလဒ်ကောင်းအောင် ပိုပြီးအားထည့် ကစားမယ့် သဘောရှိတော့ ဒီပွဲမှာ ၀က်စ်ဟမ်း ခက်ခက်ခဲခဲကစားရမှာ သေချာတယ်။

ဝက်စ်ဟမ်းအသင်းရဲ့ခြေစွမ်းကလည်းခုချိန်ထိအကောင်းဆုံးပုံစံမရှိသေးဘဲခန့်မှန်းရခက်နေသေးတယ်။ ဘယ်လာမီ၊ ယွန်းဘတ်တို့အုပ်စုအတွဲမမီသေးဘဲ ဒိုင်ယာကလည်း ဒဏ်ရာရ သွား
လို့တိုက်စစ်ပိုင်းမှာ အားနည်းနေသေးတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့EPL ၃ ရာသီမှာ လည်းဝက်စ် ဟမ်းဟာ ရီဒင်းကွင်းမှာ ၃ပွဲစလုံးဂိုးပြတ်ရှုံးခဲ့ဖူးပြီး မနှစ်ကဆို ၆-၀ နဲ့ တောင်ရှုံးခဲ့တာ ကြောင့် အစဉ်အလာအရ ရီဒင်းကွင်းမှာဆို ၀က်စ်ဟမ်း ရလဒ်မကောင်းတဲ့ သဘောပဲ။

ဒါပေမယ့်ဝက်စ်ဟမ်းရဲ့ ဒီနှစ်အဝေးကွင်းကစားပုံကတော့ သိပ်မဆိုးဘူး။ ၀က်စ်ဟမ်း နည်းပြ
ကိုယ်တိုင်လည်း ဖိအားတွေရှိနေလို့ ဒီပွဲကိုရလဒ်ကောင်းအောင် ကြိုးစားမှာ သေချာတယ်။ ဒါကြောင့်ရီဒင်းအနေနဲ့ဒီနှစ်မှာဝက်စ်ဟမ်းကို အလွယ်တကူအသာစီးရဖို့ မဖြစ်နိုင်တော့ပါ။ ဒီပွဲက ဂိုးတွေအပြန်အလှန်သွင်းပြီး အကြိတ်အနယ်ကစားရမယ်လို့ ထင်မိတယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookies - ရီဒင်းက သရေကျရင်၆၀% ရှုံးမည်။
အင်တာနက်ခန့်မှန်း - ၂-၁
ဝီလျံဟေးလ် - ရီဒင်းကို အပေါ်ကြေး ခပ်ပါးပါးပေးထား
ရန်ကုန်ဂျာနယ်များ - သရေမှန်းတာများ
စာရေးသူ၏အမြင် - သရေကျဖို့များပေမယ့် ၀က်စ်ဟမ်းကိုအရဲစွန့် အားပေးချင်တယ်။

မန်ယူ - ဆန်းဒါးလန်း

ဆရာတပည့်နှစ်ယောက် ပြန်ဆုံတဲ့ပွဲဖြစ်လို့ ဒီပွဲက စိတ်ဝင်စားဖို့ကောင်းနေတယ်။ဆန်းဒါးလန်း
အသင်းဟာ ရာသီအစပိုင်းမှာဟုတ်မလိုလိုနဲ့ တဖြည်းဖြည်း အဖျားတိုးလာပြီး ရလဒ်တွေလည်း ဆက်တိုက်ညံ့လာလို့ အခုဆိုရင်ဇယားအောက်ပိုင်းကို ပြန်ဆင်းလာတာ တွေ့ရတယ်။ ထိပ်
တန်း ကစားသမားစုဖွဲ့မှု မျိုးမရှိတဲ့ဒဏ်ကို ရွိုင်ကိန်းတစ်ယောက်ခံစားလာရတဲ့ သဘောပဲ။

ဒါပေမယ့် ရွိုင်ကိန်းလို စိတ်ဓာတ်ပြင်းထန်တဲ့နည်းပြမျိုးရှိနေတဲ့ ဆန်းဒါးလန်းကို လူမစုံ၊ ခြေမှန်
မရသေးတဲ့ မန်ယူအနေနဲ့လျှော့တွက်လို့တော့မရပါဘူး။ မန်ယူအသင်းရဲ့ ခြေစွမ်းဟာ ခုချိန်ထိ လိုအပ်ချက်တွေရှိနေသေးပြီး ပြီးခဲ့တဲ့ပွဲစဉ် ၄ စပါးစ်နဲ့ပွဲမှာလည်း တစ်ဂိုးတည်းနဲ့ ကပ်နိုင်အောင် အသည်းအသန်ကစားခဲ့ရတာတွေ့ရတယ်။ အထူးသဖြင့် မန်ယူအသင်းမှာ တိုက်စစ်ပိုင်းအား
နည်းနေပြီး ဂိုးသွင်းမသေချာတဲ့အပြင် ဆာဟာတို့အုပ်စုကလည်း ကြံ့ခိုင်မှုသိပ်မကောင်းအချိန်
မှာဆိုးရှားကလည်း အနားယူသွားပြီဖြစ်လို့ နောက်ထပ် ထိပ်တန်းတိုက်စစ်မှူး တစ်ယောက် ၀ယ်သင့်တယ်လို့ဘောလုံးအကဲခတ်ဆရာတွေကသုံးသပ်နေကြတာတွေ့ရတယ်။ ဒါပေမယ့် နောက်ဆုံးကြားသိရတဲ့ သတင်းအချို့အရတော့ မန်ယူရဲ့ Line up မှာဆာဟာ တစ်ယောက် ပြန်ပါလာပြီး ၀င်ကစားမယ်လို့သိရတယ်။

ဘရာဇီးကွင်းလယ်ကစားသမားသစ် အန်ဒါဆင်လည်း ဒီပွဲမှာ အချိန်ပိုင်း စကစားတော့ မယ်
လို့ သိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ချန်ပီယံဆု ကာကွယ်ဖို့ အမှတ်သိပ်လိုနေတဲ့ မန်ယူအနေနဲ့ အိုးထရက်ဖို့ဒ်မှာကစားရမယ့်အပြင် သူတို့ အသင်းထက် အများကြီးအားနည်းတဲ့ တန်းတက် ဆန်းဒါးလန်းလိုအသင်းကို မဖြစ်မနေအနိုင်ရအောင် ကစားမှာသေချာတယ်။

ရွိုင်ကိန်းရဲ့ဆန်းဒါးလန်းကလည်း ဒီပွဲမှာတတ်နိုင်သလောက်အမှတ်ဖဲ့ယူနိုင်အောင် ခံကစားမှာ ဖြစ်ပေမယ့် ကစားသမားအင်အား၊ နည်းပြအတွေ့အကြုံချင်း ယှဉ်ကြည့်ရင် မန်ယူကို သူ့ကွင်း
မှာ အသာစီးရအောင် ကစားနိုင်ဖို့မလွယ်လောက်ဘူး။

ဆန်းဒါးလန်းရဲ့ ခံစစ်ပိုင်းကလည်း နောက်ပိုင်းမှာပွဲတိုင်း ဂိုးသွင်းခံနေရတော့ မန်ယူက နာနီ၊ ပေါလ်စခိုး၊ ဂစ်၊ ဟားဂရေ့ဗ်၊ကားရစ်တို့အုပ်စုသာ ခြေမှန်ပေါ်ပြီး ဆာဟာကလည်း ပြန်ပါနိုင် ရင်တော့ ဆန်းဒါးလန်းဘယ်လောက်ခံ ကစားကစားတစ်ချိန်ချိန်တော့ ဂိုးတွေပေး လိုက်ရမယ်
ထင်တယ်။ ဒီပွဲမှာ ဂိုးလုံးဝမပေးရအောင် ခံစစ်အသေပိတ်ကစားနိုင်တဲ့ ဆန်းဒါးလန်းကို ဖာဂူ
ဆန်တို့ အုပ်စုစိတ်ရှည်ရှည်ထားပြီး နည်းဗျူဟာကျကျ ထိုးဖောက်ကစားနိုင်ရင်မန်ယူအတွက် လိုချင်တဲ့ ရလဒ်ရမှာပါ။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookies - ၂ ဂိုးပြတ်နိုင်ရင်တောင်မန်ယူ ၄၀%ပဲရမည်။
အင်တာနက်ခန့်မှန်း - ၂-၁
ဝီလျံဟေးလ် - မန်ယူကို အပေါ်ကြေး အများကြီး သတ်မှတ်ထား
ရန်ကုန်ဂျာနယ်များ - မန်ယူအနိုင်ပဲထားပြီး ဂိုးလည်းပြတ်မည်မှန်းထား
စာရေးသူ၏အမြင် - မန်ယူနိုင်ဖို့များပြီး ဂိုးတော့ မပြတ်နိုင်

အာဆင်နယ် - ပို့စ်မောက်

အခုချိန်ထိ ရှုံးပွဲမရှိသေးဘဲ ခြေစွမ်းထက်နေတဲ့ အာဆင်နယ်အသင်းကို အမ်းမရိတ်ကွင်းမှာ ပို့စ်မောက်ခက်ခက်ခဲခဲ ခံကစားရလိမ့်မယ်။ ဒါပေမယ့် ပို့စ်မောက်အသင်းဟာ အသင်းကြီး တွေကို ခံကစားတတ်တဲ့အစဉ်အလာရှိပြီး လက်ရှိအသင်းလိုက် ခြေစွမ်းကလည်း အတော် လေးကောင်းနေတော့ အာဆင်နယ်အတွက်လည်း ပွဲကျပ်မှာသေချာတယ်။

အထူးသဖြင့်အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်တတိယ အဆင့်ခြေ စစ်ပွဲကစားထားလို့ ပွဲပန်းမှုအနည်းငယ် ပိုရှိနေနိုင်တယ်။ ဒါပေမယ့်အာဆင်နယ် ကစားသမား အများစုဟာ ငယ်ရွယ်ပြီးကစားအားကောင်းတဲ့အပြင် အတွဲမိမိလည်း ထိုးဖောက် တိုက်စစ် ဆင်နိုင်လို့ အသက်ကြီးနောက်တန်းလူတွေပါတဲ့ ပို့စ်မောက်အနေနဲ့ ခက်ခက်ခဲခဲ ထိန်းချုပ် ရလိမ့်မယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookies - အာဆင်နယ်တစ်ဂိုး သွင်းရင် ကြေးသရေကျမည်
အင်တာနက်ခန့်မှန်း - ၁-ဝ
ဝီလျံဟေးလ် - အာဆင်နယ်ကို အပေါ်ကြေးးပေးထား
ရန်ကုန်ဂျာနယ်များ - အာဆင်နယ်အနိုင်ပေးထား။
စာရေးသူ၏အမြင် - အာဆင်နယ်ကို ကြိုက်ပေမယ့် အရဲစွန့်ပြီးပို့စ်မောက်
ကိုပဲ အားပေးချင်။

ဘလက်ဘန်း - မန်စီးတီး

ကစားပုံမာကျောပြီးအသင်းကြီးတွေကို ခပ်ကြမ်းကြမ်းကစားတတ်တဲ့ ဘလက်ဘန်းကို မန်စီး တီးအနေနဲ့အဝေးကွင်းမှာခက်ခက်ခဲခဲ ကစားရနိုင်တယ်။အထူးသဖြင့် ဘလက်ဘန်းဟာ သူ့ကွင်းမှာဆိုရင် ပရိသတ်အားနဲ့တစ်ဖက်အသင်းကို ကစားကွက် တင်မရအောင် အတင်းဝင် ထွက်ကစားတတ်လို့ မန်စီးတီးရှောင်ကစားနိုင်မှ တော်ကာကျမယ်။ ဒါပေမယ့်လက်ရှိ မန်စီးတီးဟာလည်း ပြီးခဲ့တဲ့အပတ်မှာ အာဆင်နယ်ကို ၁ - ၀ နဲ့ကပ်ရှုံးတဲ့ပွဲက လွဲရင်ရှေ့ပွဲသုံး ပွဲစလုံးဆက်တိုက်အနိုင်ရထားလို့ အသင်းလိုက်ခြေစွမ်းက ဘလက်ဘန်း ထက်သာတယ်။

အရင်က မန်စီးတီးအသင်းလိုမျိုးသတ်မှတ်ထားလို့မရဘဲ ဘလက်ဘန်းအတွက်လည်း ဒီပွဲက တကယ် ခက်ခဲတဲ့ပွဲဖြစ်မှာသေချာတယ်။မန်စီးတီးနည်းပြအဲရစ်ဆင်ကတော့ ဇယားထိပ်ပိုင်း ကမဆင်းရအောင် ဒီလိုပွဲမျိုးကို အမှတ်ပြည့်ရဖို့ ကြိုးစားမှာ သေချာတယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookies - ဘလက်ဘန်းကသရေကျရင်တောင် ၆၀% ရှုံးဦးမည်
အင်တာနက်ခန့်မှန်း - ၂-၁
ဝီလျံဟေးလ် - ကြေးသိပ်မကွာပါ
ရန်ကုန်ဂျာနယ်များ - မန်စီးတီးကိုပိုကြိုက်ကြသည်။
စာရေးသူ၏အမြင် - သရေကျသွားမယ်ထင်။

ဗီလာ - ချယ်လ်ဆီး

ဗီလာအသင်းရဲ့ ဒီနှစ်ခြေစွမ်းဟာ ခန့်မှန်းရခက်နေသေးတယ်။ ဇယားထိပ်ဆုံးမှာ ရှုံးပွဲမရှိ ရပ်တည် နေနိုင်တဲ့ ချယ်လ်ဆီးကတော့ ဒီပွဲကို ရလဒ်ကောင်းအောင် စနစ်တကျ အကွက် ချကစားလိမ့်မယ်။ ဒါပေမယ့် ဗီလာအသင်းဟာ သူ့ကွင်းမှာဆို အသင်းကြီးတွေကို ခံကစားတတ်လို့ ချယ်လ်ဆီးအနေနဲ့ အလွယ်၏တကူ နိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် ဗီလာအသင်းရဲ့ လျှင်မြန်တဲ့တန်ပြန်တိုက်စစ်ကို ဂျွန်တယ်ရီတို့အုပ်စု အထူးသတိထား ကစား ရလိမ့်မယ်။

ဒါပေမယ့် ကစားသမားအင်အား၊လက်ရှိအသင်းလိုက်ခြေစွမ်းနဲ့ ကစားပုံမှာတော့ ချယ်လ် ဆီးက သာတယ်။ အထူးသဖြင့်မော်ရင်ညိုဟာ ဒီရာသီမှာ ပွဲတိုင်းကို ရလဒ်ကောင်း အောင် အကွက်ချကစားတတ်တာကြောင့်ဒီပွဲကိုလည်း သေချာပြင်ဆင်ကစားလိမ့်မယ်။ ဇယားထိပ် ဆုံးမှာ ဆက်ရပ်နေနိုင်အောင်ချယ်လ်ဆီးအသင်းသားတွေ အစွမ်းကုန်ကြိုးစားနိုင်လို့ ဗီလာ အသင်းအမှားလုပ်မိတာနဲ့အနိုင်ဂိုးတွေပေးရနိုင်တယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookies - ချယ်လ်ဆီး ၁ဂိုးနဲ့နိုင်ရင် ၃၀% သာရမည်။
အင်တာနက်ခန့်မှန်း - ၀ - ၁
ဝီလျံဟေးလ် - ချဲလ်ဆီးကိုပဲ အပေါ်ကြေးပေး ထား
ရန်ကုန်ဂျာနယ်များ - ချယ်လ်ဆီးကိုပဲ ပိုကြိုက်ကြ။ ချယ်လ်ဆီးအနိုင်။
စာရေးသူ၏အမြင် - ချယ်လ်ဆီးကိုပဲ ပိုကြိုက်ပါတယ်။