DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 

ဆောင်းပါး

မြန်မာဆက်ပြီး ဗိုလ်စွဲဦးမှာလား
စိုးမိုး (IBC) - သြဂုတ် ၂၄၊ ၂၀၀၇

မလေးရှားနိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ (၃၉)ကြိမ်မြောက် မာဒေးကာဖလားပွဲမှာ လက်ရှိချန်ပီယံ မြန်မာအသင်းဟာ အုပ်စု (က)မှာ လီဆိုသိုကို (၁ - ၀)၊ အိမ်ရှင်မလေးရှားကို (၂ - ၁)နဲ့ နှစ်ပွဲ ဆက်နိုင်ပြီး ပွဲစဉ်မကုန်မခင်မှာပဲ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တယ်။ ဒီနေ့ (သြဂုတ်လ၊ ၂၄) ညနေမှာ လာအိုနဲ့ အုပ်စုနောက်ဆုံးပွဲကစားဖို့ ရှိနေသေးပေမယ့် ဒီပွဲပိုရှုံးခဲ့ရင်တောင် မြန်မာ အသင်းဟာ အနိမ့်ဆုံး အုပ်စုဒုတိယနဲ့ ဆီမီးတက်နိုင်ပြီဆိုတာ အောက်ပါ အုပ်စုအနေ အထားကို ကြည့်ရင် သိနိုင်ပါတယ်။


မြန်မာကစားသမားတွေ ဂိုးသွင်းအပြီး ပျော်မြူးနေစဉ်

အုပ်စု (က) အနေအထား

အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ် ဂိုးကွာခြားချက်
မြန်မာ - - + ၂
မလေးရှား - + ၁
လီဆိုသို - + ၁
လာအို - - - ၎

လက်ရှိအုပ်စုအနေအထားအရ မြန်မာအသင်းဟာ လာအိုကို သရေကစားနိုင်ရင် ဒါမှမဟုတ် (၁)ရက်ထဲ ကစားရမယ့် မလေးရှား - လီဆိုသိုပွဲ သရေကျသွားခဲ့ရင် မြန်မာအသင်းဟာ အုပ်စုဗိုလ်နဲ့ ဆီမီးဖိုင်တက်နိုင်မှာဖြစ်တယ်။ ပွဲစဉ် (၂)အနေအထားကို ပြန်သုံးသပ်ကြည့်ရင် မြန်မာနဲ့ မလေးရှားက အားထားရတဲ့ တိုက်စစ်မှူး ဆပ်ဖီဆာလီဟာ ပွဲအစမှာပဲ မြန်မာနောက်တန်းလူ ဇော်လင်းထွန်းကို ဥပဒေပခပ်ကြမ်းကြမ်း ကစားမိလို့ ထိုင်းဒိုင်လူကြီး ချိုင်ယာအလီ မဟာ ပက်ဘက်က တိုက်ရိုက်အနီကဒ်နဲ့ ထုတ်ခဲ့တာကြောင့် မြန်မာအသင်းဟာ ပွဲချိန်ပြည့် နီးပါး တစ်ယောက်အသာနဲ့ ကစားခွင့် ရခဲ့တာပါ။

တစ်ပွဲလုံးခြုံကြည့်ရင် တိုက်စစ်ဆင်မှုအပိုင်းမှာ မြန်မာကသာပေမယ့် မလေးရှား လူငယ် အသင်းကလည်း မြန်မာဂိုးသမား အောင်အောင်ဦးကို (၂)ကြိမ်၊ (၃)ကြိမ်လောက် ခြိမ်း ခြောက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲနိုင်လိုက်လို့ မြန်မာအသင်းဟာ ဆီမီးကို စောစောစီစီး တက်ခွင့်ရသွားခဲ့တယ်။

လီဆိုသိုနဲ့ လာအိုပွဲမှာလည်း လီဆိုသိုက ခြေသာပြီး (၃ - ၁)နဲ့ နိုင်ခဲ့တာ မှန်ပေမယ့် လာအို အသင်းက ဆွမ်ဆမ်နော့လိုဗန်ဇေးလ်ဟာ (၆၄)မိနစ်မှာ အထုတ်ခံရပြီး ကိုဗန်နန်သာ ဗီဇေးလ် ကလည်း (၈၁)မိနစ်မှာ အထုတ်ခံခဲ့ရလို့ လီဆိုသို လူအသာနဲ့ ကစားခဲ့ရတာပါ။ ဒါပေမယ့် လီဆိုသိုက မူဆိုဆယ်လိုမှာလည်း ပွဲချိန် (၇၆)မိနစ်မှာ အနီကတ်နဲ့ ထွက်ခဲ့ရတယ်။

ဒီပွဲမှာ အံ့သြစရာကောင်းတာက နှစ်သင်းစလုံးဂိုးတွေကို ပထမပိုင်းမှာ သွင်းခဲ့ကြတာဖြစ်ပြီး လီဆိုသိုက (၃)မိနစ်မှာ ပေါဆယ်ရီဖိုင်လို၊ (၆)မိနစ်မှာ မိုင် ပတ်တိုတီဖိုနဲ့ (၂၃)မိနစ်မှာ မိုလီ ကိုကတ်တယ်ဟို တို့က သွင်းခဲ့တာပါ။ လာအိုရဲ့ တစ်လုံးတည်းသော ချေပဂိုးကလည်း ပထ မပိုင်း (၂၆)မိနစ်မှာ ဗီဇေးဖာဖိုးဗနင်က သွင်းခဲ့တာ ဖြစ်ပါတယ်။

ကစားပြီးသွားတဲ့ ခြေစွမ်းတွေအရ လာအိုအသင်းဟာ ကစားသမား နှစ်ဦး ပွဲပယ်ခံ ထားရတဲ့ အပြင် မျှော်လင့်ချက်လည်း မရှိတော့လို့ ဒီနေ့ ကစားမယ့် အုပ်စုနောက်ဆုံးပွဲမှာ မြန်မာအ သင်းကိုနိုင်ဖို့ အတော်ခက်ပါတယ်။ မြန်မာအသင်းအနေနဲ့ ဒီပွဲကို စိတ်ကြိုက်လူစာရင်းထုတ်ပြီး တစ်ဖက်အုပ်စုက ဆီမီးတက်လာမယ့် အသင်းကိုကြည့်ပြီး အုပ်စုဗိုလ် (သို့) ဒုတိယနေရာကို ကြိုက်သလို ယူခွင့်ရှိနေပါတယ်။

တစ်ပွဲစီနိုင်ထားတဲ့ အိမ်ရှင်မလေးရှားနဲ့ လီဆိုသိုတို့ပွဲကတော့ တော်တော်လေး အကြိတ်အ နယ် ရှိနိုင်ပါတယ်။ လီဆိုသိုဟာ တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းတက်လာပြီး ကစားပုံလည်း ပိုကောင်းလာလို့ အိမ်ရှင်မလေးရှား ခက်ခက်ခဲခဲ ကစားရနိုင်တယ်။ ဒါပေမယ့် အိမ်ရှင်ဖြစ်တဲ့ မလေးရှားဘက်မှာ အခွင့်အရေးနည်းနည်းပို့ရှိနေလို့ လီဆိုသိုအတွက်လည်း ပွဲမချောင်ပါဘူး။ ဒီပွဲ သရေကျနေရင် အုပ်စုဒုတိယနေရာအတွက် ပင်နယ်တီကန်ခိုင်းပြီး အရှုံးအနိုင်ပေါ်အောင် ကစားခိုင်းမယ်လို့ သိရတယ်။

ဆီမီးမှာ စင်္ကာပူနဲ့တွေ့ခဲ့ရင် မြန်မာအသင်းနဲ့ပွဲကြပ်နိုင်လို့ အုပ်စုဗိုလ်နဲ့ တက်နိုင်အောင် လာအို ကို အနည်းဆုံးသရေလောက်တော့ ကစားထားသင့်တယ်။ တစ်ခုသတိထားရမှာက လာအို အသင်းဟာ ပြီးခဲ့တဲ့ ၂၀၀၅ ဆီးဂိမ်းအုပ်စုပွဲမှာ မြန်မာအသင်းကို (၃ - ၂)နဲ့ နိုင်ခဲ့ဖူးလို့ လာအို ကိုလည်း အေးအေးဆေးဆေးနိုင်ပါတယ်ဆိုပြီး လျှော့တွက်လို့တော့ မရပါဘူး။

တစ်ဖက်အုပ်စုကို လေ့လာကြည့်ရင် စင်္ကာပူဟာ အတောင့်တင်းဆုံးဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်မှာ ဇင်ဘာဘွေကို (၄ - ၂)၊ ဒုတိယပွဲစဉ်မှာ ဘင်္ဂလားဒေ့ရှ်ကို (၂ - ၁)နဲ့ နိုင်လို့ အုပ်စုဗိုလ်နဲ့ ဆီမီးတက်လာဖို့များနေပြီ။ စင်္ကာပူအနေနဲ့လည်း ဆီမီးမှာ လက်ရှိချန်ပီယံ မြန်မာအသင်းကို ရှောင်နိုင်အောင် အုပ်စုနောက်ဆုံးပွဲမှာ အင်ဒိုနီးရှားကို အနိမ့်ဆုံး သရေကျအောင်တော့ ကစား လိမ့်မယ်။ လက်ရှိ ခြေစွမ်းအရလည်း စင်္ကာပူက အစစသာနေလို့ အုပ်စု (ခ)မှာ စင်္ကာပူ အသင်းပဲ အုပ်စုဗိုလ်ဖြစ်ဖို့များတယ်။ စင်္ကာပူအသင်းဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ကျင်းပခဲ့တဲ့ အာစီယံချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့အသင်းကိုပဲ အခြေခံပြီး ၀ါရင့်နည်းပြ အဘရာမိုဗစ်ကိုင်တွယ်နေတဲ့အသင်းဖြစ်လို့ တစ်ဦးချင်းရော အသင်းလိုက် ကစားပုံပါ အတော် လေး ကောင်းတယ်။

စင်္ကာပူကစားသမားတွေရဲ့ အဓိကအားသာချက်က ဘောလုံးဥပဒေကို ကျေညက်ပြီး တဖက် အသင်းသားတွေ အမှားများများလုပ်မိအောင် နည်းပရိယာယ်သုံးပြီး ဆွကစား တတ်တာပဲ။ ဒါကြောင့် ဆီမီးမှာ စင်္ကာပူနဲ့ တွေ့ရင် မြန်မာအသင်း ပွဲပိုကြပ်နိုင်တယ်။

စင်္ကာပူအသင်းဟာ ၄၊ ၃၊ ၃ နဲ့ ၄၊ ၄၊ ၂ ကို အခြေခံကစားတာများပြီး နောက်တန်းမှာ မွေးစားသာ ဘန်းနက် ဦးဆောင်ကစားတတ်တယ်။ ကွင်းလယ်နဲ့ တိုက်စစ်မှု နက်ဇူ လိုင်ယွန် နယ်တီဇာဝါ၊ ဖက်ဇူး နာဝက်စ်၊ မိုဟာမက်ရီဒူအင်နဲ့ ရှေ့မှာ ၀ါရင့်တိုက်စစ်မှူး အမ်မရီတို့ကို အဓိက ပွဲထုတ်ကစားတတ်တယ်။ စင်္ကာပူ ကစားသမားတွေအကြောင်းကို စိုးမြတ်မင်း၊ မင်းသူ၊ ဇော်လင်းထွန်း၊ ရန်ပိုင်၊ အောင်အောင်ဦးတို့ ကောင်းကောင်းသိသလို မြန်မာကစားသ မားတွေရဲ့ အထာကိုလည်း စင်္ကာပူအသင်းက ကောင်းကောင်းသိနေလို့ ဒီပွဲဟာ အမှားခံလို့ မရပါဘူး။ ဒါကြောင့် မြန်မာအနေနဲ့ အုပ်စုဗိုလ်တက်အောင်လုပ်ပြီး စင်္ကာပူကို ဗိုလ်လုပွဲ ကျမှတွေ့အောင် လာအိုကို အနည်းဆုံးသရေကစားထားသင့်တယ်။

လက်ရှိအုပ်စု (ခ) အနေအထားကိုကြည့်ရင် မြန်မာအသင်းဟာ ဆီမီးမှာ အင်ဒို (သို့) ဇင်ဘာ ဘွေနဲ့ တွေ့ဖို့ များနေတယ်။


မြန်မာနောက်တန်းနဲ့ မလေးကစားသမားတို့ ဘောလုံးယှဉ်လုနေစဉ်

အုပ်စု (ခ) အနေအထား

အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ် ဂိုးကွာခြားချက်
စင်္ကာပူ - - + ၃
အင်ဒိုနီးရှား - + ဝ
ဇင်ဘာဘွေ - + ၁
ဘင်္ဂလားဒေ့ရှ် - - - ၂

တကယ်လို့ ဆီမီးမှာ အင်ဒိုနီးရှားနဲ့ တွေ့ခဲ့ရင်လည်း မြန်မာအသင်းအတွက် ပွဲသိပ်မချောင် လောက်ပါဘူး။ ဒါပေမယ့် အင်ဒိုအသင်းဟာ ယူ (၂၃) အသင်းဖြစ်တဲ့အပြင် ကစားပြီးသွားတဲ့ ခြေစွမ်းအရလည်း သိပ်အကောင်းမဟုတ်လို့ စင်္ကာပူနဲ့ တွေ့ရတာထက်စာရင် နည်းနည်းပွဲ ချောင်တဲ့သဘော ရှိတယ်။ ပြီးခဲ့တဲ့နှစ် မာဒေးကားဗိုလ်လုပွဲမှာလည်း အင်ဒိုနီးရှား လက်ရွေးစင် အသင်းကို မြန်မာက (၂ - ၁)နဲ့ နိုင်ခဲ့ဖူးလို့ သိပ်ကြောက်စရာ မလိုပါဘူး။

ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်ရင် အင်ဒိုနီးရှားအနေနဲ့ ရှုံးကြွေးကို ပြန်ဆပ်ဖို့ စိတ်ဆန္ဒတွေ ပြင်းပြနေနိုင်တဲ့အပြင် အင်ဒိုနည်းပြ အီဗန်ကိုလတ်ဗ်ဟာလည်း မြန်မာ့လက်ရွေးစင် အသင်းကို တစ်နှစ်ကျော် ကိုင်တွယ်ခဲ့ဖူးပြီး စိုးမြတ်မင်းတို့အုပ်စုရဲ့ ခြေစွမ်းအနေအထားကို ကောင်း ကောင်းသိနေသူဖြစ်လို့ မြန်မာအသင်း ခက်ခက်ခဲခဲ ကစားရမှာတော့ သေချာပါတယ်။

အင်ဒိုနဲ့ မြန်မာအသင်းဟာ သမိုင်းတလျှောက် စုစုပေါင်း (၄၂)ကြိမ်တွေ့ခဲ့ရမှာ မြန်မာက (၁၅)ကြိမ်ပဲနိုင်ခဲ့ပြီး၊ အင်ဒိုက (၂၂)ကြိမ်နိုင်ခဲ့ကာ (၅)ကြိမ် သရေကျခဲ့တဲ့ တွေ့ရတယ်။ လက်ရှိမြန်မာအသင်းရဲ့ ခြေစွမ်းနဲ့ ကစားပုံအပါအ၀င် စိတ်ဓါတ်ပိုင်းအရ ဒီပွဲမှာ မျှော်လင့်ချက် ပိုရှိနေတာ မှန်ပေမယ့် အင်ဒိုအသင်းမှာ ပြီးခဲ့တဲ့ အာရှဖလားပွဲက လက်ရွေးစင်ကစားသမား (၅)ဦးလောက်ပါနေလို့ အလွယ်တကူ အနိုင်ရဖို့တော့ မဖြစ်နိုင်ပါဘူး။

မြန်မာအသင်းသားတွေအနေနဲ့ အင်ဒိုနီးရှားရဲ့ လျင်မြန်တဲ့တောင်ပံတိုက်စစ်နဲ့ အုပ်စုဖွဲ့တိုက်စစ် ကို ဟန့်တားနိုင်ဖို့လည်း ခက်ခက်ခဲခဲ ကစားရဖွယ် ရှိနေပါတယ်။

အာဖရိကအသင်း ဇင်ဘာဘွေနဲ့ တွေ့ရင်လည်း မြန်မာအသင်းအတွက် ချောင်မှာမဟုတ်ပါဘူး။ ဇင်ဘာဘွေအသင်းဟာ ခြေစွမ်းတဖြည်းဖြည်းတက်လာပြီး တစ်ဦးချင်းနဲ့ အသင်းလိုက် ကစားပုံမာကျောမှုရှိလို့ တော်တော်လေး သတိထားကစားရလိမ့်မယ်။

ဒါပေမယ့် လက်ရှိချန်ပီယံဆိုတဲ့ ဖိအားကိုခဏမေ့ထားပြီး ဒီပွဲကိုခေါင်းအေးအေးနဲ့ တည်တည် ငြိမ်ငြိမ် ကစားနိုင်ရင်တော့ ဗိုလ်လုပွဲတက်ဖို့ မျှော်လင့်ချက် ရှိနိုင်တယ်။ မြန်မာနည်းပြ မားကို့စ် ဖယ်လိုပါအနေနဲ့လည်း ဒီပွဲမှာ အင်ဒိုနီးရှားအသင်း မမျှော်လင့်ထားတဲ့ နည်းဗျုဟာကစားကွက် အသစ်တစ်ခုကို ထုတ်သုံးသင့်တယ်လို့ မြင်ပါတယ်။ အင်ဒိုနီးရှားက အဓိကထိန်းကပ် ကစားမယ့် စိုးမြတ်မင်း၊ ရန်ပိုင်၊ မျိုးမင်းထွန်း၊ ရာဇာဝင်းသိန်းတို့ကို ကွက်ပျောက်ပုံစံနဲ့ ရွေ့ကစားခိုင်းပြီး မထင်မှတ်တဲ့ နေရာတွေကနေ ဂိုးတက်သွင်းတတ်တဲ့ နည်းဗျုဟာမျိုးသုံးရင် အင်ဒိုအသင်း အခက်တွေ့ သွားနိုင်ပါတယ်။

ဒါပေမယ့် အင်ဒိုဟာ အုပ်စုနောက်ဆုံးပွဲမှာ ခြေစွာနေတဲ့ စင်္ကာပူနဲ့ ကစားရမှာဖြစ်လို့ ပွဲကျပ် နိုင်ပြီး အင်ဒိုထက်စာရင် ဘင်္ဂလားဒေ့ရှ်နဲ့ နောက်ဆုံးပွဲ ကစားရမယ့် ဇင်ဘာဘွေက ဆီမီးတက် လာဖို့ အခွင့်အရေး ပိုရှိနိုင်တယ်။ တကယ်လို့ ဆီမီးမှာ စင်္ကာပူရော အင်ဒိုနဲ့ပါမတွေ့ဘဲ ဇင်ဘာ ဘွေနဲ့လာတွေ့ရင်လည်း မြန်မာအသင်းအတွက် ပွဲချောင်တယ်လို့ အဆိုနိုင်ပါဘူး။ ဒီပွဲကို ဇင်ဘာဘွေဟာ အတွေ့အကြုံနုနယ်တဲ့ ကစားသမားတွေအများစုကို ခေါ်လာလို့ အသင်း လိုက်ခြေစွမ်း အကောင်းကြီး မဟုတ်ပါဘူး။ အထူးသဖြင့် ဇင်ဘာဘွေ ခံစစ်ဟာ အားနည်း ချက်တွေ အများကြီးရှိလိုပ ရန်ပိုင်၊ စိုးမြတ်မင်းတို့အုပ်စုသာ အဆုံးသတ်ကောင်းခဲ့ရင် ဇင်ဘာ ဘွေကို နိုင်ချေရှိပါတယ်။

မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာပြီး မြန်မာအသင်း နောက်ဆုံးဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ ရင်တော့ ဘယ်အသင်းနဲ့တွေ့တွေ့ ပွဲကပိုခက်သွားပါပြီ။ ဒါပေမယ့် နောက်ဆုံးဗိုလ်လုပွဲဖြစ်လို့ တည်တည်ငြိမ်ငြိမ်နဲ့ ခြေမှန်ပေါ်အောင် ကစားနိုင်ရင် လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အခွင့်အရေးတွေ ရရှိလာမှာပါ။ ဒီအချိန်မှာတော့ မြန်မာအသင်းထပ်ဆင့် ဗိုလ်စွဲနိုင်မနိုင်ပြောဖို့ စောပါသေးတယ်။ ဆီမီးပွဲကစားပြီးရင်တော့ အနီးစပ်ဆုံးအဖြေထုတ်လို့ ရပါတယ်။ မလေး ရှားဟာ မြန်မာအသင်းအတွက် အောင်မြေဖြစ်သလို တကယ့်ဗိုလ်လုပွဲတက်ခဲ့ရင်လည်း အခြား အသင်းတွေထက် မြန်မာအသင်းပရိတ်သတ်အင်အားက များစွာသာလို့ ခြေလည်းမှန်၊ ကံဖေးမမှုလည်းကောင်းခဲ့ရင် မြန်မာအသင်း အိမ်အပြန် မျက်နှာပန်းလှမှာပါ။

ပွဲစဉ် (၂)ပွဲစီ ကစားပြီးချိန် နည်းပြများရဲ့ ပြောစကား

ကျနော်တို့ ဆီမီးတက်ဖို့သေချာသွားပေမယ့် လာအိုနဲ့ပွဲကို ရလဒ်ကောင်းအောင် သေချာက စားသွားမှာပါ။ ဒါမှ တစ်ဘက်အုပ်စုက ဗိုလ်ဖြစ်နိုင်မယ့် စင်္ကာပူကို ရှောင်နိုင်မှာပါ။ ဒါပေမယ့် ဆီမီးမှာ ဘယ်အသင်းနဲ့တွေ့တွေ့ အလွယ်တကူ ကစားလို့ ရမှာမဟုတ်ပါဘူး

(မြန်မာနည်းပြ မားကို့စ်ဖယ်လိုပါ)

ကျနော်တို့ အုပ်စုပွဲဦးထွက်မှာ လာအိုကိုနိုင်ခဲ့ပေမယ့် မြန်မာအသင်းကိုရှုံးလိုက်လို့ လီဆိုသိုနဲ့ပွဲ မှာ မဖြစ်မနေ အနိုင်ကစားရတော့မှာပါ။ မြန်မာနဲ့ပွဲမှာ ကျနော်တို့ ကစားပုံမညံ့ပေမယ့် စောစောစီးစီး ထိုင်းဒိုင်လူကြီးက တိုက်စစ်မှူးတစ်ယောက်ကို ထုတ်လိုက်လို့ အားနည်းသွား ပါတယ်။ ဒါပေမယ့် မြန်မာအသင်းကို ရှုံးတယ်။ ဂုဏ်ငယ်စရာ မရှိပါဘူး။ သူတို့ဟာ လက်ရှိချန်ပီယံဖြစ်သလို ဆီးဂိမ်းပွဲ (၃)၊(၄)၊(၅)ပွဲကြိမ်လောက်စီ ကစားထားတဲ့ စိုးမြတ်မင်း၊ အောင်အောင်ဦး၊ ရန်ပိုင်တို့လို ၀ါရင့်ကစားသမားတွေနဲ အရမ်းတောင့်တင်းတဲ့ အသင်းဖြစ် နေလို့ပါ။ ဒီပွဲမှာ ကျနော်တို့ဟာ လူငယ်တွေကို အခြေခံထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လီဆိုသို နဲ့ပွဲကိုတော့ သေချာ ကစားသွားမှာပါ

(မလေးအသင်းနည်းပြ ဆာသီယာနသန်)

ဘင်္ဂလားဒေ့ရှ်ကို ကျနော်တို့ အလွယ်တကူ နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် (၂)ပွဲစလုံး ဆက်တိုက်နိုင်ခဲ့လို့ ဆီမီးတက်ဖို့ အခြေအနေကောင်းသွားပါပြီ။ နောက်ဆုံး အင်ဒိုနီးရှားနဲ့ပွဲကို လည်း ကျနော်တို့ သေချကစားသွားမှာပါ။ ဒါမှ တစ်ဖက်အုပ်စုဗိုလ်ဖြစ်နိုင်မယ့် လက်ရှိချန်ပီယံ မြန်မာအသင်းကို ရှောင်နိုင်မှာပါ

(စင်္ကာပူအသင်းနည်းပြ အဘရာမိုဗစ်)

ကျနော်တို့ ဇင်ဘာဘွေနဲ့ပွဲကို အနိုင်ရမယ်လို့ ထင်ခဲ့ပေမယ့် မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့လို့ ဆီမီး တက်နိုင်ဖို့ဆိုရင် စင်္ကာပူကို နောက်ဆုံးပွဲမှာ အနိုင်ကစားရတော့မှာပါ။ ဒီပွဲဟာ သိပ်ခက်ပေ မယ့် ကျနော်တို့ မျှော်လင့်ချက် ရှိပါသေးတယ်။

(အင်ဒိုနည်းပြ အီဗန်ကိုလက်ဗ်)

အဖွင့်ပွဲမှာ စင်္ကာပူကို (၄ - ၂)နဲ့ ရှုံးခဲ့ပေမယ့် အခုအင်ဒိုနီးရှားနဲ့ပွဲမှာ ကျနော်တို့ ကောင်း ကောင်းကစားနိုင်ပြီး လိုချင်တဲ့ ရလဒ်ရခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နောက်ဆုံးကစားမယ့် ပွဲ စဉ်ကိုလည်း အနိုင်ရအောင် ကြိုးစားသွားမှာပါ

(ဇင်ဘာဘွေနည်းပြ ချစ်ဒ်ဇမ်ဂါ)