ယနေ့ဆိုလျင် ၃၉ ကြိမ်မြောက် မာဒေးကားဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ စတင်ကျင်းပတော့ မည်ဖြစ်သည်။ သို့မို့ကြောင့် ပြိုင်ပွဲဝင်အသင်းအားလုံးမှာ ယခုအချိန်ဆိုလျင် မလေးရှားနိုင်ငံတွင် ရောက်ရှိ လေ့ကျင့်နေပြီး ပြိုင်ပွဲဝင်ရန် အသင့်အနေအထား ရှိနေလောက်ပြီ ဖြစ်သည်။
မာဒေးကားသမိုင်း
မလေးရှားနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယ အချိန်တွင် သမိုင်းကြောင်းရှိသည့် မာဒေးကား ဘောလုံးကွင်း၌ အိမ်ရှင်မလေးရှားအပါအ၀င် နိုင်ငံခြားဘောလုံးအသင်း အထူးသဖြင့် နိုင်ငံ လက်ရွေးစင်အသင်းများကို ဖိတ်ခေါ်လျက် ယှဉ်ပြိုင်ကစားခဲ့သည့်မှာ နှစ်ပေါင်း အတော်ကြာပြီ ဖြစ်သည်။
ပြိုင်ပွဲသက်တမ်းမှာ ကြာနေပြီး များသောအားဖြင့် နှစ်စဉ်ကျင်းပ ပြုလုပ်လေ့ရှိသော်လည်း မကျင်းပဖြစ်သည့်နှစ်များလည်း ရှိခဲ့၏။ ယခုနှစ်ပြိုင် ၃၉ ကြိမ်မြောက် ပြိုင်ပွဲသာ ရှိနေသေး ခြင်းဖြစ်သည်။ ဟိုးယခင်က ဥရောပအသင်းအချို့နှင့် အာရှထိပ်တန်းအသင်းများကိုသာ အဓိ က ဖိတ်ခေါ်ယှဉ်ပြိုင်ခဲ့သောကြောင့် မာဒေးကားဘောလုံးပြိုင်ပွဲကို ကမ္ဘာကပင် သတိထား မိခဲ့ ကြသည်။ နောက်ပိုင်းမှသာ ပြိုင်ပွဲဝင်အသင်းများ၏ အရှိန်အ၀ါ ခြေစွမ်းအနေအထားနှင့် ပေးသည့် ဆုကြေး သိပ်မများခြင်းကြောင့် ပြိုင်ပွဲအစဉ်မှာ တဖြည်းဖြည်းမှေးမှိန်သလို ရှိခဲ့သည်။ ထို့ကြောင့် မာဒေးကားပြိုင်ပွဲကို ယခင်ကလောက် လူစိတ်မ၀င်စားမှု သိပ်မရှိခဲ့ကြတော့ ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ပြိုင်ပွဲနဲ့ ချန်ပီယံမြန်မာ
ပြီးခဲ့သည့်နှစ် ၃၈ ကြိမ်မြောက်မာဒေးကားပြိုင်ပွဲသို့ အိမ်ရှင်မလေးရှား အပါအ၀င် အာဆီယံ ထိပ်သီး ထိုင်း၊ အင်ဒိုနီးရှားနှင့် မြန်မာလက်ရွေးစင်အသင်း စုစုပေါင်း ၄ သင်းသာပါဝင်ခဲ့၍ ပြိုင် ပွဲဝင်အရေအတွက် အလွန်နည်းပါးခဲ့သည်။ ထို့ကြောင့် အုပ်စု ပတ်လည်စနစ်ဖြင့် တစ်သင်း လျင် ၃ ပွဲစီကစားရပြီး အမှတ်အများဆုံး ၂ သင်းအား ဗိုလ်လုပွဲယှဉ်ပြိုင် ကစားစေ ခဲ့ရသည်။ ထိုပြိုင်ပွဲတွင် မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ လက်ရွေးစင်အသင်းများဖြင့် ယှဉ်ပြိုင်ခဲ့ကြ သော်လည်း ထိုင်းအသင်း၌မူ လူငယ်လက်ရွေးစင်အချို့နှင့် ဖွဲ့စည်း ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရ သည်။
မြန်မာအသင်းမှာ အုပ်စုအဖွင့်ပွဲစဉ်တွင် ထိုင်းနှင့် ၂ ဂိုးစီသရေ၊ ဒုတိယပွဲစဉ်၌လည်း အင်ဒိုနီး ရှားကိုဂိုးမရှိသရေကျခဲ့သော်လည်း အုပ်စုနောက်ဆုံးပွဲစဉ်တွင် အိမ်ရှင်မလေးရှားကို၂-၀ ဖြင့် နိုင်ခဲ့၍ ဗိုလ်လုပွဲအင်ဒိုနီးရှားနှင့် ပြန်ဆုံခဲ့သည်။ ဗိုလ်လုပွဲတွင်အင်ဒိုနီးရှားကို ၂-၁ ဖြင့် နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့သည်။ ထိုသို့ဗိုလ်စွဲနိုင်ခြင်းမှာ တစ်ဖက်အသင်းများကို ခပ်မာမာ ခပ်ရဲရဲ တုန့်ပြန် ကစားနိုင်ခဲ့ခြင်း၊ မြန်မာကစားသမားများ၏ စိတ်ဓာတ်နှင့် ကြိုးစားမှုကောင်းခြင်းကြောင့် ဖြစ် ခြင်းနှင့် တစ်ဘက်အသင်းတိုက်စစ်ကို စနစ်တကျခု ခံကာကွယ်မှု ကောင်းခြင်းများကြောင့် အ ပြင် ကံကြမ္မာလေးမမှုလည်း ရရှိခဲ့၍ဖြစ်သည့်အပြင် မြန်မာဂိုးသမား အောင်အောင်ဦး ကောင်းလွန်း၍လည်းဖြစ်သည်။
အောင်အောင်ဦးသည် ပြိုင်ပွဲတစ်လျှောက်တွင် တစ်ဘက်အသင်း၏ သေချာပေါက် ဂိုးသွင်း ချက် ၁၀ ကြိမ်ခန့်ကို အံ့သြလောက်အောင်လက်စွမ်းပြ ကာကွယ်ပေးခဲ့ခြင်းကြောင့် မြန်မာအ သင်း ဗိုလ်စွဲခဲ့ရာတွင် အဓိက အကျဆုံးကစားသမားဟုပင် ချီးကျူးသတ်မှတ်ရပါမည်။ မည်သို့ ဆိုစေ မြန်မာနည်းပြဆရာများ ဦးဆန်းဝင်းနှင့် ဦးကြည်လွင်နှင့် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲ တစ်ခုတွင် ဗိုလ်စွဲခဲ့ခြင်း ဖြစ်၍လည်း ချီးကျူး ဂုဏ်ပြုရပါမည်။
(၄)ကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်
ပြီးခဲ့သည့်မာဒေကားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ခြင်းကြောင့် မြန်မာအသင်းအနေဖြင့် မာဒေးကားပြိုင်ပွဲ သမိုင်းတစ်လျှေက်တွင် ၄ ကြိမ်မြောက်ဗိုလ်စွဲခြင်းလည်းဖြစ်သည်။ ယခင် က ၁၉၆၄၊ ၁၉၆၇ (ကိုရီးယားနှင့်ပူးတွဲ)၊ ၁၉၇၁ ၌ သုံးကြမ် ဗိုလ်စွဲခဲ့ခြင်းကြောင့်ဖြစ်သည်။ ၂၀၀၆ခုနှစ်မာ ဒေးကားပြိုင်ပွဲတွင် ဗိုလ်စွဲခြင်းကပို၍ ၀မ်းမြောက် ဂုဏ်ယူစရာဖြစ်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် မြန်မာဘောလုံးသမိုင်းတွင် နိုင်ငံတကာဘောလုံးပြိုင်ပွဲ(လက်ရွေးစင်အဆင့်) တွင် ချန်ပီယံမဖြစ်ခဲ့သည်မှာ ၃၅ နှစ် ကျော်ခဲ့ပြီးမှ ပြန်ဗိုလ်စွဲခဲ့၍ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲ
ယခုနှစ်မာဒေးကားပွဲမှာ မနှစ်ကထက်ပြိုင်ပွဲဝင်အရေအတွက် ၂ ဆတိုးလာပြီး အရှေ့အာရှနှင့် အာဖရိကအသင်းများပါလာခြင်းမှာ ထူးခြားမှုဖြစ်သည်။ သို့သော် အာဆီယံ ထိပ်သီးထိုင်းနှင့် ဗီယက်နမ်အသင်းများ မပါဝင်ခြင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားအသင်းများမှာလည်း ယူ-၂၃ အသင်းများဖြင့် ယှဉ်ပြိုင်မှာဖြစ်ခြင်း၊ အာဖရိကမှ ဇင်ဘာဘွေ၊ ယူဂန်ဒါနှင့် လီဆိုသိုတို့မှာ လည်း ဖီဖာအဆင့်သတ်မှတ်ချက်နိမ့်သော သာမန်အသင်းများသာ ဖြစ်နေခြင်းများအပြင် ဆုကြေးမှာလည်း မနှစ်ကအတိုင်းပင် ချန်ပီယံအသင်း အမေရိကန်ဒေါ်လာ ၁၀၀၀၀၊ ဒုတိယ ဒေါ်လာ ၅၀၀၀ သာဖြစ်၍ မက်မောစရာသိပ်မရှိခြင်းတို့ကြောင့် ယခုပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အသင်း များအတွက် ရင်ခုန်စရာသိပ်မရှိပေ။ ထို့ ကြောင့်ပင် ထိုင်းနှင့် ဗီယက်နမ်အသင်းများ လာမပြိုင်ကြခြင်းဖြစ်နိုင်သည်။ ထိုးဘုရင့်ဖလားပွဲ၏ ချန်ပီယံဆုကြေးမှာ အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ ခန့်ရှိပြီး ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ၏ ဆုကြေးမှာလည်းဒေါ်လာ ၁၀၀၀၀၀ ကျော် လောက်ရှိသည်။ မြန်မာနိုင်ငံတွင် နှစ်ကြိမ်ကျင်းပခဲ့ပြီးသော Grand Royal Challenge Cup ပြိုင်ပွဲ ဆုကြေးကပင် ဒေါ်လာ ၁၅၀၀၀ ရှိသည် မဟုတ်ပါလား။
မြန်မာအသင်းအတွက်တော့ အရေးပါ
မည်သို့ဆိုစေ ယခုနှစ်မှာမာဒေးကားပြိုင်ပွဲမှာ မြန်မာအသင်းအတွက်တော့ အရေးပါသော ပြိုင်ပွဲတစ်ခုဖြစ်သည်။ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ရမည့် အနေအထားကြောင့် အပြင် ၂၀၀၇ ဆီးဂိမ်းပြိုင်ပွဲအတွက်လည်း ယခုပြိုင်ပွဲက အလွန်အကျိုးရှိသော ကြိုတင်ပြင်ဆင်မှုနှင့် အတွေ့အကြုံကောင်းများရရှိမည် မဟုတ်ပါလား။ ယခုမြန်မာ့လက်ရွေးစင်အသင်းကြီးတွင် ဆီး ဂိမ်းယူ-၂၃ ကန့်သတ်ချက်မီသေးသော ကစားသမားတစ်ဝက်ခန့် ပါနေခြင်းကြောင့်ပင် မြန်မာအသင်းကိုကိုင်တွယ်နေသော နာမည်ကြီး ဘရာဇီးနည်းပြ မားကို့စ်အန်တိုနီယိုဖယ်လိုပါ၏ အရည်အချင်းကိုလည်း စမ်းသပ်ခံရမည့်ပွဲဖြစ်သည် ။
ပြိုင်ပွဲဝင်အသင်းများ အနေအထား
အုပ်စု (A) တွင် အိမ်ရှင်မလေးရှား၊ လက်ရှိချန်ပီယံမြန်မာ၊ လာအို နှင့်လီဆိုသိုတို့ပါပြီး အုပ်စု (B)တွင် စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဇင်ဘာဘွေနှင့် ယူဂန်ဒါပါသည်။ ပြိုင်ဘက်တစ်သင်းချင်း၏ အနေအထားကို နောက်ဆုံးရောက်ရှိသော သတင်းအချက်အလက်များပေါ် အခြေခံ၍ သုံးသပ် တင်ပြရလျှင် -
မလေးရှား - ယခုပြိုင်ပွဲတွင် ယူ-၂၃အသင်းဖြင့်သာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်\သော်လည်း ပြိုင်ပွဲမ တိုင်မီ ဆလိုဗက်ကီးယားနိုင်ငံသို့ ၃ ပါတ်ခန့်သွားရောက်လေ့ကျင့်ပြီး ဆလိုဗက်ကလပ်အ သင်းများဖြင့် ခြေစမ်းပွဲ ၃ ပွဲကစားခဲ့ရာ၂ ပွဲသရေကျပြီး ၁ ပွဲရှုံးခဲ့သော်လည်း အတွေ့အကြုံ ကောင်းများစွာရရှိခဲ့သည်။
မလေးရှားယူ-၂၃ အသင်း၏ နည်းပြ ဆာသီယာနသန်မှာ ယမန်နှစ်က ဂရင်းရွိုင်ရယ် ဖိတ်ခေါ် ပြိုင်ပွဲတွင် မလေးရှားယူ-၂၁ ကို ကိုင်တွယ်ခဲ့သည့် နည်းပြဖြစ်ပြီး ယခု အသင်းသားအများ စုမှာလည်း အသင်းမှကစားသမားများဖြစ်၍ မြန်မာအသင်းနှင့် သိပ်မစိမ်းလှပေ။ မြန်မာကစား သမားများ၏ အနေအထားကိုလည်း ဆာသီယာနသန်က သိနေသည့်အပြင် အိမ်ရှင်အသင်း လည်းဖြစ်၍ သတိတော့ထားရပေမည်။
လီဆိုသို- လက်ရှိ ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၄၃ ရှိ၍ မြန်မာအသင်းထက်တော့ အ ဆင့်နည်းနည်းသာနေသည်။အာဖရိကအသင်းဖြစ်၍ တစ်ဦးချင်းပါကောင်းပြီး မာကျောမှုရှိနိုင် သည်။ ပြီးခဲ့သည့်ဇူလိုင်လအတွင်းက အာဖရိကတောင်ပိုင်း ဘောလုံးအဖွဲ့ချုပ်ဖလား ဘော လုံးပြိုင်ပွဲဝင်ကစားထားခဲ့ပြီး ယူဂန်ဒါအသင်းနှင့် ဂိုးမရှိသရေကျပြီး အန်ဂိုလာကို ၀-၂၊နမ်ဘီး ယားကို ၃-၂ ဖြင့် ရှုံးထားပြီး ယခုပြိုင်ပွဲမလာခင် အာဖရိက ၂သင်းနှင့် ခြေစမ်း ကစားခဲ့ သေး ကြောင်းသိရသည်။ မည်သို့ဆိုစေ မြန်မာအသင်းနှင့် တစ်ကြိမ်မှ မဆုံဖူးသေးသော အသင်း ဖြစ်၍ သတိတော့ထားရမည်။
လာအို - မြန်မာအသင်း ငယ်နိုင်ဖြစ်သော်လည်း ယခုနောက်ပိုင်းတွင်လာအိုအသင်း သိသိ သာသာ တိုးတက်လာပြီး၊ အလွယ်တကူနိုင်ဖို့ မဖြစ်နိုင်တော့ပေ။ လက်ရှိလာအိုကို တာဝန်ယူ မည့်သူမှာ ရုရှားနည်းပြ Valeri Vdovinဖြစ်သည်။ ရုရှားနည်းပြ Vdovin မှာ လာအိုအသင်းကို တစ်ကျော့ပြန်တာဝန်ယူခဲ့သည်မှာ ရက်ပိုင်းသာရှိသေးသော်လည်း ယခင် ၂၀၀၄ မှ ၂၀၀၆ နှစ်
ဆန်းပိုင်းထိ တာဝန်ယူခဲ့ဖူးသူ ဖြစ်သည့်အပြင် ပြီးခဲ့သည့် ၂၀၀၅ ဆီးဂိမ်းတွင်လည်း မြန်မာ အသင်းကို အုပ်စုပွဲစဉ်၌ ၃-၂ ဖြင့် အနိုင်ရအောင် စွမ်းဆောာင်ပေးခဲ့သူဖြစ်၍ လာအို အသင်းကိုလည်း လုံးဝလျော့တွက်၍မရပေ။
စင်္ကာပူ - နာမည်ကြီးနည်းပြ အဘရာမိုဝစ်ကိုင်တွယ်နေသော စင်္ကာပူအသင်းမှာ တစ်ဦးချင်း ရော နည်းစနစ်ပိုင်းပါ ကျွမ်းကျင်ကောင်းမွန်သောအသင်းဖြစ်သည့်အပြင် တစ်ဘက်အသင်းကို နည်းဗျူဟာကျကျ အသာစီးရအောင် ကစားတတ်သည့် အသင်းဖြစ်၍ အထူးသတိထား ရမည့်အသင်းပင်။ ပြီးခဲ့သည့် ဇန်န၀ါရီလက ကျင်းပခဲ့သည့် အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲတွင် ဗိုလ်စွဲထားသည့် အသင်းမှလူဟောင်းကစားသမားအများစုကို အခြေခံဖွဲ့စည်းထားခြင်းကြောင့် တောင့်တင်းမှုရှိမှာလည်း သေခြာသည်။
အင်ဒိုနီးရှား - ပြီးခဲ့သည့်အာရှဖလားပွဲတွင် ပူးတွဲအိမ်ရှင်လုပ်ခဲ့ပြီး ဘာရိန်းလိုအသင်းကို ၂-၁ နဲ့နိုင်ပြီး၊ ဆော်ဒီ၊ ကိုရီးယားအသင်းကြီးတွေကို ကပ်ရှုံးခဲ့သည်။ အင်ဒိုနီးရှားလက်ရွေးစင် အ သင်းကြီးမှ ကစားသမား ၆ ဦးခန့် ပါဝင်လာမည်ဖြစ်၍ အင်ဒိုယူ-၂၃ အသင်းကို လည်း သတိ ထားရပါမည်။ အင်ဒိုနီးရှားပရိုလိဂ်တွင် ခြေစွမ်းပြနေသော ကစားသမားအများစု ပါဝင်လာမည် ဖြစ်၍ခြေစွမ်းနှင့် ကစားပုံကောင်းမွန်မှာသေခြာပြီး ယခုအသင်းကို မြန်မာနည်းပြဟောင်းအီဗန် ကိုလတ်သာ ကိုင်တွယ်ခဲ့ပါက ပို၍သတိထားရပါမည်။
ဇင်ဘာဘွေ - လက်ရှိ ဖီဖာအဆင့်သတ်မှတ်ချက် ၉၆ ရှိ ယခုပြိုင်ပွဲဝင်အသင်းများထဲတွင် အဆင့်မြင့်ဆုံးဖြစ်သည်။ ၂၀၀၀၊ ၂၀၀၃နှင့် ၂၀၀၅ ခုနှစ်များ၌ အာဖရိက တောင်ပိုင်း ဘောလုံး အဖွဲ့ချုပ်ဖလားပြိုင်ပွဲချန်ပီယံ ဖြစ်ခဲ့ပြီး ဥရောပလိဂ်အသင်းအချို့တွင် ကစားနေသော အဖရိက ဘောလုံးသမားများ ပါဝင်လာမည်ဖြစ်၍ အသင်းလိုက် မာကျောတောင့်တင်းသော အသင်းဖြစ် သည်။ လက်ရှိအနေအထားအရ အုပ်စု (B) ကနေ ဆီမီးတက်လာနိုင်သည်။
ဘင်္ဂလားဒေ့ခ်ျ - အိန္ဒိယနိုင်ငံတွင် ကျင်းပနေသော ONGC ဖလားပြိုင်ပွဲကိုလည်း သွားရောက် ယှဉ်ပြိုင်နေသောကြောင့် ယခုမာဒေးကားပြိုင်ပွဲတွင် လူငယ် (သို့) (B) အသင်းသာလာ ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည်ဟုသိရသည်။ လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက်ကလည်း ၁၇၂ ရှိနေ၍ အုပ်စု (B) တွင် အားအနည်းဆုံးဖြစ်သည်။
မြန်မာအသင်းအနေအထားနဲ့ အလားအလာ
လက်ရှိချန်ပီယံမြန်မာအသင်းမှာ ဘရာဇီးနည်းပြမားကို့စ် တာဝန်ယူနေ၍ နည်းစနစ်နှင့် ကစားပုံပိုင်း အတော် တိုးတက်လာသော်လည်း ပြိုင်ပွဲအကြိုကာလတွင် ပြည်တွင်းကလပ်အသင်း များနှင့်သာခြေစမ်း ကစားခဲ့ရခြင်းကြောင့် ခြေမှန်ကိုမှန်းရခက်နေသေးသည်။
ပြည်တွင်းကလပ်များနှင့် ၁၀ ပွဲကစားခဲ့ပြီး သစ်တောအသင်းကိုသာ ၁-၀ နဲ့ ရှုံးကာကျန် ၉ ပွဲစလုံး နိုင်ခဲ့သည်။ယမန်နှစ်က ဗိုလ်စွဲခဲ့သောအသင်းမှ ၉ ဦးပြန်ပါလာပြီး၊ လက်ရွေးစင် ဟောင်းကျော်ခိုင်ဝင်း၊ ဟန်ဝင်းအောင်၊ ထွန်းထွန်းဝင်း၊ ကျော်ဇင်ထက်၊သူရအောင်၊ ရာဇာ ၀င်းသိန်းတို့နှင့် ၂၀၀၆-၀၇ မြန်မာလိဂ်ဂိုးသွင်းဘုရင် စွမ်းအင်အသင်းမှ တိုက်စစ်မှူး အောင် ကျော်မျိုးတို့ကို အားဖြည့်ရွေးချယ်ထားသည်။ မူလကမြန်မာအသင်း တိုက်စစ်တွင် စိုးမြတ်မင်း၊ ရန်ပိုင်နှင့် စည်သူသန်းတို့ပါသော်လည်း ဘရာဇီးနည်းပြက ပူပူနွေးနွေး အာဆီယံ ယူ-၂၀ ပြိုင်ပွဲကစားခဲ့သော အောင်ကျော်မျိုးကို စည်သူသန်းနေရာတွင် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
မြန်မာအသင်း၏ First Line-up ဂိုးအောင်အောင်ဦးမင်းသူ ၊ ကျော်ခိုင်ဝင်း၊ ဇော်လင်းထွန်း-၂၊ ခင်မောင်လွင် ၊ရာဇာဝင်းသိန်း၊ ဇော်ထက်အောင်၊ မိုးဝင်း၊ မျိုးမင်းထွန်း၊ စိုးမြတ်မင်း ၊ရန်ပိုင် ဘရာဇီးနည်းပြ လက်ထက်တွင် မြန်မာအသင်းဘောလုံးအထိန်းအသိမ်းနှင့် အတွဲလိုက် ကစား ပုံကောင်းလာပြီး ကစားအားနည်းနည်းတက်လာသော်လည်း တည်ငြိမ်မှုအပိုင်းနှင့် နည်းပရိ ယယ်ပိုင်းတွင် လိုအပ်ချက်ရှိနေသေးသည်။ တောင်ပံမှ တိုက်စစ်ဆင်ကစားတာများ၍ အမြင့် ဘောကာကွယ်မှုကောင်းသော၊ ကောင်းတဲ့မြန်သောအသင်းမျိုးနှင့်တွေ့လျှင် အခက် တွေ့နိုင် သည်။ တောင်ပံအားပြုကစားလွန်း၍ မျိုးမင်းထွန်းနှင့် ရာဇာဝင်းသိန်းတို့ ခြေပျက်သွား လျှင်(သို့) နာသွားလျင် မြန်မာအသင်းတိုက်စစ်ပိုင်း အားနည်းသွားနိုင်သည်။ တစ်ဖက် အသင်း က `ဆွ´ ပြီးကစားခဲ့လျင်လည်း မြန်မာကစားသမားများ တည်တည်ငြိမ် ငြိမ်ဖြင့် တုန့်ပြန်က စားနိုင်ဖို့ လိုသေးသည်။ လက်ရှိချန်ပီယံဆိုသည့် ဖိအားကလည်း ရှိနေနိုင်သည် မဟုတ် ပါလား။
အုပ်စု (A) အနေအထားအရ မြန်မာအသင်းအတွက် အုပ်စုချောင်သည်ဟု ၏ဆိုရမည်ဖြစ် သော်လည်း ပွဲဦးထွက်တွင် မျက်နှာသစ် လီဆိုသိုကို သတိထာပြီး ကစားနိုင်ဖို့လိုသည်။ ယင်းပွဲရလာဒ်ကောင်းမှသာ နောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက်ရှိနိုင်သည်။ လက်ရှိ အုပ်စု တွင်းပြိုင်ဘက် ၃ သင်းစလုံး၏အနေအထားအရ မြန်မာအသင်းသာ ခြေမှန်ရအောင် တည် တည်ငြိမ်ငြိမ်ကစားနိုင်လျှင် အနည်းဆုံးအုပ်စု ဒုတိယနှင့်တော့ ဆီမီးဖိုင်နယ် တက်လာနိုင် သည်။ ဆီမီးဖိုင်နယ်ရောက်လျှင်တော့ ခြေစွမ်း၊ စိတ်ဓာတ်အပြင် ကံ့ကြမ္မာပါ ကောင်းမှသာ အခြေအနေကောင်းနိုင်ပါမည်။ ထပ်ဆင့် ဗိုလ်စွဲဖို့တော့ တော်တော်ခက်လိမ့်မည်ဟု ထင်သည်။
အုပ်စုနဲ့ ပွဲစဉ်ဇယား
| အုပ်စု (A) |
အုပ်စု (B) |
| မြန်မာ၊ မလေးရှား၊ လာအို၊ လီဆိုသို |
စကာင်္ပူ၊ အင်ဒို၊ ဇင်ဘာဘွေ၊ ဘင်္ဂလားဒေ့ရှ် |
| ၂၀ သြဂုတ် ၀၇ |
၂၁ သြဂုတ် ၀၇ |
| မြန်မာ - လီဆိုသို |
စင်္ကာပူ - ဇင်ဘာဘွေ |
| မလေးရှား - လာအို |
ဘင်္ဂလားဒေ့ရှ် - အင်ဒိုနီးရှား |
| ၂၂ သြဂုတ် ၀၇ |
၂၃ သြဂုတ် ၀၇ |
| လီဆိုသို - လာအို |
စင်္ကာပူ - ဘင်္ဂလားဒေ့ရှ် |
| မလေးရှား - မြန်မာ |
အင်ဒို - ဇင်ဘာဘွေ |
| ၂၅ သြဂုတ် ၀၇ |
| မလေးရှား - လီဆိုသို |
စင်္ကာပူ - အင်ဒို |
| မြန်မာ - လာအို |
ဘင်္ဂလားဒေ့ရှ် - ဇင်ဘာဘွေ |
| ၂၇ သြဂုတ် ၀၇ |
| ဆီမီးဖိုင်နယ် (၁) အုပ်စု (A) ပထမနဲ့ အုပ်စု (B) ဒုတိယ |
| ဆီမီးဖိုင်နယ် (၂) အုပ်စု (B) ပထမနဲ့ အုပ်စု (A) ဒုတိယ |
| ၂၉ သြဂုတ် ၀၇ |
| ဗိုလ်လုပွဲ |
|