DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 

တင်းနစ်

ဝင်ဘယ်ဒန် ဗိုလ်လုပွဲမှာ ဖာဒါရာက နာဒယ်ကို ခက်ခက်ခဲခဲ အနိုင်ယူပြီး (၅)ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်
အေဂျင်စီသတင်းများ - ဇူလိုင် ၉၊ ၂၀၀၇

ရော်ဂျာ ဖာဒါရာဟာ ယမန်နေ့က ၀င်ဘယ်ဒန်ဗိုလ်လုပွဲမှာ ရာဖယ် နာဒယ်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင် အနိုင်ယူပြီး (၅)ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့နံပါတ်တစ်ဟာ စပိန်သား နာဒယ်ကို ပွဲပြည့်ကစားပြီး (၇ - ၆)၊ (၄ - ၆)၊ (၇ - ၆)၊ (၂ -၆)၊ (၆ - ၂)နဲ့ အနိုင်ယူခဲ့ပါတယ်။ ပွဲကစားချိန်ဟာ (၃)နာရီနဲ့ (၄၅)မိနစ်အထိ ကြာမြင်ခဲ့ ပါတယ်။

ဖာဒါရာဟာ ပထမပွဲ (၃)ပွဲမှာ (၂)ပွဲနိုင် (၁)ရှုံးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် (၄)ပွဲမြောက်မှာတော့ နာဒယ်ကို ပွဲပြတ်နဲ့ ရှုံးခဲ့ပါတယ်။ နောက်ဆုံး အဆုံးအဖြတ်ပွဲမှာ သူဟာ ဦးဆောင်ခွင့်ရပြီး ပွဲအပြီး အနိုင်ရချိန်မှာတော့ ၀မ်းသာလွန်းတဲ့အတွက် မျက်နှာကို လက်နဲ့အုပ်ကာ မြေပြင်ပေါ် ကို လဲချခဲ့ပါတယ်။

“လူတိုင်းက ရှယ်တွေချည်းပါပဲ။ ဗိုလ်လုပွဲမှာ ရာဖယ်လို ချန်ပီယံမျိုးနဲ့ ကစားရတာဟာ ဘီဂျို ရန်ရဲ့ စံချိန်ထက် ပိုမလား မပြောနိုင်ပါဘူး” လို့ ဆွစ်သားက ပြောပါတယ်။

“နာဒယ်ဟာ ထူးချွန်တဲ့ ကစားသမား ဖြစ်ပါတယ်။ သူဟာ အရင်ကတည်းက ဒီချန်ပီယံ ဆုရ ဖို့အတွက် နီးစပ်နေတဲ့ လူဖြစ်ပါတယ်။ ဒါကြောင့် သူ အနိုင်မရခင် ကျနော် အခုရတဲ့ အတွက် လူတိုင်းနဲ့အတူ ပျော်ပါတယ်။ ကျနော် ဒီနေ့ ကံကောင်းတဲ့ လူဖြစ်ပါတယ်”

ပွဲစဉ်တလျှောက်မှာ ဖာဒါရာဟာ စပေးဘောကနေ အမှတ်အများဆုံး ယူနိုင်ခဲ့ပေမယ့် (၄)ပွဲ မြောက်မှာ အမှားအယွင်းများခဲ့ပြီး ပွဲပြတ်နဲ့ ရှုံးခဲ့ပါတယ်။ နာဒယ်ဟာ ချန်ပီယံကို ရိုက်ချက် အတိုတွေနဲ့ အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ယခုချန်ပီယံဆုဟာ ဆွစ်သား ဖာဒါရာအတွက် (၅)ကြိမ်မြောက်ဖြစ်တဲ့အတွက် ယခင်က ဘီဂျိုရန် ဘော့ချပ်တင်ထားတဲ့ စံချိန်နဲ့ တူညီသွားပြီး ဖြစ်ပါတယ်။ ဒီဆုဟာ သူ့အတွက် (၁၁)ခု မြောက် ဂရင်းစလင်းဆုလည်း ဖြစ်ပါတယ်။

သူဟာ အသက် (၂၃)နှစ်ရှိ ကမ္ဘာ့နံပါတ် (၂) နာဒယ်ဟာ ပြင်သစ်အိုးပင်းဗိုလ်လုပွဲမှာတုန်းက ရှုံးထားတဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ၀င်ဘယ်ဒန် ချန်ပီယံဆုကို ၂၀၀၃ကနေ ၂၀၀၇ အထိ နှစ်တိုင်း ဆက်တိုက် ရရှိခဲ့ပါတယ်။


ဝမ်းသာလွန်းတဲ့ ဖာဒါရာ ကွင်းပေါ်ကို လဲချပြီး မျက်နှာကို လက်နဲ့အုပ် ငိုကြွေးနေစဉ်