DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ဝင်ဘယ်ဒန် ဗိုလ်လုပွဲမှာ ဂျက်စတင် ဟင်နင်နဲ့ ဗီးနပ်စ် ၀ီလျံတို့ တွေ့ဆုံဖို့ ရေပန်းစားနေ
အေဂျင်စီသတင်းများ - ဇူလိုင် ၆၊ ၂၀၀၇

ကမ္ဘာ့အဆင့်တစ် ဂျက်စတင် ဟင်နင်နဲ့ (၃)ကြိမ်ချန်ပီယံဖြစ်ဖူးတဲ့ ဗီးနပ်စ် ၀ီလျံတို့ဟာ ယနေ့ ကစားမယ့် ၀င်ဘယ်ဒန် ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ အနိုင်ရပြီး ဗိုလ်လုပွဲမှာ တွေ့ဆုံဖို့ ရေပန်းစား နေပါတယ်။

ဘယ်ဂျီယမ်သူ ဟင်နင်ဟာ ဆီးမီးဖိုင်နယ်မှာ ဆီဒင် (၁၈)ဖြစ်တဲ့ ပြင်သစ်က ဘာတိုလီနဲ့ တွေ့ မှာဖြစ်ပြီး အမေရိကန်သူ ဗီးနပ်စ် ၀ီလျံက ဆီဒင် (၆)ဖြစ်တဲ့ ဆားဘီးယားက အီဗန်နိုဗစ်နဲ့ ယှဉ် ပြိုင်ရမှာ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ဆီဒင် (၄)ဖြစ်တဲ့ မာရီရက်စ်မိုက စတုတ္ထအကျော့မှာ ချက်က ဆီဒင် (၁၄)ဖြစ် တဲ့ ဘိုင်ဒီဆိုဗာကို (၇ - ၆)၊ ( ၄ - ၆)၊ ( ၆ - ၁)နဲ့ ရှုံးပြီး ပြိုင်ပွဲကနေ စောစေားစီးစီး ထွက်ခဲ့ ရပါတယ်။

ဗီးနပ်စ် ၀ီလျံဟာ စတုတ္ထအကျော့မှာ ရှာရာဗိုရာကို (၆ - ၁)၊ (၆ - ၃)၊ ကွာတားဖိုင်နယ်မှာ ကက်ဇ်နပ်ဆိုဗာကို (၆ - ၃)၊ (၆ - ၄)နဲ့ နိုင်ပြီး ဟင်နင်က ကွာတားမှာ စရီနာ ၀ီလျံကို ( ၆ - ၄)၊ ( ၃ - ၆)၊ (၆ - ၃)နဲ့ နိုင်ပြီး ဆီမီးကို တက်လာခြင်း ဖြစ်ပါတယ်။

ဟင်နင်က “စာမျက်နှာတွေပေါ်မှာ ကျမ ဗိုလ်စွဲဖို့ ရေပန်းစားနေပေမယ့် နောက်ထပ် ဇာတ် လမ်း တမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါတွေ ပြောဖို့စောသေးပြီး လုပ်စရာတွေ အများကြီး ရှိပါသေးတယ်” လို့ ပြောပါတယ်။

ပြင်သစ်သူ ဘာတိုလီက “နာမည်ကြီး ကစားသမားတွေနဲ့ ကစားရတာကို ကျမ မကြောက် ပါဘူး။ အခုလို ၀င်ဘယ်ဒန်ရဲ့ ဗဟိုကွင်းမှာ ပထမဆုံးအကြိမ် ကစားရတဲ့အတွက် အရမ်းဝမ်း သာပါတယ်” လို့ ပြောပါတယ်။

အမျိုးသားတစ်ဦးချင်းမှာတော့ ရော်ဂျာ ဖာဒါရာ၊ ရာဖယ်နာဒယ်နဲ့ အင်ဒီရော့ဒစ်တို့ဟာ ကွာ တားဖိုင်နယ် ပွဲစဉ်မှာပဲ ရှိနေပါသေးတယ်။

ယမန်နေ့က ကစားခဲ့တဲ့ ရော်ဂျာဖာဒါရာနဲ့ ဆီဒင် (၂၀)ဖြစ်တဲ့ ဂျုအန် ကားလို့စ် ဖာရာရိုတို့ရဲ့ ကွာတားပွဲစဉ်ဟာ မိုးရွာခဲ့လို့ ပထမပွဲစဉ် (၅ - ၅)နဲ့ ရပ်တန့်ခဲ့ရပါတယ်။

ယနေ့ ဆက်ကစားမယ့် ကွာတားပွဲစဉ်တွေမှာ အင်ဒီရော့ဒစ်နဲ့ ရစ်ချပ် ဂတ်စ်ကွတ် (ပြင်သစ်)၊ ဖာဒါရာနဲ့ ဖာရာရို၊ နာဒယ်နဲ့ ဘာဒိုက်ခ်ျ (ချက်)၊ ဘက်ဒါတစ် (ဆီဒင် ၁၀၊ ဆိုက်ပရစ်စ်)နဲ့ ဆီဒင် (၄) ဒီဂျိုကိုဗစ် (ဆာဘီးယား) တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဝင်ဘယ်ဒန်အိုးပင်းတင်းနစ်ပြိုင်ပွဲဟာ ဇွန် (၂၅)ရက်နေ့မှာ စတင်ခဲ့ပြီး ဇူလိုင် (၈)ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မာရီရက်စ်မိုဖြစ်ပြီး အမျိုးသားတစ်ဦးချင်းမှာတော့ ဖာဒါရာ ဖြစ်ပါတယ်။

အမျိုးသားနဲ့ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွေမှာ အနိုင်ရဗိုလ်စွဲတဲ့သူက ပေါင် (၇၀၀,၀၀၀) သိန်း (ဒေါ်လာ ၁.၃၉၆,၅၃၅ သန်း) ရရှိမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲစဉ်တစ်ခုလုံးအတွက် သတ် မှတ်ထားတဲ့ ဆုကြေးငွေဟာ ပေါင် သန်း (၁၁,၂၈၂,၇၁၀) ဖြစ်ပြီး ယမန်နှစ်ပြိုင်ပွဲ ဆု ကြေးငွေထက် (၉)ရာခိုင်နူန်း မြင့်တက်ခဲ့ပါတယ်။


ကွာတားဖိုင်နယ်ပွဲစဉ်က ဗီးနပ်စ် ၀ီလျံရဲ့ ရိုက်ဟန်