အီရတ်အသင်းဟာ ယမန်နေ့က ဂျာကာတာမှာ ကစားခဲ့တဲ့ အာရှဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဆော်ဒီအသင်းကို (၁)ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ပထမဆုံးအကြိမ် ချန်ပီယံ ဖြစ်သွားပါတယ်။
အာရှချန်ပီယံဖြစ်စေတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို အီရတ်အသင်းခေါင်းဆောင် ယူနက်စ် မာဟွတ်က (၇၃)မိနစ်မှာ ဟာဝါ မူလာ မိုဟာမက်ရဲ့ ညထောင့်ကန် ဘောကနေ တဆင့် လွတ် လွတ်ကျွတ်ကျွတ်ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။
ပြိုင်ပွဲတလျှောက် ခြေစွမ်းထက်နေပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ ဆော်ဒီဟာ အီရတ် အသင်းရဲ့ အနိုင်ရလိုစိတ် ပြင်းထန်တဲ့မှုနဲ့ ဖိဖိစီးစီးကစားခဲ့မှုကြောင့် အရှုံးပေးခဲ့ရခြင်း ဖြစ် ပါတယ်။
ပွဲအပြီးမှာ အီရတ်ရဲ့ ဘရာဇီးနည်းပြ ဂျိုဗန် ဗီအီရာက “ဒါဟာ သာမန် ဘောလုံးပြိုင်ပွဲတစ်ပွဲ မဟုတ်ပါဘူး။ နောက်ပြီး ဘောလုံးပွဲထက် ပိုပြီး အရေးကြီးပါတယ်” လို့ သတင်းစာရှင်း လင်းပွဲ တစ်ခုမှာ ပြောပါတယ်။
“ဒီအောင်မြင်မှုက တတိုင်းပြည်လုံးကို အကြီးအကျယ် ပျော်ရွှင်စေပါတယ်။ ဒါဟာ အသင်း ကြောင့် မဟုတ်ပါဘူး။ ဒါဟာ လူသားဆန်မှုကြောင့် ဖြစ်ပါတယ်”
အီရတ်အသင်းဟာ ပွဲစဉ်အတွင်းမှာ ပိုမိုထိုးဖောက်ခွင့်ရခဲ့သလို ဂိုးသွင်းခွင့် အကြိမ်အရေ လည်း ဆော်ဒီထက် ပိုခဲ့ပါတယ်။ ဂိုးသမား ရက်ဆာအယ် မိုဆိုင်လင် ကာကွယ်နိုင်ခဲ့လိုသာ အီရတ်ကို ဆော်ဒီတို့ ဂိုးပြတ်နဲ့ မရှုံးခဲ့ခြင်း ဖြစ်ပါတယ်။
ဆော်ဒီအသင်းဟာ ပြိုင်ပွဲတလျှောက်မှာ သွင်းဂိုး (၁၂)ဂိုးနဲ့ ဂိုးသွင်းအများဆုံး အသင်း အနေနဲ့ ဗိုလ်လုပွဲကို တက်ရောက်လာခဲ့ပေမယ့် ကျစ်ကျစ်လစ် လစ်နဲ့ စုပြံပြီး ခံကစားတဲ့ အီရတ်နောက် တန်းကို ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့ပါဘူး။ အီရတ်အသင်းဟာ ကစားခဲ့တဲ့ စုစုပေါင်း (၆)ပွဲမှာ ပေးဂိုး (၂)ဂိုးသာ ရှိပါတယ်။
ဆော်ဒီနည်းပြ ဟီလီရို စီဇာဒေါ့စ် အန်ဂျိုစ်က “ဒီနေ့ အနိုင်ဟာ အီရတ်အသင်းနဲ့ ထိုက်တန် ပါတယ်။ သူတို့ အရမ်း အင်တိုက်အားတိုက် ကစားခဲ့ပါတယ်။ တကမ္ဘာလုံး ကလည်း သူတို့ အသင်းကို ထောက်ခံနေတာကို ကျနော်တို့ သိပါတယ်” လို့ ချီးကျုး ပါတယ်။
အီရတ်အသင်းဟာ အချန်ပိုမိနစ်တွေမှာ ဆော်ဒီတိုက်စစ်မှူး မာလက်ရဲ့ အနီးကပ်ခေါင်း တိုက်သွင်းဂိုးနဲ့ ကြုံခဲ့ရပေမယ့် ဂိုးတိုင်ကျော်သွားလို့ အချိန်ပို မဆက်ခဲ့ရခြင်း ဖြစ်ပါတယ်။
ယင်းပွဲမှာ နှစ်သင်းစလုံး လျင်လျင်မြန်မြန် ကစားရှိန်မြှင့် ကစားခဲ့ကြပြီး အီရတ်ဟာ ဆော်ဒီ ကို သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပါတယ်။ အီရတ်အသင်းက တိုက်စစ်မှူးတွေ ဖြစ်တဲ့ ယူနက်စ်နဲ့ ကာတာတို့ဟာ ဆော်ဒီနောက်တန်းကို အကြိမ်ကြိမ် ထိုးဖောက်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ကျောနံပါတ် (၁၃)ဖြစ်တဲ့ တိုက်စစ်မှူး ကာရာ ပထမပိုင်းပြီးကာနီးမှာ ဆော်ဒီနောက် တန်းနှစ် ယောက်ကို တစ်ကိုယ်တော် ထိုးဖော်ဖြတ်ကျော်ပြီး ထောင့်ကျဉ်းထဲကို အနီးကပ် ကန်သွင်း ခဲ့ပေမယ့် ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်လို့ အပိုင်ဂိုး နစ်နာခဲ့ပါတယ်။
အီရတ်အသင်းဟာ ပြည်တွင်းမှာ မငြိမ်မသက်မှုတွေကြောင့် အာရှဘောလုံးပြိုင် ပွဲဝင်ဖို့ အတွက် နည်းပြ ဂျိရာဗန်ဗီအီရာဟာ ပြည်ပနိုင်ငံတစ်ခုမှာ သွားရောက်ပြီး လေ့ကျင့် ပြင်ဆင် ခဲ့ရပါတယ်။
အနိုင်ဂိုးသွင်းပေးတဲ့ အီရတ်အသင်းခေါင်းဆောင် ယူနက်စ် မာဟွတ်ဟာ ဗိုလ်လုပွဲရဲ့ အ ကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်း ခံရပါတယ်။
အသင်းခေါင်းဆောင်ဖြစ်တဲ့ ယူနက်စ်က “စစ်ကြောင့် ကျနော်တို့အတွက် ကြေကွဲဖို့ ကောင်းတာက အသင်းအနေနဲ့ ချန်ပီယံဆုဖလားကြီးကို ပြည်တွင်းကိုသယ်ပြီး အောင်ပွဲမခံ နိုင်ပါဘူး” လို့ ပြောပါတယ်။
“ကျနော်တို့ ဒီလိုလုပ်နိုင်လိမ့်မယ်လို့ ကျနော် ဆန္ဒပြုပါတယ်။ ဒါပေမယ့် ဘယ်သူတွေက ခင်များတို့ကို လာသတ်မလဲဆိုတာကို ခင်များတို့ မသိနိုင်ပါဘူး”
လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ အနည်းဆုံး လက်ရွေးစင်ကစားသမား (၃)ဦးရဲ့ ဆွေမျိုးသား ချင်း တွေဟာ ပြည်တွင်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံး ခဲ့ပါတယ်။ ဒါအပြင့် ဆီမီး ဖိုင်နယ်မှာ တောင်ကိုရီးယားကို နိုင်တုန်းကလည်း အသေခံ ဗုံခွဲမှုတွေကြောင့် လူ(၅၀) လောက် သေခဲ့ပါတယ်။
တဆက်တည်းမှာပဲ လာမယ့် ၂၀၁၁ အာရှဘောလုံးပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့် ပြုဖို့ အာရှဘောလုံးအဖွဲ့ချုပ်က ယမန်နေ့က ကာတာကို ရွေးချယ်ခဲ့ပါတယ်။ |

အီရတ်အသင်းခေါင်းဆောင် ယူနက်စ်က ဆော်ဒီဖက်ကို အနိုင်ဂိုး ခေါင်းတိုက်သွင်းယူစဉ်

အာရှချန်ပီယံဆုဖလားနဲ့ အီရတ်အသင်းသားတွေ အောင်ပွဲခံနေစဉ်

အာရှဖလားချန်ပီယံဆုကြီးကို အီရတ်ကစားသမားက နမ်းရှုပ်နေစဉ်
|