အီရတ်အသင်းဟာ တောင်ကိုရီးယားကိုနိုင်ပြီး ပထမဆုံးအကြိမ် အာရှဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲကို တက်ရောက်နိုင်လို့ နိုင်ငံတွင်းမှာ အောင်ပွဲခံနေတဲ့ ပရိတ်သတ်အနည်းဆုံး (၅၀)လောက် ဟာ ဗုံးခွဲတိုက်ခိုက်ခဲ့ရတဲ့ အတွက် သေဆုံးခဲ့ပါတယ်။
ဆီမီးဖိုင်နယ်ပွဲမှာ အီရတ်ဟာ တောင်ကိုရီးယားနဲ့ ပွဲချိန်အပြည့်အထိ ဂိုးမရှိသရေကျလို့ ပင် နယ်တီ အဆုံးအဖြတ် ခံယူရာမှာ (၄ - ၃)နဲ့ နိုင်ခဲ့ပါတယ်။
အီရတ်ဟာ ၁၉၇၆မှာ ဆီမီးဖိုင်နယ်ကို တစ်ကြိမ်ရောက်ခဲ့ဖူးပေမယ့် နောက်ဆုံး ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ (၃)ကြိမ်မှာ ကွာတားဖိုင်နယ်အဆင့်သာ ရောက်ခဲ့ပါတယ်။ အခုအခါ လာမယ့် တနင်္ဂနွေနေ့ ဗိုလ်လုပွဲမှာ ဆော်ဒီနဲ့ ကစားဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာကို သွား ရောက်နေပြီ ဖြစ်ပါတယ်။
“လူတိုင်းဟာ ပျော်ရွှင်ဖို့အတွက် အကြောင်းပြချက်ရှိလို့ ပျော်နေကြပါတယ်။ ဒီအောင်မြင်မှုဟာ ကျနော်တို့နဲ့ ထိုက်တန်ပါတယ်” လို့ အီရတ်အသင်းကို နည်းပြတာဝန်ယူတာ (၂)လတောင် မပြည့်သေးတဲ့ ဂျိုရာဗန် ဗီအီရာက ပြောပါတယ်။
ဗီအီရာက “ကျနော် ကောင်းလေးတွေ အရမ်းကြိုးစားပါတယ်။ ဒီအောင်ပွဲဟာ အီရတ်ပြည် သူတွေအတွက် ထိုက်တန်ပါတယ်” လို့ ခံစားမှုအပြည်နဲ့ ပြောပါတယ်။
ယင်းပွဲမှာ အီရတ်ဂိုးသမား နိုအာ ဆာဘရီဟာ အဓိကကျတဲ့ တောင်ကိုရီုးယားရဲ့ သွင်းဂိုး တွေကို ကာကွယ်နိုင်ခဲ့လို့ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။
အီရတ်ပြည်သူထောင်ပေါင်းများစွာဟာ အောင်ပွဲအတွက် လမ်းတွေပေါ်ထွက်ပြီး နိုင်ငံအလံကို ဝှေရမ်း၊ သီချင်းတွေဆို အော်ဟစ်ပြီး အောင်ပွဲခံခဲ့ကြသလို တချို့ကလည်း သေနတ်ပစ် ဖောက်ပြီး အောင်ပွဲခံ ခဲ့ပါတယ်။
ဘက်ဂ်ဒက်မြို့ရဲ့ အနောက်ဖက် မန်ဆိုရပ်ကွက်က အောင်ပွဲခံနေတဲ့ လူအုပ်ထဲကို ကားဗုံး ခွဲတိုက်ခဲ့လို့ အနည်းဆုံး ယောင်္ကျား (၉)ဦး သေးဆုံးပြီး လူ (၆၂)ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ် ရာရတဲ့အထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။
နောက်ထပ်တိုက်ခိုက်မှုဖြစ်တဲ့ ဘက်ဂ်ဒက်မြို့လယ်ခေါင် ကားဗုံးခွဲတိုက်ခိုက်မှုမှာ လူအနည်း ဆုံး (၁၇)ဦး သေဆုံးပြီး လူပေါင်း (၆၀)လောက် ဒဏ်ရာရခဲ့ပါတယ်။
ဗုံးခွဲတိုက်ခိုက်မှု နှစ်ခုစလုံးဟာ ဘောလုံးပွဲ ပရိတ်သတ်တွေကို ပစ်မှတ်ထားတာဖြစ်ပြီး လူစုစု ပေါင်း အနည်းဆုံး (၅၀)လောက် သေဆုံးခဲ့ပြီး (၁၃၀)လောက် ဒဏ်ရာရခဲ့တယ်လို့ အီရတ်ရဲ တွေက အတည်ပြုပါတယ်။
တိုက်ခိုက်မှုတွေနဲ့ ပက်သက်လို့ အီရတ်ဂိုးသမား ဆာဘရီက သူကိုယ်တိုင် ခံစားနေရတာနဲ့ သူ့ ကစားဖော်ရဲ့ မိသားစုဝင်သေဆုံးခဲ့တဲ့အတွက် ပူးဆွေးထိခိုက်နေရတာကို ပုံဖော် ပြောဆိုခဲ့ပါ တယ်။
“ကျနော်တို့ ဘန်ကောက်ကို မရောက်ခင် (၄)ရက်လောက်အလိုမှာ ကျနော့်မိန်းမရဲ့ အကိုနဲ့ ကျနော့်အသင်းဖော် ဟာဝါ မိုဟာမက်ရဲ့ မိထွေးတို့ သေဆုံးခဲ့ပါတယ်” လို့ ပြောပါတယ် ဂိုးသ မားက ပြောပါတယ်။
၎င်းက ဆက်လက်ပြီး “အီရတ်ပြည်တွင်းမှာ ကျနော်တို့ ရုန်းကန်နေရတယ်ဆိုတာကို သိပါ တယ်။ ထို့အတူပဲ ကျနော် တို့လည်း ကွင်းထဲမှာ ရုန်းကန်နေရပါတယ်။ ဒါဟာ ကျနော်တို့ ပြည်သူတွေအတွက် အရမ်း ဂုဏ် ယူစရာကောင်းတဲ့ ကျနော်တို့ပေးနိုင်တဲ့ အရာပဲ ဖြစ်ပါ တယ်” လို့ ပြောပါတယ်။
နောက်ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဆော်ဒီအသင်းက လက်ရှိချန်ပီယံ ဂျပန်အသင်းကို (၃)ဂိုး (၂)ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ |

တိုက်ခိုက်မှု မဖြစ်ခင် အီရတ်ဘောလုံးဝါသနာအိုးတွေ အောင်ပွဲခံနေစဉ်
|