DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
အာရှအားကစား
အရှုံးအတွက် တောင်းပန်တဲ့ တရုတ်နည်းပြကို မီဒီယာတွေက နူတ်ထွက်ဖို့ တောင်းဆိုတာကို ငြင်းဆန်
အေအက်ဖ်ပီ - ဇူလိုင် ၂၀၊ ၂၀၀၇

အာရှဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့အပေါ်မှာ တရုတ်နည်းပြ ဇူဂန်ဂူးက တောင်းပန်ခဲ့ပေမယ့် နည်းပြအဖြစ် နူတ်ထွက်ဖို့ မီဒီယာတွေရဲ့ တောင်းဆိုချက်ကိုတော့ ငြင်း ဆန်ခဲ့ပါတယ်။

နှစ်ပေါင်း (၂၇)နှစ်အတွင်း ဒေသတွင်းပြိုင်ပွဲမှာ အဆိုးဝါးဆုံးရလဒ်အတွက် နည်းပြ ဇူက တာဝန် အပြည့်ယူခဲ့ပြီး သူ့ရဲ့ ကံကြမ္မာဟာ တရုတ်ဘောလုံးအဖွဲ့ချုပ်ရဲ့ လက်ထဲမှာရှိကြောင်း ပြောပါ တယ်။

“ကျနော် ဘောလုံးလောကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။ ဘာရလဒ်တွေ ထွက်လာမလဲဆို တာကို အိမ်ပြန်ရောက်တဲ့အခါမှာ ကျနော်တို့ သိရမှာပါ။ ကျနော်တို့ ကစားသမားတွေ ရင့် ကျက်ဖို့လိုပြီး နည်းပြအဖွဲ့ဝင်တွေအနေနဲ့လည်း ဒီအရှုံးကနေ သင်ခန်းစာ ယူရမှာပါ” လို့ နည်း ပြ ဇူက ပြောဆိုခဲ့ပါတယ်။

တရုတ်မီဒီယာတွေကတော့ ဇူကို နည်းပြအဖြစ်ကနေ ထုတ်ပယ်ပစ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဘေဂျင်းတိုင်းမ်အယ်ဒီအာဘော်နဲ့ ကျော်ကြာတဲ့ ဘေဂျင်းလူငယ်နေ့စဉ်စာစောင်တို့က တရုတ် ဘောလုံးအဖွဲ့ချုပ်ရဲ့ လက်ရှိ သွားနေတဲ့စနစ်အပေါ်မှာ ပြန်စဉ်းစားဖို့နဲ့ နိုင်ငံခြားသား နည်းပြ ငှားရမ်းဖို့ တောင်းဆိုခဲ့ပါတယ်။

ဇူရဲ့ တရုတ်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဥဇဘက်ကစ္စတန်ကို (၃)ဂိုး ဂိုးမရှိနဲ့ ရှုံးပြီး အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။ ယခုအုပ်စုကနေ လှည့်ပြန်ရခြင်းဟာ ၁၉၈၀နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။


တရုတ်အသင်းကို ပွဲစဉ်အတွင်း ကွပ်ကဲနေတဲ့ နည်းပြ ဇူ