DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
အာရှအားကစား
အာရှဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ သုံးသပ်ချက်
ဒီဗွီဘီ - ဇူလိုင် ၂၀၊ ၂၀၀၇

အာရှဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ သုံးသပ်ချက်ကို ပြည်တွင်းမှာ ထုတ်ဝေတဲ့ အားကစားစာစောင်တွေဖြစ်တဲ့ အိုလံပစ်နဲ့ (၉၀)မိနစ်ဂျာနယ်တို့ရဲ့ တာဝန်ခံ အယ်ဒီတာ ကိုစိုးမိုးနဲ့ Daily Sports Journal တာဝန်ခံအယ်ဒီတာ ကိုဆက်မျိုးတို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဂျပန် - သြစတြေးလျ

ကိုစိုးမိုး။ ။ တဦးချင်းအနေနဲ့ ကြည့်ရင်တော့ သြစတြေးလျက ကြိုက်ချင်စရာပေါ့။ ဒါပေမယ့် အသင်းလိုက် (Team Work) နဲ့ ဆိုရင်တော့ ဂျပန်ကို ပိုကြိုက်တယ်။ ဒါကြောင့် ဂျပန်ပဲ နိုင်သွားမယ်လို့ ထင်ပါတယ်။

အသင်းလိုက်နဲ့ဆို ဂျပန်က သာတယ်။ ကစားပုံလည်းသာတယ်။ နောက် ကစားရမယ့် နေရာကလည်း ဂျပန်နဲ့ နီးစပ်ပြီးတော့ သြစတြေးလျအသင်းသားတွေနဲ့က သိပ်အ သားမကျဘူး။ အဲဒီအခက်တွေ အားလုံးပေါင်းလိုက်ရင် ဂျပန်ပဲ နိုင်သွားမယ်လို့ ထင်ပါ တယ်။ ဘာပဲပြောပြော ဒီပွဲက အကြိတ်အနယ်တော့ ရှိမှာပါ။

ကိုဆက်မျိုး။ ။ အော်စီနဲ့ ဂျပန်တို့ နောက်ဆုံးတွေ့တာကတော့ ကမ္ဘာ့ဖလား ပေါ့ဗျာ။ ကမ္ဘာ့ဖလားမှာ အော်စီက နိုင်ထားပါတယ်။ လက်ရှိအခြေအနေမှာတော့ ကျနော့်အမြင်တော့ ဂျပန်ကို ပိုကြိုက်တယ်။ ပိုကြိုက်တယ်ဆိုတာ အသင်းလိုက်အားရော၊ နည်းဗျုဟာရောပေါ့။

သြစတြေးလျက (Favourite) ဖြစ်ပေမယ့် နာမည်ကြီး ကစားသမားတွေ ပါတာကလွဲလို့ သူ့ရဲ့ နည်းဗျုဟာပိုင်းမှာ ကျန်တဲ့အသင်းတွေထက် ချွန်ထွက်နေတာ မတွေ့ရဘူး။ ဂျပန်ကျတော့ တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာတာ တွေ့ရတယ်။ အခုက လက်ရှိချန်ပီယံ (Favourite) အသင်းတို့ တွေ့တာဆိုတော့ ကျနော်ကတော့ ဂျပန်ကို ပိုနှစ်သက်ပါတယ်။

အီရတ် - ဗီယက်နမ်

ကိုစိုးမိုး။ ။ လက်ရှိခြေအရ ကြည့်ရင်တော့ ကျနော်က အီရတ်ကို ကြိုက်တယ်ဗျာ။ တစ်ခုပဲ ကြောက်ရမှာက ဗီယက်နမ်အသင်းရဲ့ မာမာထန်ထန် ကစားတာနဲ့ ပရိတ်သတ်ရဲ့ အားပေးမှုကို ကြံ့ကြံ့ခံပြီ တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်မှာသာ အီရတ်အနေနဲ့ အဆင် ပြေမှာပါ။

ဒီပွဲကို ခြုံငုံကြည့်လိုက်ရင်တော့ ကျနော် ထင်ပါတယ်၊ အီရတ်သာပါတယ်။

ကိုဆက်မျိုး။ ။ ဗီယက်နမ်အသင်း ကွာတားတက်တယ်ဆိုတာက အိမ်ရှင်အသင်း အားပေးမှုက (၆၀)ရာခိုင်နူန်း ပါပါတယ်။ သူ့ ကစားအားက (၄၀)ရာခိုင်နူန်းလို့ မြင်ပါတယ်။ ကွာတားပွဲက ဘန်ကောက်မှာဆော့ရမှာဆိုတော့ အိမ်ရှင်အားသာချက်က မရှိတော့ ဘူးလေ။ နောက်ပြီးတော့ ကစားပုံအရလည်း အီရတ်အများကြီးသာပြီး အာရှမှာ ထိပ်သီး အဆင့်လောက် ရှိပါတယ်။ ဗီယက်နမ်အသင်းက ဒီအဆင့်ကို တက်လာတာဟာ အိမ်ရှင်အားသာချက်ကို အပြည့်ယူတယ်။ ကစားသမားတွေ၊ နည်းပြတွေရဲ့ ကြိုးစားမှုနဲ့ တက်လာတယ်လို့ မြင်ပါတယ်။ အီရတ်က အုပ်စုပွဲတွေကို ဘန်ကောက်မှာဆော့ ထားဆိုတာ ကွင်းတွေဘာတွေ ရင်းနှီးမှု အများကြီး ရှိပါတယ်။

ဒီပွဲက အီရတ်က အနည်းဆုံး (၂)ဂိုးလောက်တော့ သွင်းမယ်လို့ ကျနော်ထင်ပါတယ်။ တကယ်လို့ မသွင်းနိုင်တောင် ကပ်ပြီးတော့ နိုင်မယ်လို့ ကျနော် မြင်ပါတယ်။ ဗီယက် နမ်အသင်းကို မမျှော်လင့်ရဲတာက လူကောင်းသေးတော့ ယှဉ်ကစားရင် ဒုတိယပိုင်း ကျရင် ညစ်ဆော့ရတာဆိုတော့ ခြေကျတာတို့ ကစားအားအရမ်းကျတာတို့က သိသာပါတယ်။

အီရတ်က ကစားအား၊ အသင်းလိုက်အားနဲ့ ညစ်အားတို့မှာ ဗီယက်နမ်ထက် အများကြီး သာပါတယ်။

အီရန် - ကိုရီးယား

ကိုစိုးမိုး။ ။ လက်ရှိကစားအားနဲ့ အသင်းလိုက် အတွေ့အကြုံကို ယှဉ်လိုက်ရင်တော့ ကျနော်က အီရန်ကို ပိုကြိုက်တယ်။ ကိုရီးယားကျတော့ ပြီးခဲ့တဲ့ အင်ဒိုနီးရှားနဲ့ပွဲမှာ အင်ဒိုနောက်တန်းကို မနည်းဖောက်ပြီးတော့ ဂိုးသွင်းနေရတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီအချက်ကိုသာ မပြင်နိုင်ဘူးဆိုရင် အီရန်ကို ကိုရီးယားက မနိုင်လောက်ဘူး ထင်တယ်။

အသင်းကြီး အချင်းချင်းဖြစ်တော့ တကယ့်ပွဲလည်းဖြစ်တော့ သေချာကန်ခံမှာ သေချာကြိုး စားမှာတော့ သေချာပါတယ်။ တစ်ပွဲလုံး ခြုံကြည့်ရင်တော့ ကျနော် အီရန်ကို ကြိုက်တယ်။

အီရန်မှာက အတွေ့အကြုံရင်တဲ့ ကစားသမားက (၈၀)ရာခိုင်နူန်းလောက် ပါပါတယ်။ အနည်းဆုံး နိုင်ငံတကာပြိုင်ပွဲ ပွဲ (၃၀)ကနေ ပွဲ (၁၀၀)ကျော်လောက်အထိ ကစားထားတဲ့ ကစားသမားတွေပါနေပါတယ်။ ကိုရီးယားမှာက (၄)၊ (၅)ယောက်လောက်က အသစ်တွေ ပါနေပါတယ်။ နည်းပြနဲ့ ကစားသမားတွေကြားမှာ နည်းပြချတဲ့ နည်းဗျုဟာနဲ့ ကစားသ မားတွေကြားမှာ ဟန်ချက်မဖြစ်သလို ဖြစ်နေပါတယ်။ ဖောက်တော့ ဖောက် ပါတယ်၊ အဆုံးသတ်မှာ မပိုင်သလို ဖြစ်နေပါတယ်။ ဒါကြောင့် ကျနော်အနေနဲ့ လက်ရှိခြေနဲ့ အတွေ့အကြုံအရဆိုရင် အီရန်ကို ကြိုက်ပါတယ်။

ကိုဆက်မျိုး။ ။ နှစ်သင်းစလုံး ထိပ်သီးဆိုပေမယ့် အီရန်က အများကြီး သာပါတယ်။ အီရန်မှာက အတွေ့အကြုံရင့်တဲ့ ကစားသမားတွေဖြစ်တဲ့ အလီကာရမီ၊ ဟာရီမိန်းတို့တွေ အများကြီး ပါပါတယ်။ ကိုရီးယားက အတွေ့အကြုံရှိတာဆိုလို့ ဂိုးသမား တစ်ယောက်ပဲ ရှိပါတယ်။ သူက ကမ္ဘာ့ဖလား ကစားဖူးပါတယ်။ လီချွန်ဆူးဆိုတာ ရှိပါတယ်။ ကျန်တဲ့ လူတွေကတော့ အသစ်တွေ များတယ်။ အုပ်စုတွင်းကို သုံးသပ်မယ်ဆိုရင် အီရန်က ခြေအသာနဲ့ပဲ တက်လာတာပါ။ ကိုရီးယားကျတော့ အုပ်စုက တက်ဖို့ တော်တော်ရုန်းကန်ခဲ့ရပါတယ်။

တကယ်တမ်း ကစားပုံကိုကြည့်မယ်ဆိုရင် အီရန်က ထိပ်သီးအသင်းမှာရှိရမယ့် ကစား ကွက် ရှိပါတယ်။ နည်းပြပိုင်းဆိုရင်လည်း ကိုရီးယားနည်းပြကို သိပ်စိတ်တိုင်း မကျဘူး ပေါ့နော်။ လူထုတ်တာ၊ အသင်းကစားကွက်ချတာ သိပ်အားမရပါဘူး။ ဒီပွဲမှာ ကျနော်က တော့ အီရန်ကိုပဲ အနိုင်ရမယ်လို့ အားပေးခြင်ပါတယ်။


အာရှဘောလုံးပြိုင်ပွဲ အမှတ်တံဆိပ်

ဆော်ဒီ - ဥဇဘက်ကစ္စတန်

ကိုစိုးမိုး။ ။ ဆော်ဒီကို ကျနော် ကြိုက်တယ်။ ပြီးခဲ့တဲ့ ဘာရိန်းကို (၄)ဂိုးနဲ့ နိုင်တဲ့ အုပ်စုနောက်ဆုံးပွဲမှာ ကြည့်လိုက်ရပါတယ်။ ဆော်ဒီက သူ့အနေနဲ့ တစ်ဂိုးလောက် နိုင်ရင်တော့ အုပ်စုဗိုလ်ဖြစ်ပေမယ့် စိတ်ဓါတ်ကောင်းကောင်းနဲ့ တကယ်ကို ကြိုးကြိုးစား စားနဲ့ တောင်ပံတွေရော၊ အလယ်လူအူကြောင်းရောနောက် အမြင့်ဘောတွေရော ပုံစံအမျိုးမျိုး ကစားတတ်တယ်။ နောက် သူတို့ အတိုလေးတွေရော ၀မ်းတူးရိုက်ပြီး ဖြတ်ပြီး ကစားတတ်တယ်ဆိုတော့ တကယ့် တစ်ဦးချင်းကစားတဲ့သူရော အရန်အင်အားအရ ကြည့်မယ်ဆိုရင် ဆော်ဒီက နဲနဲလေးသာတယ်။

အဲဒီနှစ်သင်းမှာ ကျနော် ဆော်ဒီကို နဲနဲလေး ပိုကြိုက်ပါတယ်။ ဆော်ဒီမှာက ကစားနိုင်တဲ့ ကစားတတ်တဲ့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ တော်တော်များများပါတယ်။ ကျနော် ထင်တယ်။ ဥဇဘက်မှာတော့ (၄)ယောက်လောက်ပဲ။ (၄)ယောက်လောက်ကို ဆော်ဒီက ကောင်းကောင်းထိန်းချုပ်နိုင်ရင် ဒီပွဲမှာ ဆော်ဒီ စားသွားနိုင်ပါတယ်။

တကယ်ပြန်ကြည့်မယ်ဆိုရင်လည်း ဥဇဘက်အနေနဲ့ စိတ်ဓါတ်က တော်တော်တက် နေတော့ ဆော်ဒီအနေနဲ့ တော်တော် ကန်ရမှာပါ။

ကိုဆက်မျိုး။ ။ ကျနော်ကြည့်မိသလောက် အာရှပွဲမှာ ချန်ပီယံဆုမှန်းနိုင်တဲ့ ခြေစွမ်းပြနိုင်တဲ့အသင်းထဲမှာ ဆော်ဒီ ပါပါတယ်။ သူက အဓိကအချက်ကို ဘာကြောင့် ကြိုက်သလဲဆိုတော့ လူငယ်တွေကို အားပြုထားပါတယ်။ လူငယ်တွေအားပြုထားပေမယ့် သူ့ကစားသမားတွေက ပွဲအတွေ့အကြုံရင့်တယ်။ နောက်ပြီး အသင်းလိုက် စုစည်းမှုအားက အရမ်းကောင်းပါတယ်။ အုပ်စုပွဲတွေမှာ သူသွင်းတဲ့ပွဲတွေက ဂိုးပြတ်တွေချည်းပါပဲ။ ဆော်ဒီဟာ ဖလားမှန်းနိုင်တဲ့ ခြေပိုင်ဆိုင်ထားပါတယ်။

ဥဇဘက်ကစ္စတန်က မမျှော်လင့်ဘဲနဲ့ တက်လာတယ်ဆိုတော့ တစ်ချက်ရှိတာက သူက ကိုယ်ကာယပိုင်းမှာ တောင့်တင်းပါတယ်။ ကစားသမားတွေ အတွေ့အကြုံရှိပေမယ့် ကျနော် ဆော်ဒီကို ပိုကြိုက်ပါတယ်။

အာရှဖလားဘောလုံးပြိုင်ပွဲနဲ့ ပက်သက်တဲ့ ခြုံငုံသုံးသပ်ချက်

ကိုဆက်မျိုး။ ။ အုပ်စုပွဲစဉ်တွေ ပြီးသွားတဲ့ပွဲတွေမှာ ခြေစွမ်းမှာ သိသိသာသာကြီး ချွန်တဲ့အ သင်းဆိုလို့ ကျနော် သိပ်မတွေ့ရပါဘူး။ အုပ်စု (၄)ခုစလုံးကို ကြည့်မယ် ဆိုရင်လည်း (၃)ပွဲစလုံးအပြည့်နိုင်ပြီး တက်သွားတဲ့ အသင်းရယ်လို့ မရှိပါဘူး။ ဆိုလိုတာက အသင်းတွေက ခြေကသိပ်တော့ မကွားကျဘူးပေါ့။ တချို့ပွဲတွေမှာ ဂိုးပြတ်တာတော့ ရှိတာပေါ့။ အတွေ့အကြုံပိုင်းနဲ့ ကစားသမားတွေရဲ့ ပါးနပ်မှုအပိုင်းမှာ ကွာပါတယ်။

လာမယ့် ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ နိုင်မယ်ထင်တဲ့အသင်းက ရှုံးရင်ရှုံးသွားတတ်တွေ ဖြစ်ရင်ဖြစ်လာနိုင်ပါတယ်။ ကွာတားတက်မယ့် အသင်းထဲမှာ မထင်မှတ်ဘဲ ခြေစမ်းပြ မယ့်အသင်းဆိုရင် အီရတ်ကို ရွေးချင်ပါတယ်။ နောက်တစ်သင်းက ဥဇဘက်ပေါ့။ ကျန် တာက တော့ ဂျပန်နဲ့ အော်စီကတော့ သူ့လမ်းကြောင်းအရ ဗိုလ်လုပွဲတက်ဖို့ အခြေအနေ ကောင်းနေပါတယ်။