DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
အင်္ဂလန်နဲ့ ဂျာမဏီခြေစမ်းပွဲ ကစားမယ့်ရက်ကို အက်ဖ်အေက အတည်ပြု
ရိုက်တာ - ဇွန် ၁၊ ၂၀၀၇

သမိုင်းကြောင်းအရ မဟာပြိုင်ဖက်တွေဖြစ်တဲ့ အင်္ဂလန်နဲ့ ဂျာမဏီတို့ရဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲကို သြဂုတ် (၂၂)ရက်နေ့၊ ၀င်ဘလေကွင်းသစ်ကြီးမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း အက်ဖ်အေ က ယမန်နေ့က ၀က်ဆိုဒ်မှာ ဖော်ပြခဲ့ပါတယ်။

ဂျာမဏီအသင်းဟာ ၀င်ဘလေကွင်းဟောင်းမှာတုန်းက နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာ အသင်းဖြစ်ပြီး ယင်းပွဲ ပြုလုပ်တဲ့ အောက်တိုဘာ ၂၀၀၀မှာ အင်္ဂလန်ကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ယူခဲ့ပါတယ်။

ယူရို ၉၆ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံစဉ်တုန်းကလည်း ဂျာမဏီဟာ အင်္ဂလန်ကို ပင်နယ်တီ အဆုံး အဖြတ်နဲ့ ၀င်ဘလေကွင်းမှာ အနိုင်ရခဲ့ ဖူးပါတယ်။

ဝင်ဘလေကွင်းဟောင်းမှာ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပခဲ့ပြီး ယင်းဗိုလ်လုပွဲမှာ အင်္ဂလန်က အနောက်ဂျာမဏီအသင်းကို အချိန်ပိုမိနစ်မှာ (၄)ဂိုး (၂)ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

အင်္ဂလန်ဟာ ယနေ့မှာ ၀င်ဘလေကွင်းသစ်ကြီးရဲ့ ပထမဆုံး နိုင်ငံတကာပွဲစဉ်အဖြစ် ဘရာဇီးနဲ့ ကစားမှာ ဖြစ်ပါတယ်။ ဘရာဇီးအသင်းမှာ ရော်နယ်ဒင်ဟိုနဲ့ ကာကာတို့ ပါဝင်မှာ မဟုတ်ပါဘူး။


ဝင်ဘလေကွင်းသစ်ကြီးကို အဝေးကနေ မြင်ရစဉ်