ဆပ်ဘတ္တလာကို ယမန်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ ဖီဖာရဲ့ ကွန်ဂရက်ကနေ တတိယသက်တမ်းမြောက် ဥက္ကဌရာထူးကို ဆက်လက်ပေးအပ်ခဲ့ပါတယ်။
တခြားယှဉ်ပြိုင်ဖက် မရှိဘဲ ၁၉၉၈ ကတည်းက ယင်းရာထူးကို ရရှိခဲ့တဲ့ အသက် (၇၁)နှစ်ရှိ ဘတ္တလာဟာ ဥက္ကဌရာထူးကို ဆက်လက် တင်မြှေက်ခံရပြီး ၂၀၁၁ အထိ တာဝန်ထမ်း ဆောင်သွားရမှာ ဖြစ်ပါတယ်။
ဆပ်ဘတ္တလာက “အခုလို တာဝန်ပေးအပ်တာကို ကျနော် လက်ခံပါတယ်။ နောက်ပြီး ခင်များတို့ ကျနော့်ကို ယုံကြည်မှု ဆက်ပေးတဲ့ အပေါ်မှာလည်း ကျေးဇူးတင်ပါတယ်” လို့ ဖီဖာကွန်ဂ ရက်ကို တက်ရောက်လာတဲ့ နိုင်ငံပေါင်း (၂၀၈)နိုင်ငံက ကိုယ်စားလှယ်တွေကို ပြောပါတယ်။
နောက်ထပ် (၄)နှစ်သက်တမ်းအတွက် တာဝန်ပေးခံရတဲ့ ဖီဖာဥက္ကဌက “ကမ္ဘာ့ဘောလုံး လောကဟာ ဆိုးဝါးတဲ့အရာ (၄)ခုဖြစ်တဲ့ တားမြစ်ဆေး၊ အဂတိလိုက်စားမှု၊ လိမ်ညာလှည့်ဖြား အခွင့်အရေးယူမှုနဲ့ လူမျိုးရေး ခွဲခြားမှုတို့ကို ရင်ဆိုင်နေရပြီး ရပ်တန့်သွားနိုင်ဖို့ လိုကြောင်း ပြောပါတယ်”
ဘောလုံးနဲ့ ပက်သက်တဲ့ အဖြစ်အပျက်တွေမှာ သာမန်တရားရုံးတွေရဲ့ အဆုံးအဖြတ်ကို ခံယူ ရတာကို အဆုံးသတ်ပြီး ကိုယ်တိုင်ဆုံးဖြတ်နိုင်ဖို့ ဒီဇိုင်ရေးဆွဲထားတဲ့ အဆိုပြုလွှာကို ဖီဖာကွန်ဂရက်က လက်ခံခဲ့ပါတယ်။
“ကျနော်တို့ ကိစ္စတွေကို ကျနော်တို့ကိုယ်တိုင် ဖြေရှင်းဖို့အတွက် ကျနော်တို့မှာ လုံလောက် တောင့်တင်းပါတယ်” လို့ ဘတ္တလာက ထပ်ပြောပါတယ်။
ဆွစ်သားဟာ ၂၀၁၀မှာ တောင်အာဖရိကအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပ နိုင်လိမ့်မယ်လို့ အတည်ပြုခဲ့ပြီး ပွဲစဉ်တွေမှာ ဗွီဒီယိုနည်းပညာရဲ့ အကူအညီ ယူတာကို ဆန့် ကျင်ကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။
ဖီဖာရဲ့သမိုင်းမှာ ဘတ္တလာဟာ (၈)ကြိမ်မြောက် ဥက္ကဌဖြစ်ပြီး ၁၉၇၅မှာ နည်းစနစ်ပိုင်းဆိုင်ရာ ဒါရိုက်တာအဖြစ်နဲ့ ၀င်ရောက်ခဲ့ပြီးနောက်ပိုင်း ၁၉၈၁ကနေ ၁၉၉၈ အထိ အထွေထွေအတွင်း ရေးမှူး ဖြစ်ခဲ့ပါတယ်။
|

နောက်ထပ် (၄)နှစ်သက်တမ်းအတွက် အရွေးခံရတဲ့ ဘတ္တလာ
|