DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ဖာဒါရာနဲ့ နာဒယ်တို့ ဗိုလ်လုပွဲမှာ တွေ့ဆုံဖို့ ရေပန်းစားနေ
အေဂျင်စီသတင်းများ - ဇွန် ၂၂၊ ၂၀၀၇

ချန်ပီယံ (၄)ကြိမ်ဖြစ်ဖူးထားတဲ့ ရော်ဂျာ ဖာဒါရာဟာ လာမယ့် ၀င်ဘယ်ဒန် ချန်ပီယံရှစ်ပြိုင်ပွဲ အ တွက် ထပ်မံ အနိုင်ရဖို့ တစ်ပြေးနေပြီး ပြင်သစ်အိုးပင်းချန်ပီယံ ရာဖယ် နာဒယ်နဲ့ ဗိုလ်လုပွဲမှာ ယမန်နှစ်တုန်းကလို ပြန်လည်တွေ့ဆုံဖို့ ရေပန်းစား နေပါတယ်။

ဗြိတိသျှ ၀င်ဘယ်ဒန်ပြိုင်ပွဲမှာ (၂)ကြိမ်ဆက်တိုက် ဒုတိယရဖူးထားတဲ့ အမေရိကန်သား အင်ဒီရော့ဒစ်က ရှေ့အပတ်ထဲမှာ စတင်ယှဉ်ပြိုင်တော့မယ့် ပြိုင်ပွဲအတွက် တတိယ ရေပန်းအစားဆုံးနေရာမှာ ရှိပါတယ်။

အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှာတော့ ပြင်သစ်အိုးပင်းချန်ပီယံဆုကို (၃)နှစ်ဆက်တိုက် ရရှိထား တဲ့ ကမ္ဘာ့နံပါတ်တစ် ဘယ်ဂျီယမ်သူ ဂျက်စတင် ဟန်နင်က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

ယမန်နှစ် ၀င်ဘယ်ဒန်ချန်ပီယံ အမ်မလီ မာရီရက်စ်မိုကတော့ ၂၀၀၄ ချန်ပီယံ မာရီရာ ရှာရာဗို ရာနဲ့ ဆာဗီးယားသူ ဂျလီနာ ဂျန်ကိုဗစ်တို့ရဲ့နောက် စတုတ္ထနေရာမှာ ရှိနေပါတယ်။

သြစတြေးလျအိုးပင်း ချန်ပီယံနဲ့ ၂၀၀၃၊ ၂၀၀၄ တို့မှာ (၂)နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့တဲ့ ဆာရီနာ ၀ီလျံစ်ကတော့ အဆင့် (၇)မှာ ရှိနေပါတယ်။ သူ့ရဲ့ ညီမဖြစ်သူ ၂၀၀၅မှာ ပထမဆုံး ဂရင်းစလုံး ချန်ပီယံဖြစ်ခဲ့တဲ့ ဗီးနစ်စ်ကတော့ ဒဏ်ရာကြောင့် အဆင့် (၂၄)နေရာမှာ ရပ် တည်နေပါတယ်။

အမျိုးသားတစ်ဦးချင်းမှာတော့ ယခင်ကမ္ဘာ့အဆင့် (၄)ဖြစ်တဲ့ ရုရှသား ဒေဗီဒန်ကိုဟာ အဆင့် (၆)ကို လျော့ကျခဲ့ပြီး ဆာဘီးယားက နိုဗက် ဒီဂျိုကိုဗစ်နဲ့ ချီလီသား ဖာနန်ဒို ဂွန်ဇာလက်တို့က အဆင့် (၄)နဲ့ (၅)နေရာကို ရောက်ရှိလာပါတယ်။

ကမ္ဘာ့အဆင့် (၇)ဖြစ်တဲ့ စပိန်သား တွမ်မီ ရိုဘာတိုဟာ မြက်ခင်းပြင်ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်စဉ် ဆိုးဝါးတဲ့ ရလဒ်တွေကြောင့် အဆင့် (၁၁)အထိ လျောကျခဲ့ပါတယ်။ ဗြိတိသျှ တင်းနစ်စတား အင်ဒီ မာရေးဟာ ကမ္ဘာ့အဆင့် (၈)အဖြစ် သတ်မှတ်ခံရပေမယ့် ဒဏ်ရာကြောင့် ကြံ့ခိုင်မှု ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။

၂၀၀၂ ချန်ပီယံ သြစတြေးလျသား လီတန် ဟူးဝစ်က အဆင့် (၁၆)နေရာကို ခုန်တက်ခဲ့ပြီး ယခင်အဆင့်ထက် (၃)ဆင့် ပိုခဲ့ပါတယ်။

ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲကြီးကို လန်ဒန်မြို့မှာ လာမယ့် ဇွန် (၂၅) ကနေ ဇူလိုင် (၈)ရက် နေ့ အထိ (၁၄) ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ဆုကြေးငွေကတော့ အမျိုးသားနဲ့ အမျိုးသမီး တစ်ဦးချင်းမှာ အနိုင်ရဗိုလ်စွဲတဲသူက ပေါင် (၇၀၀,၀၀၀) သိန်း (ဒေါ်လာ ၁.၃၉၆,၅၃၅ သန်း) ရရှိမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲစဉ်တစ်ခုလုံးအတွက် သတ်မှတ်ထားတဲ့ ဆုကြေးငွေဟာ ပေါင် သန်း (၁၁,၂၈၂,၇၁၀) ဖြစ်ပြီး ယမန်နှစ် ပြိုင်ပွဲဆုကြေးငွေထက် (၉)ရာခိုင်နူန်း မြင့်တက်ခဲ့ပါတယ်။

ဝင်ဘယ်ဒန်ပြိုင်ပွဲဟာ ယမန်နှစ်ကစပြီး ဆုကြေးငွေကို အမျိုးသားနဲ့ အမျိုးသမီးတန်းတူ ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက အမျိုးသားချန်ပီယံဖြစ်တဲ့ ဖာဒါရာက ဆုကြေး ဒေါ်လာ (၁.၁၇၀)သန်းနဲ့ အမျိုးသမီးချန်ပီယံ အမ်မလီ မိုရီရက်စ်မိုတို့က ဒေါ်လာ (၁.၁၁၇)သန်း ရရှိ ပါတယ်။


ကမ္ဘာ့အဆင့် (၁) ဖာဒါရာရဲ့ ရိုက်ဟန်