DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ဖာဒါရာကို အနိုင်ယူပြီး ပြင်သစ်အိုးပင်း (၃)နှစ်ဆက်တိုက် ရာဖယ်နာဒယ် အနိုင်ရ ဗိုလ်စွဲ
အေဂျင်စီသတင်းများ - ဇွန် ၁၁၊ ၂၀၀၇

ရာဖယ်နာဒယ်ဟာ ယမန်နေ့ ပြင်သစ်အိုးပင်း ဗိုလ်လုပွဲမှာ ရော်ဂျာ ဖာဒါရာရဲ့ မျှော်လင့်ချက်တွေကို အဆုံးသတ်ပြီး (၃)ကြိမ်ဆက်တိုက် ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။

အသက် (၂၁)နှစ်ရှိ စပိန်သားဟာ ကမ္ဘာ့နံပါတ်ဝမ်း ဖာဒါရာကို ( ၆ - ၃)၊ ( ၄ - ၆)၊ ( ၆ - ၃)၊ ( ၆ - ၄)နဲ့ (၃)နာရီနဲ့ (၁၀)မိနစ်ကြာ ရိုက်ပြီးမှာ အနိုင်ရ ခဲ့ပါတယ်။

ဆီဒင် (၂)ဖြစ်တဲ့ နာဒယ်ဟာ ၁၉၈၀ တုန်းက ဘီဂျိုရင် ဘော့ခ်ျ တင်ထားတဲ့ ပြင်သစ်အိုးပင်း (၃) ကြိမ်ဆက်တိုက်ရတဲ့ စံချိန်ကို ချိုးနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်ပါတယ်။

ဆွစ်သား ဖာဒါရာဟာ ရော့လေဗာနဲ့ ဒွန် ဘတ်ဂီတို့ တင်ထားတဲ့ တစ်နှစ်အတွင်းမှာ အဓိက ကျတဲ့ ဂရင်းစလင်း (၄)ခုစလုံးကို တပြိုင်နက်တည်း အနိုင်ရတဲ့ တတိယမြောက် ကစားသမား ဖြစ်လာဖို့ မျှော်လင့်ခဲ့ပါတယ်။

နာဒယ်ဟာ ပြီးခဲ့တဲ့ (၂)နှစ်အတွင်း ပြင်သစ်အိုးပင်းပြိုင်ပွဲတွေမှာ ဖာဒါရာကို အနိုင်ရထားပြီး အဲဒီအထဲမှာ ယမန်နှစ် ဗိုလ်လုပွဲလည်း ပါဝင် ပါတယ်။

“ဖာဒါရာအတွက် ကျနော် ၀မ်းနည်းပါတယ်။ သူဟာ ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး ကြီးကျယ် တဲ့ ပြိုင်ပွဲကောင်းတစ်ယောက် ဖြစ်ပါတယ်” လို့ နာဒယ်က ပြောပါတယ်။

အသက် (၂၁)နှစ်ရှိ နာဒယ်က “ပထမပွဲက အရမ်းအရေးကြီးပါတယ်။ သူ အနားယူချိန်တွေ အများကြီး ယူခဲ့ပါတယ်။ ဒီမှာ အနိုင်ရဖို့က ကျနော့်ရဲ့ အိမ်မက်ပဲ ဖြစ်ပါတယ်။ ကျနော် အ ကောင်းဆုံး လက်စွမ်းတွေကို ရဖို့ ဆက်ပြီး ထိန်းသိမ်းသွားမှာပါ” လို့ ထပ်ပြောပါတယ်။

ဖာဒါရာက “ရာဖယ်ဆီကနေ တစ်ကြိမ်မကတဲ့ မယုံကြည်နိုင်လောက်တဲ့ တုန့်ပြန်ကြိုးစား တာ တွေ ရှိခဲ့ပါတယ်။ ကျနော့်အတွက် စိတ်ပျက်စရာကောင်းတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကျ နော် အကောင်းဆုံး ကစားသမားတစ်ယောက်အနေနဲ့ ကစားနိုင်ခဲ့ပါတယ်” လို့ ပြော ပါတယ်။

“ကျနော် အခွင့်အရေးတွေ အများကြီး ရပါတယ် ဒါပေမယ့် ကံမကောင်းစွာပဲ အဲဒီ အခွင့်အရေး တွေကို အပြည့်အ၀ မယူနိုင်ခဲ့ပါဘူး” လို့ ထပ်ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ဂျက်စတင် ဟန်နင်က ဆားဘီးယားသူ အန်နာ အီဗန်နိုဗစ်ကို အနိုင်ယူပြီး (၃)ကြိမ်မြောက် ချန်ပီယံ ဖြစ် သွားပါတယ်။

ဘယ်ဂျီယမ်သူ ဟန်နင်ဟာ အီဗန်နိုဗစ်ကို ( ၆ - ၁)၊ ( ၆ - ၂)နဲ့ (၂)ပွဲပြတ် အနိုင်ယူပြီး သူ့ရဲ့ ကစားသမားဘ၀ သက်တမ်းမှာ (၆)ကြိမ်မြောက် ဂရင်းစလင်းသရဖူကို အရယူခဲ့ပါတယ်။ ပွဲက စားချိန်ဟာ (၆၅)မိနစ်သာ ကြာမြင့်ပါတယ်။

“အခုလို (၃)ကြိမ်မြောက် အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်လောက်ဖူးလို့ ထင်စရာရှိပါတယ်။ ဒီလို ဖြစ်ဖို့အတွက် ကျမ ကြိုးစားရုန်းကန်ပြီး ယူခဲ့ရပါတယ်” လို့ ဟင်နန်က ပြောပါတယ်။

ဆီဒင်အဆင့် (၇)ဖြစ်တဲ့ အသက် (၁၉)နှစ်ရှိ အီဗန်နိုဗစ်က “ပွဲစကတည်းက ကျမ နဲနဲကြောက် နေပြီး ကျမ ရိုက်တဲ့ဘောတွေဟာ ရောက်ချင်တဲ့နေရာတွေကို ရောက်ကုန်ပါတယ်။ ဒါပေမယ့် သူဟာ အရမ်းအရမ်းကောင်းတဲ့ ကစားသမားဖြစ်ပြီး သူ့ကို အနိုင်ယူဖို့ မလွယ်ပါဘူး” လို့ ပြော ပါတယ်။

အသက် (၂၅)နှစ်ရှိ ဟန်နင်ဟာ ၁၉၉၂ မှာ မော်နီကာ ဆီလက်စ် (၃) ကြိမ်ရပြီး နောက်ပိုင်းမှာ ပထမဆုံး အမျိုးသမီး ဖြစ်ပါတယ်။


ဖာဒါရာကို အနိုင်ရတဲ့အပေါ်မှာ မာန်တက်နေတဲ့ နာဒယ်