DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ဖာဒါရာက ဒေဗီဒန်ကိုကို အနိုင်ယူပြီး ဗိုလ်လုပွဲမှာ ရာဖယ်နာဒယ်နဲ့ ဒုတိယအကြိမ် တွေ့ဆုံ
အေဂျင်စီသတင်းများ - ဇွန် ၉၊ ၂၀၀၇

ရော်ဂျာဖာဒါရာဟာ ယမန်နေ့ ဆီမီးဖိုင်နယ်မှာ ရုရှက နီကိုလေ ဒေဗီဒန်ကိုကို ( ၇ - ၅)၊ (၇ - ၆)၊ ( ၇ - ၆)နဲ့ လက်စွမ်းပြ အနိုင်ယူပြီး (၈)ကြိမ်မြောက် ဂလင်းစလင်းပြိုင်ပွဲ ဗိုလ်လုပွဲကို တက် ရောက်သွားပါတယ်။

ဆွစ်သား ဖာဒါရာဟာ ဂလင်းစလင်းသမိုင်းမှာ ဗိုလ်လုပွဲကို (၈)ကြိမ်မြောက် တက်ရောက်နိုင် တဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။ သြစတြေးလျသား ဂျက် ဂရောဖို့ဒ်က ၁၉၃၀ ပြည့်လွန်နှစ်တွေက (၇)ကြိမ်တိတိ ဗိုလ်လုပွဲ တက်နိုင်ခဲ့ ဖူးပါတယ်။

ပွဲအပြီးမှာ အသက် (၂၅)နှစ်ရှိ ဖာဒါရာက “ဒီပွဲမှာ ဘာမဆို ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိပါ တယ်။ ပွဲမပြီးမီအထိ အခက်ခဲဆုံးနဲ့ ယှဉ်ပြိုင်ခဲ့ ရပါတယ်။ ပထမဆက် (၃)ဆက်မှာ ရှုံးခဲ့ပေ မယ့် ကျနော် နိုင်ပါတယ်” လို့ ပြောပါတယ်။

“သူဟာ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဒီပွဲဟာ ဗိုလ်လုပွဲမတိုင်မီ အ ကောင်းဆုံး စမ်းသပ်ခြင်းပဲ ဖြစ်ပါတယ်”

ဆီဒင် (၄)ဖြစ်တဲ့ ဒေဗီဒန်ကိုဟာ သူ့ရဲ့ ပထမဆုံး ဆီမီးဖိုင်နယ်မှာ အကောင်းဆုံး ကြိုးစားက စားခဲ့ပေမယ့် ဖာဒါရာကို ယှဉ်ပြိုင်ဖို့ မလုံလောက်ခဲ့ပါဘူး။ သူဟာ ယခုအကြိမ်နဲ့ပါဆို ဖာဒါရာ ကို (၉)ကြိမ်မြောက် ရှုံးနိမ့်ခြင်း ဖြစ်ပါတယ်။

အသက် (၂၆)နှစ်ရှိ ဒေဗီဒန်ကိုက “ဒီပွဲဟာ စိတ်ဓါတ်ပိုင်းနဲ့ ရုပ်ပိုင်းမှာ အရမ်းလှပပြီး ခက်ခဲ့တဲ့ ပွဲဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ သူ အမြန်နူန်းတင် ကစားပြီး ကျနော်လည်း သူလို လိုက် ကစားခဲ့ပေမယ့် အစပိုင်းတွေမှာ အမှားအယွင်း များခဲ့ပါတယ်” လို့ ပြောပါတယ်။

“တချိန်လုံး ကျနော် ကြိုးစား ယှဉ်ပြိုင်ခဲ့ပေမယ့် ဒုတိယဆက်မှာ ကျနော် ခြေကုန်လက်ပန်း ကျနေပါပြီ။ ကျနော့်အနေနဲ့ ပွဲစဉ်တစ်ခုလုံးကို ဘယ်လို ထိန်းကစားရမယ်ဆိုတာကို သင်ယူဖို့ လိုပါသေးတယ်” လို့ ဒေဗီဒန်ကိုက ထပ်ပြောပါတယ်။

ဆီဒင် (၂)ဖြစ်တဲ့ လက်ရှိ ချန်ပီယံ ရာဖယ်နာဒယ်က ဆားဘီးယားသား နိုဗက် ဒီဂျိုကိုဗစ်ကို ( ၇ - ၅)၊ ( ၆ - ၄)၊ ( ၆ - ၂)နဲ့ အနိုင်ရတဲ့အတွက် ဗိုလ်လုပွဲမှာ ဖာဒါရာနဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှာ ဖြစ်ပါတယ်။

ယနေ့ဟာ ပြင်သစ်အိုးပင်းပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ဂျက်စတင် ဟန်နင်နဲ့ ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို တက်ရောက်လာတဲ့ ဆားဘီးယားသူ အန်နာ အီဗန်နိုဗစ်တို့ ကစားကြမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကျင်းပမယ့် အချိန်က ဗြိတိသျှစံတော်ချိန် (၁၄း၀၀) နာရီကနေ (၁၆း၃၀) အထိ ဖြစ်ပြီး မြန်မာစံတော်ချိန်က (၁၉း၃၀) ကနေ (၂၂း၀၀) အထိ ဖြစ်ပါတယ်။ ထိုင်းစံတော်ချိန်က (၂၀း၀၀) ကနေ (၂၂း၃၀ အထိ ဖြစ်ပါတယ်။

မနက်ဖြန်မှာ ယှဉ်ပြိုင်ဖို့ရှိတဲ့ အမျိုးသားဗိုလ်လုပွဲမှာတော့ ဆီဒင် (၁) ဖာဒါရာနဲ့ ဆီဒင် (၂) ရာဖယ်နာဒယ်တို့ ချန်ပီယံလုမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအချိန်က ဗြိတိသျှစံတော်ချိန် (၁၆း၀၀) - (၁၇း၃၀) အထိဖြစ်ပြီး မြန်မာစံတော်ချိန် (၂၁း၃၀) - (၂၃း၀၀) အထိ ဖြစ်ပါတယ်။ ထိုင်းစံ တော်ချိန်က (၂၂း၀၀) - (၂၃း၃၀) ဖြစ်ပါတယ်။
အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲမှာ ချန်ပီယံဖြစ်တဲ့သူဟာ ဆုကြေးငွေ ယူရို (၅,၃၃၅,၂၈၀) သန်း (ဒေါ်လာ ၇,၀၆၀,၁၇၆ သန်း) ဖြစ်ပြီး နှစ်ယောက်တွဲပြိုင်ပွဲမှာ ချန်ပီယံဖြစ်တဲ့သူက ယူရို (၁,၂၅၉,၄၀၀) သန်း (ဒေါ်လာ ၁,၆၆၆,၅၆၄ သန်း) ဖြစ်ပါတယ်။
အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့သူဟာ ဆုကြေးငွေအဖြစ် ယူရို (၅,၃၃၅,၂၈၀) သန်း ဖြစ်ပြီး အတွဲလိုက်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ရင် ယူရို (၁,၂၅၉,၄၀၀)သန်း (ဒေါ်လာ ၁,၆၆၆,၅၆၄ သန်း) ဖြစ်ပါတယ်။
ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကြီးကို မေလ (၂၇)ရက်နေ့က စတင်ခဲ့ပြီး ဇွန် (၁၀)ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။


ရော်ဂျာဖာဒါရာ အောင်ပွဲခံနေစဉ်