ပြင်သစ်အိုးပင်းပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ ရာဖယ် နာဒယ်ဟာ တစ်နိုင်ငံသား ကားလို့စ် မိုရာကို (၆ - ၄)၊ (၆ - ၃)၊ (၆ - ၀)နဲ့ (၃)ပွဲပြတ် အနိုင်ယူပြီး ဆီမီးအဆင့်ကို တက် ရောက်သွားပါတယ်။
ဆီဒင်အဆင့် (၂)ရှိ နာဒယ်ဟာ ဆီမီးဖိုင်နယ်မှာ ရုရှက အိုင် အန်ဒရိတ်ကို ( ၆ - ၃)၊ (၆ - ၃)၊ (၆ - ၃)နဲ့ အနိုင်ရထားတဲ့ ဆီဒင် (၆)ဖြစ်တဲ့ ဆားဘီးယားသား နိုဗက် ဒီဂျိုကိုဗစ်နဲ့ တွေ့မှာ ဖြစ်ပါတယ်။
နာဒယ်ဟာ သူ့ရဲ့ အကောင်းဆုံး မြေထောက်ရိုက်ချက်တွေနဲ့ မိုရာကို နလံမထူနိုင်အောင် တဖက်သက် ကစားနိုင်ခဲ့ပါတယ်။ တတိယပွဲစဉ်မှာ မိုရာဟာ (၁၄)မှတ်သာ ရပြီး (၆ - ၀)နဲ့ ရှုံးခဲ့ပါတယ်။
(၂)နှစ်ဆက်တိုက် ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ရရှိထားတဲ့ နာဒယ်ဟာ ပြိုင်ပွဲစဉ် တ လျှောက်လုံး (၁၉)ပွဲတိတိ နိုင်ထားပြီး (၁၉၇၈၊ ၁၉၈၁)က ဘီဂျိုရမ် ဘော့ခ်ျတင်ထားတဲ့ (၃)နှစ် ဆက်တိုက် ချန်ပီယံ စံချိန်ကိုမီဖို့ နီးစပ်နေလာပြီ ဖြစ်ပါတယ်။
ပွဲအပြီးမှာ အသက် (၂၁)နှစ်ရှိ နာဒယ်က “မနှစ်က ကစားတာထက် ကျနော်ပိုပြီး အကောင်း ဆုံး ကစားနိုင်ပါတယ်။ ပွဲစဉ်တွေများလာတာနဲ့အတူ ကျနော် လက်ရည်တွေ တိုးတက်လာပါ တယ်” လို့ ပြောပါတယ်။
ဆီမီးဖိုင်နယ်မှာ ဒီဂျိကိုဗစ်နဲ့ တွေ့ဆုံမယ့် အပေါ်မှာ “သူဟာ အံ့အားသင့်စရာ ရာသီတွေကို ဖြတ်ကျော်ခဲ့ ပြီးပါပြီ။ သူ ဒီအဆင့်ကို ရောက်လာတဲ့အတွက် ကျနော် မအံ့သြပါဘူး။ ကျနော့် ကလည်း ကျနော့်ရဲ့ လက်ရည်အမြင့်ဆုံး အနေအထားမှာ ရှိနေပါလိမ့်မယ်” လို့ နာဒယ်က ပြောပါတယ်။
ကမ္ဘာ့အဆင့် နံပါတစ်ဖြစ်တဲ့ ဖာဒါရာက အာဂျင်းတီးနားသား ဂူလာမို ကန်နက်စ်ကို ( ၇ - ၅)၊ ( ၆ - ၄)၊ ( ၆ - ၄) အနိုင်ရခဲ့တဲ့ ဆီဒင် (၄)ဖြစ်တဲ့ ဒေဗီဒန်ကိုနဲ့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
|

ပြိုင်ဖက် မိုရာရဲ့ ရိုက်ချက်ကို ဆယ်ယူဖို့ နာဒယ် ကြိုးစားနေစဉ်
|