DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
မြန်မာ့ဘောလုံးတိုးတက်ရေး ရံပုံငွေ ရှာဖွေရေးပွဲမှာ နာကာတာ ဘောလုံးစွမ်းရည်ပြသဖို့ရှိ
အေဂျင်စီသတင်းများ - ဇွန် ၇၊ ၂၀၀၇

ဂျပန်ဘောလုံးစတား ဟီဒီတိုရှီ နာကာတာဟာ ယနေ့ပြုလုပ်ဖို့ရှိတဲ့ ရန်ပုံငွေ ရှာဖွေရေး ဘောလုံးပွဲမှာ ပါဝင်ဆင်နွဲပြီး ဘောလုံးစွမ်းရည် ပြသမှာဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်)ရဲ့ ယမန်နေ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းက ရေးထားပါ တယ်။

သုဝဏကွင်းမှာ ပြုလုပ်မယ့် ဘရာဇီးနည်းပြသစ် အန်တိုနီယို ဖေလိုပါ ဦးဆောင်တဲ့ မြန်မာလူငယ်အသင်းနဲ့ လက်ရွေးစင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းနှစ်သင်းတို့ နှစ်ဖက်ခွဲပြီး ကစားမယ့် မြန်မာ့ဘောလုံးတိုးတက်ရေး ရံပုံငွေရှာဖွေရေးပွဲမှာ ဂျပန်လက်ရွေးစင်ဟောင်း နာကာတာဟာ ပါဝင်ပြီး ဘောလုံးစွမ်းရည် ပြသလိမ့်မယ်လို့ အမ်အက်ဖ်အက်ဖ်က ပြောပါတယ်။

အသက် (၃၀)နှစ်ရှိ နာကာတာဟာ ဘောလုံးကစားခြင်းကနေ အနားယူထားပေမယ့် မြန်မာ ဘောလုံးပရိတ်သတ်အနေနဲ့ မြန်မာပြည် ခရီးစဉ်အတွင်းမှာ သူ့ရဲ့ ယခင်ဘောလုံး အစွမ်းအစ တွေကို ရှားရှားပါးပါး အခွင့်အရေးတရပ်အနေနဲ့ မြင့်တွေ့ခွင့် ရလိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရပိုင် မြန်မာ့အလင်းသတင်းစာက ပွဲစဉ်ကျင်းပမယ့် အကြောင်းကို ယမန်နေ့ထုတ် သတင်းစာမှာ တရားဝင် ဖော်ပြခဲ့ပါတယ်။

ရံပုံငွေပွဲစဉ်မှာ လက်ရွေးစင်ဟောင်းတွေနဲ့ ဘရာဇီးနည်းပြသစ် ရွေးချယ်ထားတဲ့ ပမာဏ လက်ရွေးစင်တို့ ခြေစမ်းမယ်လို့ မြန်မာ့အလင်းသတင်းမှာ ရေးထားပေမယ့် လက်ရွေးဟောင်း အ သင်းမှာ ဘယ်သူတွေ ပါမယ်ဆိုတာရယ်၊ အသင်းဘယ်နှစ်သင်းခွဲပြီး အချိန် ဘယ်လောက် ကြာကြာ ခြေစမ်းမယ်ဆိုတာနဲ့ နာကာတာက ဘယ်လိုပါဝင်မယ် ဆိုတာကိုတော့ တိတိကျ ကျ ဖော်ပြထားခြင်း မရှိဘူးလို့ ရန်ကုန်မြို့အခြေစိုက် အားကစား အယ်ဒီတာတစ်ဦးက ပြော ပါတယ်။

ဘောလုံးပွဲ စတင်မယ့်အချိန်က ယနေ့ ညနေ (၄)နာရီ သုဝဏကွင်းမှာဖြစ်ပြီး ရိုးရိုးတန်းက ကျပ် (၅၀၀)နဲ့ အထူးတန်းက ကျပ် (၁၀၀၀)ဖြစ်ပြီး ကြိုတင်လက်မှတ်စနစ်နဲ့ ရောင်းချခြင်း မ ဟုတ်ဘူးလို့ သိရပါတယ်။

နာကာတာ ပြီးခဲ့တဲ့ စနေနေ့က သူ့ရဲ့ကိုယ်ပိုင်ခရီးစဉ်နဲ့ တစ်ပတ်ကြာ လာပတ်ဖို့ ရောက်ရှိခဲ့ပြီး ယင်းခရီးစဉ်အတွင်းမှာ မြန်မာပြည်ရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို လေ့လာသွားမှာ ဖြစ်ပါတယ်။

ကွင်းလယ်သမား နာကာတာဟာ အီတလီစီးရီးအေကလပ်တွေဖြစ်တဲ့ ပီရူဂျီယာ၊ ရိုးမား၊ ပါး မား၊ ဘိုလော့ဂ်နာ၊ ဖီအိုရင်တီးနား၊ ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ ဘော်လ်တန်တို့မှာ ကစားခဲ့ ပြီး ၂၀၀၆ မှာ ဘောလုံးကစားခြင်းကနေ အနားယူခဲ့ပါတယ်။

ဘောလုံးအားကစားဟာ မြန်မာပြည်လူကြိုက်များ ကျော်ကြားတဲ့ အားကစားတစ်ခုဖြစ်ပြီး ပရီး မီးယားလိဂ်၊ စီးရီးအေနဲ့ စပိန်လာလီဂါပွဲတွေဟာ မြန်မာပရိတ်သတ် အရူးအမူး စွဲလန်းအား ပေးနေတဲ့ ပွဲတွေ ဖြစ်ပါတယ်။

မြန်မာဘောလုံးပရိတ်သတ်တွေဟာ ယင်းကလပ်အသင်းတွေက ဘောလုံးအ ကျော်အမော် တွေရဲ့ ကျောနံပါတ်တဲ့ တီရှပ်အကျီတွေကိုလည်း ၀တ်ဆင်ရတာကို အလွန်နှစ်သက်ကြ ပါ တယ်။

နာကာတာဟာ ဂျပန်လက်ရွေးစင်အသင်းအတွက် ၁၉၉၇ ကနေ ၂၀၀၆ အထိ ကစားခဲ့တဲ့ (၇၇)ပွဲမှာ စုစုပေါင်း (၁၁)ဂိုး သွင်းနိုင်ခဲ့ပါတယ်။ သူဟာ ဂျပန်အသင်းနဲ့အတူ ၁၉၉၈၊ ၂၀၀၂နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားတို့မှာ ပါဝင်ခဲ့ပါတယ်။

ဘရာဇီးနည်းပြသစ်နဲ့အတူ မြန်မာဘောလုံးအဖွဲ့ချုပ်ဟာ မာဒေးကားနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက်နဲ့ လက်ရွေးစင်အသင်းကို ပြန်လည်ရွေးချယ်ဖွဲ့စည်းဖို့ မကြာသေမီး ရက်ပိုင်းတွေက လေးပွင့်ဆိုင် ခြေစမ်းပွဲတွေ ကစားခဲ့ပါတယ်။


မြန်မာပရိတ်သတ်တွေကို ဘောလုံးစွမ်းရည်ပြမယ့် နာကာတာ