လာမယ့်ရာသီမှာ တကယ်လို့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ချစ်ကြည်ရေးပွဲတွေမှာ ဘက်ဟမ်း အရွေးချယ်ခံရပါက လော့စ်အိန်ဂျလိကလပ် ဂလက်စီအနေနဲ့ ခွင့်ပြုရမှာဖြစ်ကြောင်း ဖီဖာက ပြောပါတယ်။
၂၀၀၆ ကမ္ဘာ့ဖလားပြီးကတည်းက ပထမဆုံးအကြိမ် လက်ရွေးစင်အသင်းမှာ ပြန်လည် အရွေးချယ် ခံရတဲ့ ဘက်ဟမ်းဟာ လာမယ့်နှစ်ရာသီမှာ မေဂျာလိဂ်ကလပ် ဂလက်စီအတွက် ကစား ပေးဖို့ ရှိနေပေမယ့် အင်္ဂလန်က ပြန်ခေါ်ရင် သွားရောက် ကစားပေးရမှာ ဖြစ်ပါတယ်။
အင်္ဂလန်ရဲ့ လာမယ့်နှစ် ချစ်ကြည်ရေးပွဲတော်တော်များဟာ ဂလက်စီအသင်း ကစားတဲ့ ပွဲစဉ် ရက်တွေနဲ့ တိုက်ဆိုင်နေတဲ့အတွက် နည်းပြ လာလပ်စ်က ဘက်ဟမ်းကို ခြေစစ်ပွဲတွေနဲ့ အဓိ ကျတဲ့ ပွဲတွေကိုသာ ခွင့်ပြုမယ်လို့ တောင်းဆိုထားပါတယ်။
ဂလက်စီကလပ်ဟာ ဘက်ဟမ်းကို ပေါင် (၁၂၅)သန်းတန်းဖိုးရှိတဲ့ (၅)နှစ်စာချုပ်နဲ့ ရီရဲကနေ ပြီးခဲ့တဲ့ ဇန်န၀ါရီ အပြောင်းအရွေ့မှာ လက်မှတ်ထိုး ခေါ်ယူထားပါတယ်။
ဖီဖာရဲ့ ဘောလုံးအုပ်ချုပ်မှုအဖွဲ့က “ဂလက်စီနည်းပြ လာလပ်စ်အနေနဲ့ ဘက်ဟမ်းကိုယ် တိုင် က အင်္ဂလန်က ကစားဖို့ ခေါ်တာကို လက်ခံရင် တားမြစ်ဖို့ အခွင့်အရေးမရှိကြောင်း သတိပေး ထား ပါတယ်”
ပြောခွင့်ရပုဂ္ဂိုလ်က “လူတိုင်းအတွက် ဒီဥပဒေတွေဟာ အတူတူပါပဲ။ ဘယ် နိုင်ငံလက်ရွေးစင် အသင်းပဲဖြစ်ဖြစ်၊ ဘယ်ကလပ်ပဲဖြစ်ဖြစ်၊ ဘယ် ကစားသမားပဲဖြစ်ဖြစ် ဥပေဒေတွေဟာ အားလုံးအတွက် အတူတူပါပဲ” လို့ ထပ်ပြောပါတယ်။
၎င်းက ဆက်လက်ပြီး “ကစားသမားကို ချစ်ကြည်ရေးပွဲပဲ ဖြစ်ဖြစ်၊ ပြိုင်ပွဲတွေ ဖြစ်ဖြစ် ကလပ်အနေနဲ့ ကစားဖို့ ခွင့်ပြုရပါမယ်” လို့ ပြောပါတယ်။
|